Enervon C အင်နာဗွန် (စီ)

၁။ ENERVON-C စွဲသောက်နေတာ နှစ်ချီ နေပြီရှင့်။ ဆက်ပြီးသောက်သင့်ပါသလားရှင့်။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။ ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပါစေရှင့်ဆရာ။
မေးတဲ့သူ အသက် မသိ။ ဘာကြောင့် ဆေးသောက်ရသလဲ မသိ။ အမျိုးသမီးတွေ အသက်ရလာတာနဲ့ ကယ်လ်စီယမ်လိုကြတယ်။ သွေးအားနည်းသူ သံဓါတ်လိုကြတယ်။ အားဆေးဆိုတာ အများဆုံးသုံးတာက ဗီတာမင်အစုံပါတဲ့ဆေးဖြစ်တယ်။ တယောက်နဲ့တယောက် လိုအပ်ချက် မတူပါ။

၂။ အန်နာဗွန်စီ သောက်ရင် အိပ်တယ်။ ဖိုင်နယ်မှာပေပါသရီးဖြေမယ့်ည လျှာရှည်ပြီးသောက်မိ။ မနိုးသောအိပ်ခြင်းနဲ့ စာဖြေခန်းမီရုံနိုး။ ဘာမှကိုစာမဖတ်လိုက်ရပဲ လမ်းတွေလျှောက်ပြီးရွတ်ခဲ့ရတဲ့ အမှတ်တရ။ ဒါပေမယ့် ၄ကြိမ်ပြန်ပြီးသား ညကတကြိမ် မနက်တကြိမ် နွှေးဘို့ မမီလိုက်တာလေ။ စိတ်ပဲ။ ၆ကြိမ်ဖတ်ပြီးမှ သွားဖြေတာ။ ၆ ကြိမ်မှမဟုတ်ရင် မေ့သွားမယ်ပဲထင်တာ။ ပုံစံခွက်ကို ကိုယ့်ဘာသာ ဇယားချထားတာလေ။ အော်ဂဲနစ်မှာတော့ ၄ ကြိမ်နဲ့ဖြေရတာ။ 

၃။ဆရာ Enervon C နေ့တိုင်းသောက်ရင် အသည်းရောဂါဖြစ်တယ်ဆိုတာဟုတ်ပါသလား။ ဘာဆိုးကျိုးများရှိပါသလဲ။ ကျေးဇူးပြုပြီးဖြေပေးပါ။

Enervon-C Tablets ဆေးပြားထဲမှာ ဗီတာမင် ဘီ-၁၊ ဘီ-၁၂၊ ဘီ-၃၊ ဘီ-၅၊ ဘီ-၆ နဲ့ဗီတာမင်စီတွေပါဝင်တယ်။ အဲတာတွေထဲက ပြောစရာကတော့ ဗီတာမင် (စီ) ဖြစ်တယ်။ ဗီတာမင် (စီ) ဟာ (အက်စကောဗစ်အက်စစ်) ဖြစ်တယ်။ နည်းရင် Scurvy (စကာဗီ) ရောဂါဖြစ်တယ်။ မအီမသာ ခံစားရတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်တာပါ။ ပြီးတော့မှ ခြေထောက် အရေပြားမှာ အစက်အပျောက်လေးတွေ ပေါ်တယ်။ သွားဖုံးရောင်လာမယ်။ နေရာတချို့မှာ သွေးထွက်မယ်။ ကြာလာရင် အနာတွေဖြစ်မယ်။ ပြည်တည်နိုင်တယ်။ သွားတွေ ကျွတ်ထွက်မယ်။ အသားဝါဖြစ်မယ်။ ကိုယ်ပူမယ်။ အာရုံကြောတွေထုံမယ်။ သွေးယိုတာနဲ့ သေဆုံးနိုင်တယ်။

ပင်လယ်ခရီးသွားသင်္ဘောသားတွေ၊ ပင်လယ်ဓါးပြတွေမှာ အဖြစ်များတယ်။ အသီးအရွက် စိုစိုစိမ်းစိမ်း မစားရတာကြာလို့ ဖြစ်တယ်။ ကုသရာမှာ လတ်ဆတ်တဲ့ အသီးအနှံတွေစားစေရတယ်။ လိမ္မော်သီး။ သံပုရာသီး၊ ကမ္ဗလာသီး၊ ရှောက်သီး အမျိုးမျိုး၊ ဆီးဖြူသီး၊ စပျစ်သီး၊ ခရမ်းချဉ်သီး၊ ဆီးသီး စတာတွေမှာများတယ်။ အသားငါးတွေမှာလည်းပါတယ်။

ဗီတာမင် (စီ) ကို အအေးမိတာအတွက်လည်းပေးတာ တချို့သုတေသနက ထိရောက်တယ်ပြောတယ်။ အနာတွေ ကျက်တာကောင်းစေဘို့လည်း ပေးလေ့ရှိတယ်။ နှလုံး၊ သွေးကြောအတွက်လည်းကောင်းစေတယ်။ မျက်စိရေတိမ်၊ သည်းခြေအိတ်ရောဂါ၊ သွားအခေါင်းပေါက်တာ၊ ဝမ်းချုပ်တာ၊ ခုခံအားကောင်းစေဘို့ရာ၊ ပန်းနာ၊ လေပြွန်ရောင်တာ၊ ကင်ဆာ၊ အဆစ်နာ၊ ကလေးမရသေးတာ၊ ဆီးချို စတာတွေမှာလည်းပေလေ့ရှိတယ်။ အရက်ဖြတ်၊ ဆေးဖြတ်သူတွေအပြင် အသက်အိုစာတာနည်းစေဘို့ဆိုပြီးလည်း ပေးတယ်။ သွားဖုံးရောဂါ၊ အရေပြားအနာ၊ အရေပြားစိုပြေစေဘို့၊ HIV ပိုးရှိနေတာ၊ လေနာ၊ ဝမ်းကိုက်၊ ဝက်ခြံ စတာတွေအတွက်လည်း ပေးတယ်။ စိတ်ဓါတ်ကျနေသူတွေ၊ မှတ်ဉာဏ်နည်းသူလူကြီးတွေ၊ ဉာဏ်ရည်နည်းတဲ့ ကလေးတွေကိုလည်း ပေးတယ်။

လူကြီးတယောက်၊ တနေ့မှာ ဗီတာမင် (စီ) 65 to 90 mg လိုတယ်။ ဒါပေမယ့် ဗီတာမင် (စီ) များရင်တော့ ဝမ်းလျှော၊ ပျို့၊ အန်၊ ရင်ပူ၊ ခေါင်းကိုက်၊ အိပ်မရ၊ ကျောက်ကပ်ကျောက်တည်တာတွေဖြစ်လာစေနိုင်တယ်။

Vitamins ဗီတာမင်တွေက မအိပ်ချင်စေပါ။ Enervon ထဲမှာလည်း အိပ်ချင်စေတဲ့ဓါတ် မပါ။

Vitamin C ဗီတာမင်စီရဲ့ ဘေးထွက်သက်ရောက်မှုများ
အများဆုံးဖြစ်တာက ပျို့၊ အန်၊ ရင်ပူ၊ အစာမျိုပြွန်ရောင်၊ ဗိုက်အောင့်၊ ဝမ်းပျက်။ တချို့မှာ အားနည်း၊ ခေါင်းကိုက်၊ အိပ်ချင်၊ အိပ်မရ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ