Systolic Pressure အထက်သွေးကျတာပါရှင့်

မင်္ဂလာပါဆရာ ကျွန်မ အသက်က ၂၄နှစ်ပါ အပျိုပါရှင့် ရာသီကမှန်ပါတယ် ကျွန်မအခုဖြစ်နေတဲ့လက္ခဏာတွေကြောင့် နှလုံးရောဂါ ဖြစ်နိုင် မဖြစ်နိုင်သိချင်လို့ပါရှင့် တခါတလေ နှလုံးတုန်တတ်ပါတယ်ရှင့် နောက်ပြီး ဘယ်ဘက်ရင်အုံက စူးခနဲ ထိုးတတ်ပါတယ် ဒေါသဖြစ်တဲ့အခါ အသက်ရှူကျပ်ပြီး ခြေတွေလက်တွေကျဉ် တတ်ပါတယ်ရှင့် အဲ့ဒါတွေကြောင့် နှလုံးရောဂါဖြစ်နိုင်မဖြစ်နိုင်သိပါရစေ ဖြစ်နိုင်တယ်ဆိုရင် ဘယ်လို ကာကွယ်နိုင်သလဲဆိုတာကို ဖြေကြားပေးစေလိုပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်

နှလုံးခုန်နှုန်း တမိနစ် ဘယ်လောက်သိသင့်။ လက်ကောက်ဝတ် လက်မနေရာကနေ စမ်းနိုင်။

ဟုတ်ကဲ့ပါရှင့် ကျွန်မတိုင်းပါဦးမယ်ရှင့် တမိနစ်မှာ ၈၀ ၉၀လောက်ရှိပါတယ်ရှင့် အဲ့ဒါကပုံမှန်အချိန်ပါ ရှင့် သွေးပေါင်လည်း မကြာခဏကျတတ်ပါတယ်ရှင့်

သွေးဖိအားဆိုတာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းပြောရတယ်။ ရမ်းဖြေလို့မရ။

အထက်သွေးကျတာပါရှင့်

မေးခွန်းကို ပို့စ်မှာသုံးတော့မယ်။ တစ်ခါတစ်လေနဲ့ တစ်မိနစ်ကို ပြင်လိုက်တယ်။ ဆောရီး။ ကျွန်တော့်စာမျက်နှာမှာ ပေါ်လစီသတ်ပုံ မသုံးပါ။

သွေးဖိအားဆိုတာ အထက်ဂဏန်းနဲ့ အောက်ဂဏန်းပြောရတယ်လို့ ဖြေထားတယ်။ ဂဏန်းမပြောရင် ဖြေမရ။

အဲလိုပဲ သွေးအားနည်းတယ်ပြောကြတယ်။ Hb ခေါ် သွေးစစ်ချက်အဖြေ မသိရပဲ သွေးအားနည်း မနည်း မသိနိုင်။ အဲလိုပဲ အလုံးရှိတယ်၊ ရေအိတ်ရှိတယ် ပြောကြတယ်။ အာထွာဆောင်းအဖြေစာ (ပုံမဟုတ်) မဖတ်ရပဲ ဖြေမရပါ။ လည်ပင်းကြီးရောဂါလို့ မေးကြတယ်။ ဟော်မုန်း အနည်း အများမသိရပဲ ဖြေမရပါ။

မမေးတတ်ရင် အဖြေမရ။ စာမေးပွဲနဲ့ ပြောင်းပြန်။

ဒေါက်တာတင့်ဆွေ

၉-၉-၂၀၁၈

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ