Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

(ကန်တော့)


ဆရာ အသက်က ၂၈ နှစ်ပါ လိပ်ခေါင်းရောဂါက ခွဲစိတ်မှု ပြုလုပ်မှ ပျောက်မှာလားဆရာ ဘယ်လို လုပ်ရင်ပျောက်နိူင်ပါလဲ ဆရာ ဘာဆေးသောက်ရင် ပျောက်နိူင်ပါလဲ  ဆေးလေး ညွှန်းကြားပေးပါဦးရှင့်



လိပ်ခေါင်းရောဂါကနေ ဝမ်းချုပ်ရင် ညှစ်ရရင် သွေးထွက်တာ ဖြစ်နိုင်တယ်။ ဝမ်းမချုပ်စေတဲ့ အစားအစာစားပါ။ ရေများများသောက်ပါ။ အဆင်မသင့်ရင် လိပ်ခေါင်းမှာသွေးပြန်ကြောပိတ်လို့ ရုတ်တရက် အတင်းနာပြီး၊ မထိုင်နိုင် ဖြစ်လာတတ်တယ်။ ချက်ချင်းသွေးကြောပိတ်နေတာကိုခွဲရမယ်။ စိုးရိမ်စရာမလိုပါ။ ပြင်ပလူနာအဖြစ်တောင်မှ ခွဲပေးလို့ ရတတ်တယ်။ ထွက်နေတဲ့လိပ်ခေါင်းက ပြန်မဝင်တာ ဖြစ်တတ်တယ်။ ကိုယ့်လက်နဲ့ကိုယ် ပြန်သွင်းရင် ရမှာဖြစ်ပေမဲ့ အမှုမဲ့အမှတ်မဲ့ နေသူတွေမှာထွက်နေတဲ့ လိပ်ခေါင်းကရောင်လာလို့ ပြန်သွင်းမရ ဖြစ်နိုင်တယ်။ ဖြစ်ရင် လိပ်ခေါင်းကို ဆားခါးမှုံ့ကိုအဆီ (ပါရာဖင်ဆီ) တခုခုဆွတ်ထားတဲ့ ပတ္ထီး၊ အဝတ်စမှာတင်ပြီးလိပ်ခေါင်းပေါ် ကပ်ထားပေးရင် အရောင်ကျပြီး၊ ပြန်သွင်းလို့ ရလာမယ်။ ဝမ်းသွားတဲ့အခါ နာတာ။


ဝမ်းပျော့အောင်စားရမဲ့ အမျဉ်များအစာခေါ်တဲ့ အစားအစာတွေကအကြမ်းဖျင်းပြောရရင် အသီးအရွက်-အသီးအနှံတွေ အကုန်လုံးလိုလိုပါ။ သခွါးသီး၊ ပဲသီး၊ ရုံးပတီးသီး၊ မုံလာ ဖြူ-နီ-စိမ်း၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ မာလကာသီး၊ စွန်ပလွန်သီး၊ ဘယ်ရီသီး၊ သစ်တော့သီး၊ ကီဝီသီး၊ စပျစ်သီး၊ ပန်းသီး၊ နေကြာစေ့၊ မြေပဲဆံ၊ အုံးသီးဆံ၊ ငှက်ပြောသီး၊ လိမ်မော်သီး။


လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်းသိနိုင်တယ်။ သွေးအားကောင်းဆေး သံဓါတ်ဆေး သောက်ပါ။ သံဓါတ်ကဝမ်းချုပ်တတ်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး-ဟင်းအိုးမှာချက်-ပြုတ်-ကြော်တဲ့အခါ အမည်းရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက်အသည်းက သွေးအားကောင်းစေတယ်။ ဝမ်းသွားတဲ့အခါ နာတာဖြစ်ရင် လိပ်ခေါင်း ထည့်ဆေး တခုခုကို ဝမ်းမသွားခင်ထည့်ပေးလို့ရတယ်။ ဆေးတောင့်လဲလာတယ် ခရင်မ်လည်းလာတယ်။ တချို့က ချောဆီသဘောဖြစ်ပြီး၊ တချို့ကထုံဆေးသဘောဖြစ်တယ်။


လိပ်ခေါင်းကို ဆေးနဲ့ကုတယ်ဆိုတာခံစားနေရတာတွေ သက်သာစေဘို့ ဖြစ်တယ်။

• ရေနွေးထဲမှာ ၁ဝ မိနစ်ကြာထိုင်ပါ။ ထပ်ထိုင်နိုင်လေကောင်းလေ။

• ရောင်နေရင် ရေခဲကပ်ပေးပါ။

• ချည်ထည်အတွင်းခံကိုသာ ခပ်ချောင်ချောင် ဝတ်ဆင်ပါ။

• ဝမ်းသွားပြီးတိုင်းစအိုကိုစိုနေတဲ့အဝတ်၊ တရှူးနဲ့ သန့်ရှင်းပါ။ ရေသုံးတာအကောင်းဆုံးပါ။

• နာနေရင် Acetaminophen or Aspirin ဆေးတမျိုးမျိုးသောက်ပါ။ အစာနဲ့ ဆေးနီးပါစေ။

• လိပ်ခေါင်းထည့်ဆေးတမျိုးမျိုးထည့်ပါ။ Hydrocortisone ဆိုတဲ့ (ကော်တီဇုံး) ပါတတ်တယ်။ သတိထားဘို့ကနာတာ၊ ရောင်တာ၊ ယားတာတွေ ယာယီသက်သာစေဘို့သာဖြစ်တယ်။ ဆေးနာမယ်တချို့ကတော့ -

- Proctosedyl ointment

- Homeopathic Hemorrhoid Relief ointment

- Anusol HC Ointment

- Avenoc Ointment

- Hemorrhoidal Ointment

- Heel/BHI - Hemorrhoid Relief Ointment 50g

- Hemmorex Ointment 1oz

- Avenoc' Ointment

- Medline Hemorrhoid Relief Ointment - 2 Oz Tube


အတွင်းလိပ်ခေါင်းကုသနည်းများ

1. Rubber Band Ligation သားရေကွင်းနည်း၊

2. Injection Sclerotherapyထိုးဆေးနည်း၊

3. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊

4. Laser Coagulation လေဆာနည်း၊

5. Hemorrhoidectomyခွဲစိတ်နည်း၊


အပြင်လိပ်ခေါင်းကုသနည်းများ

1. Infrared Photocoagulation အနီအောက်ရောင်ခြည်နည်း၊

2. Laser Coagulation လေဆာနည်း၊

3. Hemorrhoidectomyခွဲစိတ်နည်း၊


ပြန်သွင်းမရတဲ့ လိပ်ခေါင်းအတွက် ခွဲစိတ်နည်းကအကောင်းဆုံးဖြစ်တယ်။ အပြင်လိပ်ခေါင်မှာ ရုတ်တရက် သွေးပြန်ကြောပိတ်လို့ အတင်းနာရင် ခွဲစိတ်နည်းချက်ချင်းလုပ်တာကောင်းတယ်။


မိမိဖါသာဂရုစိုက်နည်း

• လိပ်ခေါင်းအတော်များများကသူ့ဖါသာသူ ၁-၂ ပါတ်အတွင်းသက်သာလာ နိုင်တယ်။

• ဖိုင်ဘာများအစားအစာတွေ စားပါ။

• ရေတနေ့ ၈ ခွက်သောက်ပါ။

• ကိုယ်လက်လှုတ်ရှားမှု ပိုလုပ်ပါ။

• ဝမ်းမာနေရင် ဝမ်းလွယ်မဲ့ အစားအစာတွေ စားပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကန်စွန်းရွက်၊ Milk of Magnesia ဇွန်းကြီး ၂ ဇွန်းအိပ်ရာဝင်သောက်ပါ။

• ကိုယ်အလေးချိန် များနေရင် လျှော့ချပါ။

• အလုပ်မအားလို့ ဝမ်းသွားမှာကိုထိန်းထာတာမျိုးမလုပ်ပါနဲ့။

• တကိုယ်ရေသန့်ရှင်းရေး၊ စအိုတဝှိုက် သန့်ရှင်းရေးလုပ်ပါ။


လိပ်ခေါင်းကနေ နောက်ဆက်တွဲဖြစ်နိုင်တာတွေ

- Skin tags စအိုဝမှာ အရေပြားအသီးလေးဖြစ်မယ်။ ကြီးလာမယ်။ ကျယ်လာမယ်။

- Ischaemia, thrombosis လိပ်ခေါင်းထဲက သွေးကြောလေးတွေပိတ်မယ်။ gangrene သွေးမရလို့ တရှူးသေတာ ဖြစ်မယ်။

- Perianal sepsis စအိုဘေးနေရာ ရင်းရောင်နာမယ်။

- Severe or persistent bleeding သွေးယိုနေတာကြာမယ်။ anaemia ကြာရင် သွေးအားနည်းမယ်။

- Thrombosed external haemorrhoids may ulcerate အပြင်လိပ်ခေါင်းက သွေးကြောပိတ်ရာကနေ အနာဖြစ်မယ်။


အစိုးရိမ်မကြီးပါနဲ့။ ခန္ဓာကိုယ် အဝမလွန်စေနဲ့။ အနေအထိုင် ဂရုစိုက်ပါ။ ကြမ်းပြင်မှာ ဆောင့်ကြောင့် မထိုင်ပါနဲ့။ ဖင်ထိုင်ခုံလိုခုံအနိမ့်ကိုမသုံးပါနဲ့။ ချောင်းဆိုးတာ၊ နှာခြေတာလုပ်ရတိုင်း၊ စအိုနေရာကို စိတ်ကနေထိန်းထားပါ။ အလေးအပင်မတာ၊ အထိုင်အထ လုပ်တာမှာလဲ ထိန်းပြီးမှလုပ်ပါ။ အိမ်သာကို ဆောင့်ကြောင့် ထိုင်ရတာမျိုးကိုမသုံးပါနဲ့။ အင်္ဂလိပ်ပုံစံဆိုတာမျိုးသာသုံးပါ။ ခါးကို ၉ဝ ဒီဂရီထိုင်လို့ရတာမျိုး။ ဝမ်းသွားပြီးတိုင်းစက္ကူ၊ တရှူးအစား၊ ရေကိုသာသုံးပါ။ ဝမ်းကိုဂရုစိုက်ပါ။ ရေနွေးထိုင်နည်းလုပ်ပါ။ မဖြစ်လှမှသာခွဲဘို့ စဉ်းစားပါ။


Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ