Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ

 (ကန်တော့)

၁။ ဆရာရှင့် ကန်တော့ပါနော်။ ကျမအသက် ၂၅ နှစ်ပါ။ အိမ်ထောင်သက် ၃ နှစ်ပါ။ ဒီရက် ရေသောက် နည်းတာကနေ လင်မယား ့့့့ ပြီး ဆီးအောင့် ဆီးသွားရင်ကိုက်နေပါတယ်ဆရာ။ အဲ့ဒါ ဘာဆေး သောက်ရမလဲဆရာ။ ကျေးဇူးပြုပြီး အမြန်ပြန်ဖြေပေးပါဆရာ။

၂။ ဆရာ ဆီးက သွားချင်ပြီး မထွက်ဘူးဆရာ ဘာဖြစ်နိုင်လဲ ဆရာ ဆီးအိမ်တင်းပြီး ဆီးသွားချင်တယ်။ ဆီးက မထွက်တာ။ နေရထိုင်ရ ခက်တယ်ဆရာ။

ဖြစ်နေသူ ကျား-မ-အသက် စတာမသိပါ။

၃။ ဆရာရှင့် အသက် ၃၆၊ အမျိုးသမီး၊ အိမ်ထောင်ရှိ၊ ကလေး ၁၈လ၊ ရိုးရိုးမွေထား။ ဆေးစစ်တာ ဆီးပိုးရှိတယ်ပြောလို့ပါ ဆရာ။ ဆီးပိုးအကြောင်း ဆရာရေးဖူးတဲ့ link လေးပြန်ဖတ်ချင်လို့ပါရှင်။

၄။ ဆရာရှင့် ကျွန်မ အသက် ၃၆ နှစ်ပါရှင့်။ ကျွန်မ ကိုယ်ဝင်က လေးလထဲမှာပါ။ ကျွန်မ ဆီးလေးနည်းနည်း ကျင်နေလို့ ဘာဆေးသောက်ရမလဲရှင့် ကိုယ်ဝင်နဲ့မို့ပါ။ အရင်က လည်း ကျင်ဖူးပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတော့ ဆီးလမ်းကြောင်းပိုးဝင်ပြီး ပိုးသတ်ဆေးကို မနက်ည တပတ်အတိ ထိုးခဲ့ရဘူးပါတယ်ရှင့်။ ဆရာအားတဲ့ချိန် ပြန်ဖြေပေးပါ အုန်းရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

ရရစ်မပါတဲ့ပြီးကိုပြင်လိုက်တယ်။ တစ်မှာ စသတ်ဖြုတ်လိုက်တယ်။ ဆောရီး။ ပို့စ်မှာသုံးမှာဖြစ်လို့ပါ ကိုယ့်နေရာမှာတော့ ကိုယ်ကြိုက်သလိုရေးနိုင်ပါတယ်။

၅။ ဆရာ အသက် ၁၇ နှစ်၊ မိန်းကလေး၊ ဆီးသွားတဲ့အခါအောင့်နေလိုပါ။ ဆီလမ်းကြောင်းပိုးဝင်တာလား၊ တခြား ဘာအကြောင်းတွေကြောင့် ဆီးအောင့်နိုင်သလဲဆရာ။ ပြန်လည်ဖြေကြားမူတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။

အမျိုးသမီးတွေမှာ ဆီးအောင့်တာက ဆီးလမ်းပိုးဝင်လို့ဖြစ်တာများတယ်။ ဆီးပူတာ၊ အတွင်းအင်္ဂါချင်း နီးလို့ဖြစ်တာတွေက ပိုးကြောင့်မဟုတ်ပါ။ ဆီးလမ်းပိုးက ဆီးထွက်ပေါက်ကနေ ဆီးအိမ်၊ ကျောက်ကပ်ထိ တက်တယ်။ ပြန်ဖြစ်တယ်။ ဖြစ်တိုင်း ဆေးလိုတယ်။ ဆီးအက်စစ်ဓါတ်များရင်ဖြစ်တယ်။ ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်း ကုရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ ကျောက်ကပ်အထိ ပိုးရောက်သွားရင် ဆိုးတယ်။ ဆီးသွားတိုင်း ပူပြီးနာမယ်။ ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။ ဆီးစပ်၊ ဗိုက်အောက်ပိုင်းနေရာက နာမယ်။ ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။ ဆီးထဲသွေးပါတတ်တယ်။ ကျောက်ကပ်ရောင်ရင် နောက်ကျော ဘယ်နဲ့ညာမှာနာမယ်။ ကိုယ်ပူမယ်။ ချမ်းမယ်။ ပျို့ချင်-အန်ချင်မယ်။ ဆီးစစ်မှ ပြည်-ဆဲလ်တွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလည်းရှိတယ်။ ကျောက်ကပ်ကို အလုပ်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။ ကျောက်ကပ်သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။ ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ရောက်မယ်။

လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ ကဲလ်မီဒီးယား၊ ဂနိုရီးယား၊ ထရွိုင်ကိုမိုးနပ်စ်တွေဖြစ်တယ်။ လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးများ၊ ရေ-အရည် သောက်နည်းသူများ၊ ရေစိမ်ပြီး ခဏခဏချိုးသူများ၊ ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊ ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။ မင်္ဂလာဦးဆီးအောင့်ခြင်း အဖြစ်များတယ်။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှုပြုသူတွေ၊ ကလေးအမေမှာလည်းဖြစ်တယ်။

Urethritis and Cervicitis caused by Chlamydia ကဲလ်မီဒီးယားကြောင့်ဖြစ်သော သားအိမ်အဝ-ဆီးပြွန်အဝ ရောင်ခြင်း

• Azithromycin 1 g ၁ ကြိမ်။ (သို့)

• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။ (သို့)

• Erythromycin base 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)

• Erythromycin ethylsuccinate 800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ (သို့)

• Levofloxacin 500 mg orally တနေ့ ၁ ကြိမ်၊ ၇ ရက်။ (သို့)

• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်။

Acute Pylonephritis ကျောက်ကပ်ပြွန် ရက်တိုရောင်ခြင်း

• Ciprofloxacin 400 mg IV BD or 750 mg တနေ့ ၂ ကြိမ်၊ (သို့) Levofloxacin 500 mg IV တနေ့ ၁ ကြိမ်၊ (သို့) Ampicillin 1 Gm တနေ့ ၄ ကြိမ်၊ + Gentamycin 1 mg/kg TDS IV တနေ့ ၃ ကြိမ်၊ ၂၁ ရက်။ (သို့)

• Ciprofloxacin 500-750 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့) Ofloxacin 200-300-400 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။ (သို့) Trimethoprim-Sulpfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်။

Acute Cystitis and Acute Prostatitis ရက်တို ကျား-မ ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကျိတ်ရောင်ခြင်း

• Cephalexin 250-500 mg တနေ့ ၄ ကြိမ်၊ ၁-၃ ရက်၊ (သို့)

• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ (သို့)

• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ် (အစာနဲ့)၊ ၇ ရက်၊ (သို့)

• Ofloxacin 200 mg တနေ့ ၂ ကြိမ်၊ ၁-၃ ရက်၊ (သို့)

• Trimethoprim-Sulfamethoxazole 160/800 mg တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၃ ရက်။

Chronic Prostatitis နာတာရှည် ဆီးလမ်း၊ ကျား-ဆီးကြိတ်ရောင်ခြင်း

• Ciprofloxacin 250-500 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။ (သို့)

• Ofloxacin 200-400 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။ (သို့)

• Trimethoprim-Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃ လ။

Urethritis ဆီးလမ်းပြွန်အဝရောင်ခြင်း

• Cefixime 400 mg ၁ ကြိမ်တည်း။ (သို့)

• Ciprofloxacin 500 mg ၁ ကြိမ်တည်း။ (သို့)

• Ceftriaxone 250 mg IM ၁ ကြိမ်တည်း။

Urinary Tract Infection ဆီးလမ်းကြောင်း ပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/05/urinary-tract-infection.html

ဒေါက်တာတင့်ဆွေ



Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ