Vaginal itching မိန်းမကိုယ် ယားခြင်း

(ကန်တော့)
ဆရာ မိန်းမကိုယ်မာ (မှာ) ယားနာဖုသေးသေးလေးတေ(တွေ) ပေါက်နေတာ များတယ် ဘာဆေးလိမ်းရမလဲ သောက်ဆေးရော ‌ပြောပါအုန်း
မေးနည်းစည်းကမ်း ပို့လိုက်တယ်။
ဟုတ်ကဲ့ရှင် အမျိူးသမီးပါ။ အသက်က ၃၃ ပါဆရာ အိမ်ထောင်ရှိပါတယ် ကလေးနှစ်ယောက်ရှိပါတယ်ရှင်။
ယားနာတော့ မဟုတ်လောက်။ ဒီနေရာမှာ ကြွက်နို့နဲ့ ရေယုံလည်း ဖြစ်တတ်တယ်။ အဖြူဆင်းတာနဲ့တွဲပြီး ယားတယ်။
အခုတလော မေးကြတာ ၃ ယောက်ရှိပြီ။ မိုးစိုစို မှိုကိုသတိထား။
မှတ်ရန်
ကျန်းမာရေးမေခွန်းမှာ စာကို မှန်အောင်မရေးလည်း ဖတ်လို့တာလည်လောက်ရင် တလေးတစားဖြေပါတယ်။
Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။
အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီး နဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။
• ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာ တွေနဲ့ ပတ်သက်တယ်။
• ဝမ်းမလုံတဲ့ရောဂါ၊ (ဘိုဝင်) ရောဂါ၊
• ပိုးသေဆေးသောက်နေရရင်လဲ မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။
• ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်စေတယ်။ ဆီးချိုကိုယ်၌ကနေလဲ ယားတတ်တယ်။
• မှို၊ Threadworms သန်ကောင်၊ ဝဲ နဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလိုဖြစ်တာတွေ ရှိနေမယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ စတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။
• သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။
• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။
• Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။
ဘယ်လို ဆင်ခြင်ကုသမလဲ –
– Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။
– Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။
– Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။
– Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။
– Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။
• Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုတ်ရှားပါ။
• Yogurt (ရောဂတ်) ဒိန်ချဉ် စားသင့်တယ်။
• ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။
၁။ Metronidazole (မက်ထရိုနိုက်ဒဇိုး) 500 mg တနေ့ ၂ ကြိမ် ၅-၇ ရက်သောက်ပါ။ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးကိုအရက်နဲ့တွဲမသောက်ရပါ။
၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet မွေးလမ်းထည့်ဆေး ညတိုင်း ၆-၇ ရက်ထည့်ပါ။
၃။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ လိင်ကတဆင့် ကူးစက်တာတွေအတွက် ဆေးသပ်သပ်လိုပါမယ်။
Vaginal itching မိန်းမကိုယ် ယားခြင်း https://dr-tint-swe.blogspot.com/2021/01/vaginal-itching.html
Cervicitis သားအိမ်ဝ ရောင်ခြင်း https://dr-tint-swe.blogspot.com/2021/05/cervicitis.html
Vaginal tablet ထည့်ဆေး https://dr-tint-swe.blogspot.com/2020/12/vaginal-tablet.html
Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/05/personal-hygiene-for-women.html
Metronidazole မက်ထရိုနိုက်ဒဇောလ် https://dr-tint-swe.blogspot.com/2021/05/metronidazole.html
Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ