Boiling Bottled Water ရေသန့်ကို ကျိုချက်ခြင်း

မင်္ဂလာပါဆရာ အရင်တခါက ရေသန့်ကို ကျိုချက်သောက်တာနဲ့ ပတ်သတ်ပြီး ရေးထားတဲ့ ပို့စ်လေး မတွေ့မိလို့ပါရှင့်။ link လေးရှိရင်ပို့ပေးလို့ရမလားရှင့်။


Link ရှာမတွေ့သေးပါ။


ရေကိုပွက်အောင် (100 C - 212 F) လုပ်လိုက်ရင် ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပါရာဆိုက်တွေကို သေစေလို့ ကောင်းတယ်။ ဗူးထဲအဆင်သင့်ထည့်ထားတဲ့ ရေသန့်ဗူးထဲကရေကို အဲဒီရည်ရွယ်ချက်အတွက်တော့ ကျိုချက်ရန် မလိုပါ။ ရေကသန့်ထားပြီးသား။


ရိုးရိုးရေကိုကျိုချက်တာနဲ့ Minerals မင်နရယ်လ် ခေါ် ဓါတ်ဆားတွေ ပျက်ပျယ်ကုန်ဆုံးမသွားနိုင်ပါ။ ရေက နောက်နေတာဆိုရင် အရင် အနယ်ထိုင်အောင်လုပ်ပြီး သို့မဟုတ် ရေစစ်နဲ့စစ်ပြီးမှ ရေကိုပွက်အောင်လုပ်ပါ။ 


ရေသန့်ဗူးထဲကရေကို ပွက်အောင်လုပ်တာနဲ့ ရေတန်ဖိုး သတ္ထိ လျော့မသွားပါ။


လက်တွေ့

ကျွန်တော်က ရေနွေးကြမ်းသောက်တာ နှစ်ပေါင်းများစွာကြာပြီ။ ပြည်တွင်းမှာ နေထိုင်တဲ့နေရာဒေသတွေက ရေတဲ့ရေကို ပွက်အောင်ကျိုတယ်။ 

• မုံရွာမှာ ငယ်စဉ်က ချင်းတွင်းမြစ်ရေကို ရေနွေးကြမ်းအတွက်သုံးတဲ့အခါ သုံးတယ်။ ကောင်းတယ်။ မိုးရေကို သုံးတဲ့အခါသုံးတယ်။ ကောင်းတယ်။ 

• မြို့သာမှာတော့ ခံထာတဲ့မိုးရေကို တနှစ်စာလှောင်ထားပြီး ရေနွေးကျိုတယ်။ ကောင်းတယ်။

• နယူးဒေလီမှာ တချို့နေအိမ်ကပိုက်ရေက ရေနွေးအတွက်ကောင်းပြီး တချို့နေရာကရေက မကောင်းပါ။ ရေသန့်ဗူးကြီးတွေဝယ်သုံးရတယ်။ ကောင်းတယ်။

• ယူအက်အေကိုရောက်ကတည်းက ရေသန့်ဗူးကနေကိုသာ ရေနွေးကြမ်းအတွက်ကျိုပါတယ်။ ကောင်းတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း