Posts

လမင်းတရာ

Image
ကိုမြတ်မှိုင်းနဲ့ ပန်တျာဌေးဌေးမြင့်တို့ ဦးဆောင်တဲ့ မန္တလေး လမင်းတရာအငြိမ့် ပုံတွေ့လာတယ်။ ကျေးဇူး။ လမင်းတရာက အငြိမ့်လောကမှာ ဂန္ထဝင်။ ကြည်အောင်ကဗျာကလည်း လမင်းတရာ။ ကဗျာလောကမှာ ဂန္ထဝင်။ တရာဟူသောသတ်ပုံသည်လည်း မြန်မာစာလောကမှာ ဂန္ထဝင်။  ကျွန်ုပ်သည်ကား ကျပျောက်သွားသော တရာတန် တကျပ်တန် ငွေစက္ကူဟောင်းလေးတွေကို လိုက်ရှာနေသူသာဖြစ်ပါသည်။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂၀၂၀ ၂၉-၄-၂၀၂၁ Sann Linn Oo ကျေးဇူး။

Public Library အများသုံးစာကြည့်တိုက်

Image
• ဆရာ စာအုပ်ငှားရင် ကဒ်နဲ ့ငှားရတာလားရှင့်။ မန်ဘာဝင်ထားတဲ့ လိုက်ဘရီကဒ်ရှင့်။ • မြန်မာပြည်မှာ စာကြည့်တိုက်အင်အားမရှိပါဘူး။ ဂျာနယ်တွေပဲ အားကိုးနေကြတယ်။ အဲတာ ဗဟုသုတ မျက်စိမှုန်နေတာပါဆရာ။ • ဆေးမန်းက စာကြည့်တိုက်အဟောင်းကြီး မှတ်မိသေးလားဆရာ။ • ကျောင်းတွေမှာ စာကြည့်တိုက်ထားပေးတဲ့စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။ • စာကြည့်တိုက်မှာပဲ စာကိုအေးအေးဆေးဆေးဖတ်ရတာလဲ သဘောကျဖို့ကောင်းပါသည်။ • စာကြည့်တိုက်တော့သဘောကျပါတယ်ဆရာ။ ဖတ်-မှတ်-သိရလို့ပါ။ • ဒီရွာမှာလဲရှိတယ်။ ဒါပေမယ့်စာကြည့်တိုက် မဟုတ်ဘူး။ စာပိတ်တိုက်။ သွားတိုင်း ပိတ်ထားတာပဲ တွေ့ရတယ်။ • မုံရွာက စာကြည့်တိုက်က နေရာပြောင်းသွားပြီဆရာ။ ရုံးကြီးလမ်းထဲမှာပါ။ နဂိုနေရာကတော့ e-library ဖြစ်နေပါပြီရှင့်။ • ဆရာငယ်ငယ်ကရောက်ခဲ့တဲ့ မုံရွာကစာကြည့်တိုက်လေးကို စာကြည့်တိုကို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ ကျွန်တော် အင်ဒီယာနာပုလစ်မြို့ကိုရောက်ကာစ နေရတဲ့အိမ်မှာ အင်တာနက်မတပ်ရသေးပါ။ ဒေလီမှာနေခဲ့စဉ်က ၂၄ နာရီ အင်တာနက်ရှိတဲ့လူဖြစ်လို့ မနေတတ်။ ကျန်းမာရေးမေးခွန်းတွေဖြေစရာ အကြွေးထူနေရင် မနေတတ်ပါ။ အဲတာနဲ့ အနီးဆုံးစာကြည့်တိုက်ကို အားကိုးရပါတယ်။ အိုင်ဒီတခုနဲ့ အိမ်...

Timor-Leste တီမောလက်စ်

Image
ကျွန်တော် ပြည်ပနိုင်ငံရေးတာဝန်နဲ့ တီမောလက်စ်ကို နှစ်ခေါက်ရောက်ပါတယ်။ ပဌမကြိမ်က တပတ်နဲ့ နောက်တကြိမ်က တလကြာတယ်။ တီမောသွားတိုင်း ဂျကာတာနဲ့ ဘာလီကျွန်းမှာ အသွားအပြန် တညအိပ်ရတယ်။ တီမောမှာ ဘရိတ်ဖတ်စ်ကတော့ ဟော်တယ်ကကျွေးတယ်။ တနေ့လာဒါ။ နေ့စာတနပ် ညစာတနပ် စားသောက်ဆိုင်မှာ စားရတယ်။ တမင်းကြော်ကို ၃-၄ ဒေါ်လာပေးရတယ်။ တနေ့လာဒါ။  ပုံထဲက ပင်လယ်ကမ်းခြေမှာ နေ့တိုင်းလမ်းလျှောက်တယ်။ အဖေါ်မပါ။ အဲဒီခေတ်မှာ ကင်မရာပါတဲ့ ဖုန်ုးလည်း မပေါ်သေးပါ။ နိုင်ငံရေးအရလည်း ကိုယ်လုပ်နေတာတွေ အကုန်တင်ပြလို့မရခဲ့တဲ့ခေတ် ဖြစ်ပါတယ်။ ပြည်ပနိုင်ငံရေး ၂၄ နှစ်မှာ ပင်လယ်ကမ်းခြေ လမ်းလျှောက်ရတာ အကောင်းဆုံးရက်တွေ ဖြစ်ခဲ့ပါတယ်။ ပြည်တွင်းမှာနေရစဉ်ကလို ကိုယ့်နောက်မှာ ထောက်လှမ်းရေးမပါ။ မိသားစုကတော့ နယူးဒေလီမှာကျန်ရစ်တယ်။ အရှေ့တီမောဟာ အင်ဒိုနီးရှာလက်အောက်ကနေ စစ်တိုက်ယူပြီးမှ လွတ်လပ်ရေးရပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂၀၂၀ ၂၉-၄-၂၀၂၁

မင်းတပ်

Image
မှုံနံ့သာမခြယ်လည်း ပါးမည်းလေးနဲ့တင့်တယ် ဝင့်ထယ်တဲ့သူ့ဟန်ပန်။ သူ့ဓလေ့သူ့ဘာသာ သူ့ရိုးရာသူ့ဘဝ သူ့အလှသူ့အားမာန်။ ဟေဝန်မြိုင်နန်းစံ နန်းဆန်တဲ့အလှဖုရား။ သူ့ခေတ်နဲ့သူ့အခါ သူသာလျင်ထိပ်ထား။ မင်းတပ်မြို့အကြောင်း ရေးတာတခုအောက်မှာ မရောက်ဘူးပါ။ ရောက်နိုင်တော့မယ်လည်း မထင်လို့ ရေးလိုက်တယ်။ ရောက်ရမှာပေါဆရာတဲ့ ကဗျာရေးသူကပြန်ပြောတယ်။ ၂၀၁၈ မြန်မာပြည်ကို ပဌမဦးဆုံးအကြိမ် အလည်ပြန်တော့ ညီတော်မောင်က ချင်းပြည်နယ် ရှမ်းပြည်နယ် စတဲ့နေရာတွေကို လိုက်ပို့ချင်တာ အချိန်ကမရလိုက်ပါ။ သူက ကျန်းမာရေးညွှန်ချုပ်ဆိုတော့ ဆေးရုံတိုင်းကိုလိုက်စစ်ရတယ်။ ပင်စင်ယူပြီးတော့လည်း လည်ပင်းကြီးရောဂါလူနာတွေကို ပိုက်ဆံမယူပဲ ခွဲစိတ်ကုသပေးတယ်။ ​ချင်းပြည်နဲ့ ရှမ်းပြည်မှာ လည်ပင်းကြီးက ပေါတယ်။  မြန်မာပြည်က နေရာဒေသအစုံကို ရာက်ချင်တယ်။ အလည်သွားရင်း ဆေးကုပေးချင်မိတယ်။ စိတ်လည်းမကုန် လက်လည်း မတုန်သေး ခွဲစိတ်ကုသပေးချင်တယ်။ ဒေါက်တာတင့်ဆွေ

လောကသာရပျို့

Image
၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်လေ့၊ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။   ။ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း။ လောကသာရပျို့ကို ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ တော်လှန်ရေးကောင်စီခေတ်က ထုတ်တဲ့ စာအုပ်က ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကထုတ်နဲ့ နည်းနည်းလေး ကွဲလွဲတယ်။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍။ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံ၌။ သင်အံကျက်လေ့။ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။   ။ ဆည်းပူးသိမြင် ကြွယ်စေမင်း။ မူကွဲ နှစ်ခုလုံးမှာ တစ်ချောင်းချောင်းလျှင် မဟုတ်ပါ။ တစ်နေ့တစ်ပါး မဟုတ်ပါ။ ကျောင်းသုံး မြန်မာကဗျာ လက်ရွေးစင်ထဲမှာ ကန်တော်မင်းကျောင်းဆရာတော်ကို ဆရာလုပ်ထားတယ်။ မလုပ်ကောင်းပါ။ ဒေါက်တာတင့်ဆွေ ၂၉-၄-၂၀၂၀...

သမီးတို့အိမ်ရှေ့က ပိတောက်ပန်း

Image
(၃ နှစ်တိတိက) တနှစ်မှာတလ၊ တလမှာတရက်ဆိုပြီး ပိတောက်ပွင့်တဲ့ကာလကို ပြောကြတယ်။ ခုံမင်နှစ်သက်ကြလွန်းလို့ ပိတောက်တွေ နေ့စဉ်ပွင့်ပါစေလို့ ဆုချွေကြတယ်။ ပိတောက်ပန်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ဂုဏ်တက်စရာ အမှန်ပါ။ ဘယ်လောက်မွှေးတယ်၊ ဘယ်လောက်လှတယ်လို့ သူများတွေက မခံစားတတ်ကြပါ။ အချင်းချင်းသာ အလွမ်းသယ်ကြရတယ်။ မြန်မာ့ဆယ်နှစ်ရာသီပန်းတွေ တမျိုးစီမွှေးကြတာကို ဘယ်ရေမွှေးကမှ လိုက်မမီပါ။  ပိတောက်ရွှေဝါ သေလာ တောင်တန်းရယ်က ပန်းပိတောက်တွေနဲ့ အမောပြေစရာ လွမ်းလောက်ပါပေတဲ့ တောဟေမာ။ ရီဝေဆိုင်းလို့သာ ဟိုတောင်တောကြီးရိပ်သာ (စိတြ မိဿ ရာသီဦး ထူးတဲ့ ဒေသာ စိတ်အေးချမ်းစရာ)၂ ပွင့်လန်းတင့်ဆန်း ပင်နန်းဗွေမှာ (တနှစ်တွင် သည်တလ တလတွင် တရက်တည်း ခက်ခဲပါတဲ့ ရက်မြတ် လတန်ခူးမှာ ထူတဲ့ချိန်ခါ သာယာရွှင်မြူး စိတ်ကြည်နူးတာ)၂ ပွင့်ဖူး ခိုင်ညှာတံ ကြိုင်လျှံဖြာ ဟိုပင်ထက်မှာ မြင့်ဝေဆာ တင့်ပေတာတင့်ပေတာ မြင့်ဝေဆာ ပိတောက် ခိုင်ရွှေဝါ။ (မြရင်ကလေးရဲ့ ပန်စရာ ရွှေမင်းဝံ တောင်ပေါ်ရိုးက နေရောင်ခြည်ကလေး အေးတော့ ခူးပေးပါ)၂ (ကန္တာမြိုင်လမ်း ခရီးကကွာ ကျောက်ဖျာဘေးမှာသာ အပန်းဖြေကြစေရာ)၂ စီးကျရေတံခွန် ကမ်းပါးမြင့်ဝှန် တောင်စွယ်မှာ နေမင်းကြီးရယ် အ...

CovidShield ကာကွယ်ဆေး

Image
မင်္ဂလာပါ ဆရာ။ India က ထုတ်တဲ့ CovidShield ကာကွယ်ဆေးက အခု ဖြစ်နေတဲ့ Third Wave New Covid ကို ကာကွယ် နိုင်ပါသလား ဘယ်လောက်ထိ ကာကွယ် ပေးနိုင်ပါသလဲ ကျေးဇူးပြု၍ ဖြေကြားပေးပါ။ သူငယ်ချင်းရဲ့ သူငယ်ချင်း သူနာပြု ဆရာမလေးက ကာကွယ်ဆေးထိုးပြီးသားကို အခု Covid positive တွေ့လို့ တဖွဲ့လုံး Q ဝင်နေရတယ် ပြောပါတယ်။ ရန်ကုန်မှာ အခုတလော ကာကွယ်ဆေး ထိုးတဲ့သူ အရမ်းများပါတယ် ကာကွယ်ဆေး ထိုးပြီးပြီ ကာကွယ်နိုင်တယ်ထင်ပြီး ပေါ့ဆကြမှာ ဆိုးရိမ်မိလို့ပါ အမှားပါရင် ခွင့်လွှတ်ပါ ဆရာ  After getting a COVID-19 vaccine, will I test positive for COVID-19 on a viral test? No. None of the authorized and recommended COVID-19 vaccines cause you to test positive on viral tests, which are used to see if you have a current infection. Neither can any of the COVID-19 vaccines currently in clinical trials in the United States. If your body develops an immune response to vaccination, which is the goal, you may test positive on some antibody tests. Antibody tests indicate you had a previous infection and that you may have some level ...