လောကသာရပျို့

၁၃။ ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုပ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊

ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌၊ သင်အံကျက်လေ့၊ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။   ။ ဆည်းပူးသန့်ရှင်း ကြွယ်စေမင်း။


လောကသာရပျို့ကို ကန်တော်မင်းကျောင်းဆရာတော် ရေးသားခဲ့ပြီး၊ တော်လှန်ရေးကောင်စီခေတ်က ထုတ်တဲ့ စာအုပ်က ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်က ဟံသာဝတီတိုက်ကထုတ်နဲ့ နည်းနည်းလေး ကွဲလွဲတယ်။


ထုံးတီးနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လ၍။ နှိမ့်ချပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကြွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တချောင်းချောင်းလျှင်၊ ဆဲမောင်းသည်းခံ၊ ဆရာ့ထံ၌။ သင်အံကျက်လေ့။ တနေ့တပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို။   ။ ဆည်းပူးသိမြင် ကြွယ်စေမင်း။


မူကွဲ နှစ်ခုလုံးမှာ တစ်ချောင်းချောင်းလျှင် မဟုတ်ပါ။ တစ်နေ့တစ်ပါး မဟုတ်ပါ။ ကျောင်းသုံး မြန်မာကဗျာ လက်ရွေးစင်ထဲမှာ ကန်တော်မင်းကျောင်းဆရာတော်ကို ဆရာလုပ်ထားတယ်။ မလုပ်ကောင်းပါ။


ဒေါက်တာတင့်ဆွေ

၂၉-၄-၂၀၂၀

၂၉-၄-၂၀၂၁

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ