Megace (Megastrol acetate) ဆေး
megace 160mg အစာမစားမှီ နာရီဝက်မှာသောက်ခိုင်းတာ ဘာအတွက်သောက်ခိုင်းတာလဲခင်ဗျာ ကျေးဇူးပြု၍ သိချင်လို့ပါခင်ဗျာ
Megestrol ဆေးကို စားချင်စိတ်နည်းနေသူတွေ၊ ကိုယ်အလေးချိန်ကျနေသူတွေကို ပေးတယ်။ အများအားဖြင့် AIDS လူနာတွေအတွက်သုံးတယ်။ Progesterone ဟော်မုန်းဆေးဖြစ်တယ်။
ဆေးကို 160 mg ၁ လုံး သို့မဟုတ် 40 mg ၄ ပြား၊ တနေ့ တကြိမ် သောက်ရမယ်။
ရေတဖန်ခွက်နဲ့ သောက်ပါ။
နေ့စဉ် သောက်နေကျအချိန်မှာ သောက်ပါ။
အစာနဲ့ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ သောက်နိုင်တယ်။
တရက်မေ့သွားရင် နောက်ရက်မှာ ၂ လုံး မသောက်ပါနဲ့။
မေးခွန်းမေးသူရဲ့ ဆရာဝန်က အစာမစားမီ နာရီဝက်ဆိုရင်လည်း ကုသပေးနေတဲ့ဆရာဝန် ညွှန်တဲ့အတိုင်း သောက်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment