Daflon 500 mg လိပ်ခေါင်းဆေး

(ကန်တော့)

၁။ မင်္ဂလာပါဆရာ ကျွန်​​တော်​လိပ်​​ခေါင်​းဖြစ်​​နေတာကြာပြီခင်​ဗျ ဝမ်​းသွားလျှင်​​သွေးပန်​းထွက်​​နေလို့ပါဆရာ deflon 500mg စွဲ​သောက်​ရင်​အန္တာရာယ်​ရှိတတ်​လားခင်​ဗျ အခြားဘာ​ဆေး​တွေ​သောက်​ဖို့လိုလဲဆရာ​ကျေးဇူးပြု ပြီး​ဖြေကြား​ပေး​ပါ

၂။ မင်္ဂလာပါ ဆရာ ဆရာ့ကို ရိုသေစွာမေးချင်တာလေးရှိလို့်ပါဆရာ သမီးယောင်းမက ကိုယ်ဝန် လေးလကျော်ရှိပါပြီဆရာ အခုဝမ်းချုပ်တော့ သွေးပါတယ်ဆရာ အဲ့ဒါ surgeon နဲ့ပြတယ် Daflon လိပ်ခေါင်းဆေးရယ် သွေးတိတ်ဆေးရယ် ပေးလိုက်ပါတယ် သူကိုယ်ဝန်ရှိတဲ့အကြောင်းကိုလဲ ပြောထားပါတယ်ဆရာ လိပ်ခေါင်းဆေး Daflon သောက်ရင် ကိုယ်ဝန် ဆိုးကျိုးရှိလားသိချင်လို့ပါဆရာ (လူနာ အသက် မသိ။)

Daflon 500 mg ဆေးကို vasoprotector venotonic agent လို့ခေါ်တယ်။ 90% diosmin နဲ့ 10% flavonoids expressed as hesperidin ဆေးတွေပါတယ်။ ကိုယ်ဝန်ရှိနေသူသောက်ရင် အချင်းလမ်းကြောင်းကနေ ဆေးဖြတ်သွားတာ အလွန်နည်းတယ်။ နို့ရည်ထဲရောက်နိုင်တာလည်း အလွန်နည်းတယ်။ လူနာပေါင်း ၂၈၅၀ ယောက်ကို Daflon 500 mg ဆေး တနေ့မှာ ၂ ပြား ၆ ပတ်ကနေ ၁ နှစ်ကြာပေး လေ့လာထားတာ။

Hemorrhoids (Piles) ခေါ် လိပ်ခေါင်းဆိုတာ စအိုနဲ့ အစာဟောင်းအိမ်အောက်ပိုင်းမှာ သွေးပြန်ကြောလေးတွေ ဖေါင်းနေတာကို ခေါ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းရှိရင် ဒီလိုလုပ်သင့်တယ်။

၁။ ရေနွေးထဲမှာ စိမ်ထိုင်ပါ။ ဆပ်ပြညထည့်ရန် မလို။

၂။ အချိန်အကြာကြီးမထိုင်ပါနဲ့။ လဲလျောင်း အိပ််နေပါ။

၃။ ဆေးဆိုင်ကဝယ်လို့ရတဲ့ hemorrhoid cream or rectal suppository ခရင်နဲ့ စအိုထည့်ဆေးတွေ ဆရာဝန်ညွှန်တာ သုံးနိုင်တယ်။

၄။ ဖိုက်ဘာပါတဲ့အစားအစာတွေစားပါ။ အသီးအရွက်တွေနဲ့ အသီးအနှံတွေကိုပြောတာ။

၅။ ရေ နဲ့ အရည်များများသောက်ပါ။

၆။ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

Sitz bath ရေနွေးထိုင်နည်း https://dr-tint-swe.blogspot.com/2021/07/sitz-bath.html

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ https://dr-tint-swe.blogspot.com/2021/05/piles-q-and.html

Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ