Alum ကျောက်ချဉ်

 (ကန်တော့)

၁။ ဆရာရှင့် ကျွန်မက ကလေးလိုချင်လို့ OG နဲ့ပြနေတာ ကြာပါပြီ။ ဟိုနေ့က လိုင်းပေါ်မှာ ကျောက်ချဉ်က ကလေးရနိုင်တယ်လို့ ဆရာပြောထားတာ တွေ့လို့ပါ။ ဘယ်လိုလိုပ်ရတာလဲ သိချင်လို့ပါရှင့်။
ကျွန်တော့်စာကို ပြန်ရှာဖတ်ရတယ်။ ကျောက်ချဉ်ကနေ ကလေးရမယ်လို့ ကျွန်တော်ရေးတာတော့ မဟုတ်နိုင်ပါ။ 
၂။ ဆရာ မင်္ဂလာပါရှင့်။ သမီး အသက် ၂၃ နှစ်ပါဆရာ။ မိန်းကလေးအင်္ဂါ (ကန်တော့ပါဆရာ) ကို ဘာနဲ့မှ မဆေးကြောသင့်ဘဲ ရေနဲ့သာ အရှေ့ကနေ အနောက် ဆေးကြောသင့်တယ်လို့ ဖတ်ဖူးပါတယ်ဆရာ။ အခြား post တခုမှာ ကျောက်ချဉ်နဲ့ အမျိုးသမီး ကျန်းမာရေးဆိုပြီး မိန်းကလေးအင်္ဂါကို ကျောက်ချဉ်ရေနဲ့ တနေ့ကို ၁၅ မိနစ် စိမ်ပေးသင့်တယ်လို့ ဖတ်လိုက်ရပါတယ်ဆရာ။ မိန်းကလေးအင်္ဂါကို ကျောက်ချဉ်ရေနဲ့ စိမ်ပေးသင့် မပေးသင့်၊ စိမ်ပေးတဲ့အခါရလာမယ့် ကောင်းကျိုး ဆိုးကျိုးကို သိချင်ပါတယ်ဆရာ။ ဆရာ့ကိုလည်း အရမ်းလေးစားပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။
Medicated Stick ကြော်ငြာဆေးကိုရေးတော့ မေးကြသလားမမေးနဲ့။ ဘယ်မှာဝယ်ရမလည်း။ ဘယ်စျေးလည်း။ ရေးရတာမောလှပြီ။ ဆရာဝန်တွေ ညွှန်တဲ့ဆေးကျတော့ အဲလိုမမေးကြဘူး။ ကြော်ငြာဆေးဆိုတာ ဘေးထွက်ဆိုးကျိုးတွေ မသိနိုင်ပါ။ ထိရောက်မှု သုတေသနမရှိပါ။ FDA အဖွဲ့ကနေ အသိအမှတ်ပြုချက်လည်း မလိုကြပါ။ အာဟာရနှင့် ဖြည့်စွက် ဗီတာမင်လို့လုပ်ထားရင် ရောင်းလို့ရတယ်။ ကြော်ငြာမှာ ဗူးလှလှလေးတွေ၊ ပုံလှလှလေးတွေ၊ မော်ဒယ်ချောချောတွေကို မြင်တာနဲ့ ဆေးသောက်ပြီး လှမယ်ချောလို့မထင်ပါနဲ့။ မော်ဒယ်ကို ပိုက်ဆံပေးထားတယ်။ ဆေးဗူးခွံအတွက် ပိုက်ဆံပေးထားတယ်။ ဆေးဝယ်သူတွေ ဆီကနေယူပြီးပေးတာပါ။ ကောင်းကြောင်းရေးပေးရင် ကျွန်တော့်ကိုလည်း ပိုက်ဆံပေးမလားမသိပါ။
ကိုယ်နဲ့၊ ချိုင်းချွေးနံ့အကြောင်းရေးတော့ ကွန်မင့်ပေးသူ အတော်များများက ကျောက်ချဉ်ကိုပြောကြတယ်။ အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး ရေးတုန်းကလည်း ကျောက်ချဉ်ကို မေးလာကြတော့မယ်လို့ သိထားပြီးသားပါ။ ကျောက်ချဉ်ကို Alum (အလမ်) ခေါ်တယ်။ KAl(SO4)2·12H2O ဓါတုဗေဒမှာ အမျိုးမျိုးရှိတယ်။ အမျိုးမျိုးရှိတာ။
၁။ Potassium Alum (ပိုတက်ဆီယမ် အလမ်) ကို အများဆုံးသုံးကြတယ်။ Aluminum potassium sulfate ဖြစ်တယ်။ စတိုးဆိုင်တွေမှာဝယ်လို့ရရင် ဒီအမျိုးအစားဖြစ်တယ်။ Baking powder မုန့်ဖုတ်ဆော်ဒါထဲမှာပါတယ်။ ရေသန့်ရာမှာလည်း သုံးတယ်။ သားရေလုပ်ငန်းမှာလည်းသုံးတယ်။ ဒဏ်ရာကနေ သွေးထွက်တာ သက်သာဘို့လည်း သုံးကြတယ်။ ကာကွယ်ဆေးတချို့ထဲမှာပါတယ်။ Deodorant ချွေးနံ့ပျောက်ဆေးတောင့်မှာ သုံးတယ်။ Crisp စားရာထဲလည်း ထည့်တယ်။ Flame retardant အဖြစ်လည်းသုံးတယ်။ Modeling clay ရွ့ံပန်းပုမှာသုံးတယ်။ Hair removal waxes ဆံပင်နုတ်ပျားဖယောင်းထဲမှာပါတယ်။ Skin whitener အရေပြားဖြူအောင်သုံးတယ်။ Toothpaste သွားတိုက်ဆေး တချို့မှာပါတယ်။
၂။ Soda Alum ဆိုဒါကျောက်ချဉ်
NaAl(SO4)2·12H2O က မုန့်ဖုတ်ဆော်ဒါဖြစ်တယ်။
၃။ Ammonium Alum အလူမီနီယမ်ကျောက်ချဉ်
NH4Al(SO4)2·12H2O အဝတ်အထည်တွေဆေးဆိုးရာမှာသုံးတယ်။ Potassium alum နဲ့ Soda alum တွေလိုပဲ သုံးနိုင်တယ်။ Porcelain cements စဉ့်လုပ်ငန်းနဲ့ Vegetable glues ကော်လုပ်ရာမှာသုံးတယ်။ Water purification ရေသန့်ဘို့နဲ့ Deodorants ချိုင်းချွေးပျောက်ဆေးမှာသုံးတယ်။
၄။ Chrome Alum ခရုမ်းကျောက်ချဉ်
KCr(SO4)2·12H2O ခရမ်းရင့်ရောင်ဖြစ်တယ်။ ဆေးဆိုးရမှာသုံးတယ်။
၅။ Selenate Alums ဆယ်လိနိတ်ကျောက်ချဉ်
Antiseptics ပိုးသေဆေးအဖြစ်သုံးတယ်။ ပိုးသေဆေးအစွမ်းရှိတာဆိုရင် အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေးထဲမှာ ရေးထားသလို ဗဂျိုင်းနားမှာ ဗက်တီးရီးယားပိုးကူးစက်နေတာ မဟုတ်ရင် သုံးဘို့မသင့်ပါ။ ဗက်တီးရီးယား အကောင်းတွေကိုပါ သေစေပြီး ထပ်ဆင့် မှိုပိုးဝင်လာစေနိုင်တယ်။
၆။ Alum (aluminum sulfate) ကျောက်ချဉ်ကို ရေသန့်ရာမှာသုံးပါတယ်။ အသုံးနည်းပါတယ်။ နည်းစနစ်ကျဘို့လိုတယ်။
၇။ ခြေနံ့ဆိုးရင် Alum Powder ကျောက်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရေတခွက်ရောပါ။ ခြေထောက်ကိုသုတ်လိမ်းပါ။ ၁၅-၂ဝ မိနစ်ထားပါ။ တနေ့ ၁ ကြိမ်။ ကိုယ်နံ့ဆိုးတာလည်း သုံးနိုင်တယ်။ 
အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေးစာကို ဖတ်စေချင်ပါတယ်။ ဗဂျိုင်းနားထဲမှာ ဘက်တီးရီးယားတွေ နေတယ်။ ကူးစက်ရောဂါအဝင်မခံရရင် အကောင်းတွေသာရှိနေမယ်။ ပိုးသေဆေးစတာတွေသုံးရင် အကောင်းတွေကို သေစေလို့ နောက်ရောဂါပိုးတွေ အထူးသဖြင့် ဖန်းဂတ်စ်ခေါ် မှိုပိုးဝင်လာနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ