Baby Shrimp ပုစွန်ဆိတ်
တမာရွက်၊ ကြက်ဟင်းခါးသီး၊ ဟိုတနေ့က ညောင်ရွက်။ အခုနောက်ဆုံးက မျှစ်။ ရှိသေးတယ်။
အိန္ဒိယ ဘယဆေးပညာမှာ တမာရွက်က သွေးတိုးကျစေသတဲ့။ ဗမာပြည်မှာ အဲလိုစားစရာတွေ အသံကြားတာနဲ့ တက်သွားလိုက်တာ အိမ်ခေါင်မိုးပေါ်ရောက်ရော။
မြန်မာ့အစားအစာတွေမှာ တမျိုးတမယ်တည်း စားကြတာ နည်းတယ်။ ဟင်း၂ ခွက် ၃ ခွက်ပါလေ့ရှိတယ်။ ဟင်းတခွက်ကို အသေအချာစီမံပြီး ရောနှောချက်ရတာတွေကလည်း များတယ်။ အခြေခံကတော့ ရေ၊ ဆီ၊ ဆား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ဂျင်း၊ ငရုတ်သီး စသည်။
အသား ငါး ရောတဲ့အခါ ရောတယ်။ ပုစွန်ခြောက် ပါချင်ပါမယ်။ ငပိနဲ့ ငန်ပြာရည်ပါတတ်တယ်။ ဟင်းချိုမှုန့်၊ အသာမှုန့် မခတ်ရမနေနိုင်သူတွေကလည်း အတော်များတယ်။
ဘာဟင်းစားစား ပုစွန်ဆိတ်ခေါင်းပေါ်ပုံချကြတယ်။
သာမိုမီတာ အိမ်မှာမရှိသူက ဖျားသတဲ့။ ဘီပီတိုင်းစရာ ဘယ်မှန်းမသိ သွေးတက်၏တဲ့။ ဖေ့စ်ဘွတ် ပွတ်ပြီး ဟိုမြို့ ဟိုရွာကလူ ကိုရိုနာကြောင့် သေရတာတဲ့။
ဆောရီးပဲ ပုစွန်ဆိတ်လေးရေ့။
ဒေါက်တာတင့်ဆွေ
၁၅-၃-၂၀၂၀
Comments
Post a Comment