Losartan သွေးကျဆေး၏ ဘေးထွက်သက်ရောက်မှုများ

ဆရာရှင့် အသက် ၆၆၊ အမျိုးသမီး ဆီးချိုဖြစ်တာ ၁နှစ်ရှိပါပြီ metformin သောက်ဆေးသောက်ရင် လေပွ ပြန်အန်လို့ ထိုးဆေး mixtard ထိုးပါတယ် ညမှာ losar-25 သောက်ပါတယ် ညတိုင်းအိပ်မရအောင် ချောင်းဆိုးပါတယ် ချောင်းဆိုးပျောက်ဆေးလည်း စုံနေပါပြီ အိပ်ရာဝင်ရင်ဖြစ်တာပါ ဆရာဝန်က အဆုတ်ကောင်းတယ်လို့ပြောပါတယ် ဘာ့ကြောင့်ချောင်းဆိုးမပျောက်လဲသိချင်ပါတယ် သလိပ်ထွက်ပါတယ် အဖြူရောင်ပါရှင့်


Metformin ဆီးချိုဆေး၏ ဘေးထွက်သက်ရောက်မှုများ

Physical weakness (asthenia) အားနည်း၊

Diarrhea ဝမ်းပျက်၊

Gas (flatulence) လေပွ၊

Symptoms of weakness, muscle pain (myalgia) ကြွက်သားနာ၊

Upper respiratory tract infection အသက်ရှူလမ်းအပေါ်ပိုင်း ပိုးဝင်ခြင်း၊

Low blood sugar (hypoglycemia) သကြားဓါတ်နည်းခြင်း၊

Abdominal pain (GI complaints) ဗိုက်အောင့်၊

Lactic acidosis (rare) လက်တစ်အက်စစ်များခြင်း၊

Low blood levels of vitamin B-12 ဘီ-၁၂ နည်းခြင်း။


Losartan သွေးကျဆေး၏ ဘေးထွက်သက်ရောက်မှုများ

Dry cough ချောင်းခြောက်ဆိုးခြင်း၊

Cold or flu symptoms, sore throat, fever တုပ်ကွေးမိသလိုခံစားရခြင်း၊

Muscle cramps ကြွက်တက်ခြင်း၊

Headache, dizziness ခေါင်းကိုက် ခေါင်းမူးခြင်း၊

Leg or back pains ကျောနှင့် ခြေပိုင်းနာခြင်း၊

Diarrhea, stomach pain ဝမ်းပျက် ဗိုက်နာခြင်း၊

Fatigue အားနည်းခြင်း၊

Insomnia အိပ်မရခြင်း။


ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေရှိတယ်။ လိုရင်တော့ ပေးရတယ်။


မေးခွန်းထဲက ဒေါ့ (၄၃) လုံးကို ဖျက်လိုက်တယ်။ မြန်မာစာမှာ ဖူးလ်စတော့ပ် မရှိပါ။ ခဏခဏပြောရပါတယ်။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ