Public Library အများသုံးစာကြည့်တိုက်

• ဆရာ စာအုပ်ငှားရင် ကဒ်နဲ ့ငှားရတာလားရှင့်။ မန်ဘာဝင်ထားတဲ့ လိုက်ဘရီကဒ်ရှင့်။

• မြန်မာပြည်မှာ စာကြည့်တိုက်အင်အားမရှိပါဘူး။ ဂျာနယ်တွေပဲ အားကိုးနေကြတယ်။ အဲတာ ဗဟုသုတ မျက်စိမှုန်နေတာပါဆရာ။

• ဆေးမန်းက စာကြည့်တိုက်အဟောင်းကြီး မှတ်မိသေးလားဆရာ။

• ကျောင်းတွေမှာ စာကြည့်တိုက်ထားပေးတဲ့စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရမယ်။

• စာကြည့်တိုက်မှာပဲ စာကိုအေးအေးဆေးဆေးဖတ်ရတာလဲ သဘောကျဖို့ကောင်းပါသည်။

• စာကြည့်တိုက်တော့သဘောကျပါတယ်ဆရာ။ ဖတ်-မှတ်-သိရလို့ပါ။

• ဒီရွာမှာလဲရှိတယ်။ ဒါပေမယ့်စာကြည့်တိုက် မဟုတ်ဘူး။ စာပိတ်တိုက်။ သွားတိုင်း ပိတ်ထားတာပဲ တွေ့ရတယ်။

• မုံရွာက စာကြည့်တိုက်က နေရာပြောင်းသွားပြီဆရာ။ ရုံးကြီးလမ်းထဲမှာပါ။ နဂိုနေရာကတော့ e-library ဖြစ်နေပါပြီရှင့်။

• ဆရာငယ်ငယ်ကရောက်ခဲ့တဲ့ မုံရွာကစာကြည့်တိုက်လေးကို စာကြည့်တိုကို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။


ကျွန်တော် အင်ဒီယာနာပုလစ်မြို့ကိုရောက်ကာစ နေရတဲ့အိမ်မှာ အင်တာနက်မတပ်ရသေးပါ။ ဒေလီမှာနေခဲ့စဉ်က ၂၄ နာရီ အင်တာနက်ရှိတဲ့လူဖြစ်လို့ မနေတတ်။ ကျန်းမာရေးမေးခွန်းတွေဖြေစရာ အကြွေးထူနေရင် မနေတတ်ပါ။ အဲတာနဲ့ အနီးဆုံးစာကြည့်တိုက်ကို အားကိုးရပါတယ်။ အိုင်ဒီတခုနဲ့ အိမ်လိပ်စာနဲ့လာတဲ့ စာအိတ်တခုပြတာနဲ့ စာကြည့်တိုက် ကပ်ပြား ၂ ခု ထုတ်ပေးတယ်။ ကပ်ပြားလုပ်ရတာ ၂ မိနစ်သာကြာတယ်။ ပိုက်ဆံလဲမပေးရပါ။ အီးမေးလ်လိပ်စာတော့ ပေးရတယ်။ ပိတ်ရက်နဲ့ စာအုပ်အသစ် ရောက်တာတွေကို အကြောင်းကြားပေးတယ်။ ကွန်ပြူတာတွေလဲရှိလို့ အင်တာနက်ကို ကိုယ်ကြိုက်သလို သုံးနိုင်တယ်။ လက်ပတော့ပါရင်လဲ ပလပ်တပ်လိုက်ယုံဘဲ။ ဝိုင်ဖိုင်ပတ်စ်ဝပ်ဆိုတာ ကပ်ပြားနံပါတ် ရိုက်ထည့်လိုက်ရုံပဲ။ ကျွန်တော် မြန်မာဘာသာပြန်ဆရာလုပ်နေတဲ့ကျောင်းကို စာကြည့်တိုက်မှူးက ဝင်ခွင့်လျှောက်လွှာတွေနဲ့ လာတယ်။ ကျောင်းသားတွေကို တခါတည်း ကပ်ပြားထုတ်ပေးပါတယ်။ ဘာမှပြနေစရာမလိုပါ။


ပုံထဲကခုံထိုင်ပြီးမှာ မြန်မာပြည်က နေမကောင်းလို့မေးကြတာတွေကို ဖြေခဲ့ပါတယ်။


e-library တို့ Online library တို့ကို ကြောက်တယ်။ အဲတာတွေက လယ်တီဆရာတော်ကြီးတို့ ကင်းဝန်မင်းကြီးတို့စာတွေကို ပြင်ပြီးတင်ထားကြတာ။


အခုတော့ မြန်မာပြည်ထဲမှာ စာတွေ ကျောင်းတွေ ပညာတွေကို မေ့ထားကြရတယ်။


ဒေါက်တာတင့်ဆွေ

၃၀-၄-၂၀၁၆

၃၀-၄-၂၀၂၁


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ