Insomnia အိပ်မရခြင်း

၁။ မင်္ဂလာပါဆရာ Insomnia ရောဂါအကြောင်းလေး သိချင်လို့ပါဆရာ Thalassemia ရှိသူက Insomnia ပါရှိရင် ဘယ်လိုအကျိုးဆက်ရှိနိုင်ပါသလဲ ဆရာ လေးစားစွာဖြင့်

Thalassemia သာလာဆီးမီးယား သွေးအားနည်းရောဂါ https://dr-tint-swe.blogspot.com/2021/05/thalassemia.html


၂။ အသက် ၅၅ နှစ် အမျိုးသမီးပါဆရာ။ ညဘက်ကို နှစ်နာရီ နောက်ပိုင်းလောက်မှ စအိပ်ဖြစ်တာ ခုဆို ဆယ်နှစ် ကျော်ပါပြီဆရာ။ လွန်ခဲ့တဲ့ တပါတ်လောက်က နေ့ခင်းဘက် မူးလဲလို့ပါဆရာ။ အဲလို ညဘက်နောက်ကျမှ အိပ်တာ အလေ့အကျင့်လား ရောဂါတခုလားဆရာ။ စောအိပ်ဖို့ပြောတာလဲမရလို့ ဘယ်လိုပြုပြင်ပေးလို့ ရနိုင်မလဲ သိချင်ပါတယ်ဆရာ။

၃။ ဆရာခင်ဗျား ဆရာ့ရဲ့ဆေးပညာဆောင်းပါးများကို ကျွန်တော် အစဉ်တစိုက်ဖတ်ရှုခဲ့သလို အရမ်းလည်း နှစ်သက် လေးစားမိပါတယ်။ အခုလည်း ကျွန်တော်အပါအဝင် ယနေ့ခေတ်လူငယ်တွေခံစားနေရတဲ့ အအိပ်ပျက်ရောဂါ insomania အကြောင်းလေး ရေးပေးပါခင်ဗျား။

အိပ်မပျော်တဲ့ရောဂါဆိုတာ ကျန်းမာရေးကြောင့်နဲ့ စိတ်ပိုင်းကြောင့် ဖြစ်စေနိုင်တယ်။ အိပ်တဲ့စနစ်လိုတာလည်းရှိတယ်။ ဆေးသုတေသနဆရာဝန်တွေက ဦးနှောက်ကိုပါလေ့လာကြတယ်။ လူတိုင်းမှာ အိပ်ချိန်နဲ့ နိုးနေချိန် အလှည့်ကျရှိတယ်။ တခုဖြစ်နေစဉ် ကျန်တခုက မဖြစ်ပါ။ တမျိုးမျိုးမှာ လွန်ကဲနေခြင်းကနေ ကျန်တခုကိုပါသက်ရောက်စေတယ်။

Medical Causes of Insomnia ကျန်းမာရေးအကြောင်းခံ

အမျိုးမျိုးရှိတယ်။ သာမန်လောက်ကနေ ဆိုးတာအထိရှိတယ်။ တချို့ကျန်းမာရေးအကြောင်းခံတွေ သူ့ကိုယ်၌ကနေ အိပ်မရတာဖြစ်စေပြီး၊ တချို့တော့ ကျန်မာရေးကြောင့် အနေရအထိုင်ရ အအိပ်ရခက်စေတယ်။

• Nasal/sinus allergies နှာခေါင်းအလာဂျီဖြစ်ခြင်း၊

• Gastrointestinal problems such as reflux အက်စစ်ရည်အထက်ဆန်ခြင်း၊

• Hyperthyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါ၊

• Arthritis အဆစ်နာရောဂါ၊

• Asthma ပန်းနာ၊

• Parkinson's disease ပါကင်ဆန်ရောဂါ၊

• Chronic pain နာတာရှည်နာနေခြင်းရောဂါ၊

• Low back pain ခါးနာရောဂါ။

• Medicines အလာဂျီဆေးတွေ၊ သွေးတိုးကျဆေးတွေ၊ နှလုံးရောဂါဆေးတွေ၊ လည်ပင်းကြီးရောဂါဆေးတွေ၊ ပန်းနာဆေးတွေ၊ စိတ်မကျဆေးတွေကနေလည်း အိပ်မရတာဖြစ်စေနိုင်တယ်။

Restless legs syndrome ခေါ် ခြေမငြိမ်အာရုံကြောရောဂါတမျိုးရှိရင် အိပ်မရဖြစ်တယ်။ ညနေပိုင်းပိုဆိုးတယ်။

Sleep apnea ဆိုတာလည်း အိပ်မရတာနဲ့ဆက်စပ်နေတယ်။ အသက်ရှူလမ်း တဝက်တပျက် သို့ အကုန်ပိတ်နေလို့။

Insomnia & Depression စိတ်ကျရောဂါနဲ့ အိပ်မရခြင်း

Insomnia & Anxiety စိုးရိမ်စိတ်ကဲသူတွေမှာလည်း အိပ်မရဖြစ်တယ်။

Tension စိတ်ဖိအားများနေရင်လည်း ဖြစ်တယ်။

Insomnia & Lifestyle လူနေမှုပုံစံ လိုအပ်နေလို့လည်း အိပ်မရဖြစ်တယ်။ အရင်ကနေ နေထိုင်လုပ်ကိုင်စားသောက်တာကနေ အပြောင်းအလဲဖြစ်သွားရင်ဖြစ်တယ်။ ဥပမာ အလုပ်ချိန်ပြောင်းခြင်း။

Insomnia & Food အစားအသောက်ကနေလည်း ဖြစ်စေနိုင်တယ်။

တယောက်နဲ့တယောက် မတူတတ်ပါ။ အရက်ကြောင့်အိပ်မရတာလည်းရှိတယ်။ မူးယစ်ဆေးကြောင့်လည်းဖြစ်မယ်။ ကေဖင်းဓါတ်များရင် လန်းဆန်းနေလို့ အိပ်မရဖြစ်တယ်။ ရင်တုန်နေမယ်။ ဆေးလိပ်ထဲပါ နီကိုတင်းကလည်း အိပ်မရဖြစ်စေတယ်။ ညစာစားတာ များသွားတဲ့အခါ အိပ်မပျော်ဖြစ်တတ်တယ်။

1. Pregnancy and Sleeping pills ကိုယ်ဝန်နဲ့ အိပ်ဆေး https://dr-tint-swe.blogspot.com/2021/06/pregnancy-and-sleeping-pills.html

2. Sleeping positions during pregnancy ကိုယ်ဝန်ဆောင်စဉ် ဘယ်လိုအိပ်သင့်သလဲ 

3. The acute effects of the COVID-19 pandemic on insomnia and psychological symptoms ကိုဗစ်နှင့် အိပ်မရခြင်း https://dr-tint-swe.blogspot.com/2021/09/the-acute-effects-of-covid-19-pandemic.html

4. Melatonin and Cyproterone acetate အိပ်ဆေးများ https://dr-tint-swe.blogspot.com/2020/12/sleep-disorders.html

5. Night terrors ဘီလူးစီးခံရခြင်း (၁) https://dr-tint-swe.blogspot.com/2021/06/night-terrors.html

6. Sleep paralysis ဘီလူးစီးခြင်း (၂) https://dr-tint-swe.blogspot.com/.../06/sleep-paralysis.html

7. Sleeping မအိပ်ဘဲနေ အသက်မရှည် https://dr-tint-swe.blogspot.com/2020/12/sleeping.html

8. Melatonin and Cyproterone acetate အိပ်ဆေးများ https://dr-tint-swe.blogspot.com/2020/12/sleep-disorders.html

9. Sleep myths အိပ်စက်ခြင်း အယူအဆမှားများ https://dr-tint-swe.blogspot.com/2020/12/sleep-myths.html

10. Sleep paralysis ဘီလူးစီးခြင်း https://dr-tint-swe.blogspot.com/2021/06/sleep-paralysis.html

11. Sleeping pills အိပ်ဆေး https://dr-tint-swe.blogspot.com/2020/12/sleeping-pills.html

12. Melatonin မယ်လာတိုနင် https://dr-tint-swe.blogspot.com/2021/08/melatonin.html

13. Insomnia အိပ်မရခြင်း https://dr-tint-swe.blogspot.com/2021/10/insomnia.html

Melatonin မယ်လာတိုနင် https://dr-tint-swe.blogspot.com/2021/08/melatonin.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ