Pegu Range ရိုးမကို သက်သေတည်
- အဲဒီအဖွဲ့ထဲမှာ ဆရာပါလား။
- နိုး။
၁၉၆၃ ခုနှစ်ဆိုရင် ကျွန်တော်က ၈ တန်းကျောင်းသား။ မုံရွာမှာတော့ အစိုးရကို တိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ မရှိပါ။
ပဲခူးရိုးမမှာက ဗကပ။
ကျွန်တော် ၅ နှစ်သားအထိကတော့ အလံနီကြီးစိုးရာမှာ နေခဲ့ရတယ်။ ပုံတောင်ခြေနဲ့ ယမားချောင်းဘေးမှာ။
၁၉၉၀ နောက် ပြည်ပနိုင်ငံရေးထဲရောက်တော့ လွတ်မြောက်နယ်မြေမှာ အစိုးရသတင်းစာတွေအခေါ်အရ သူပုန်တွေ အကုန်ရှိတယ်။ သူတို့ကဘဲ ကျွန်တော်တို့ရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးကြပါတယ်။
ဦးနု၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ခေတ်တွေကို ကလေး၊ ကျောင်းသား၊ ဆရာဝန်၊ နိုင်ငံရေး လုပ်သူအဖြစ် စီကာစဉ်ကာ ဖြတ်သန်းခဲ့ပါတယ်။
၂၀၁၈ ခုနှစ် နွေရာသီ မြန်မာပြည်ကို ၂၇ နှစ်ခွဲအကြာမှာ ပဌမဆုံးအကြိမ် အလည်ပြန်တော့ ဗဂိုးရိုးမကြီးကို ကန့်လန့်ဖြတ်ခဲ့ပါတယ်။ စာတွေထဲမှာ ဖတ်ခဲ့ဘူးတာတွေကို မျက်စိထဲ ပြန်မြင်တယ်။
ပုံထဲမှာလည်း ကျွန်တော်မပါ။ ပဲခူးရိုးမပုံ အဆင်ပြေတာ ဒီတခုသာတွေ့လို့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment