မုန့်ဟင်းခါးထဲက ငရုတ်သီးမှုန့်

တင်ထားတာတခုကို ဖတ်ကြည့်ပါသည်။

“မုန့်ဟင်းခါးထဲ ငရုတ်သီးမှုန့် မထည့်တော့ဘူးနော် ဘာလို့ဆို ငရုတ်သီးစားတာက အဖုတွေအပိန့်တွေ ထွက်တတ်တယ် ပြီးတော့ ကျန်းမာရေးနဲ့မ‌ညီညွတ်ဘူးလေ များများစားရင် ဗိုက်အောင့်တယ် ဥပမာပြောရရင် အိမ်နားကဦးလေးဆို ငရုတ်သီးအစားများပြီး ဗိုက်အောင့်ဆုံးတာပဲ ဒါကြောင့် တော်ပါပြီ”

မဟုတ်လောက်ပါ။ မမှန်နိုင်ပါ။ 

သေဆုံးသူကို သေဆုံးရခြင်း အကြောင်းရင်း သိရအောင် ရင်ခွဲစစ်ဆေးရပါမည်။ ရောဂါအခံရှိနေရင သူ့ကိုကုသပေးနေတဲ့ ဆရာဝန်တွေက သိမည်။ အစာအိမ်ရောဂါလား။ အူရောဂါလား။ ကင်ဆာလား။

ငရုတ်သီးနဲ့ဆိုင် မဆိုင်သိမည်။ ငရုတ်သီးမှုန့် ဖြစ်ရင်ရင်လည်း သေဆုံးသူစားတဲ့ငရုတ်သီးကို ဓါတ်ခွဲစစ်ဆေးရပါဦးမည်။ 

လူကိုသေစေနိုင်တာပါနေရင် ငရတ်သီးရောင်းသူကို အရေးယူရမည်။ ပိတ်ပင်ရမည်။

အဲဒီ ငရုတ်သီးကို စားသုံးသူအရေအတွက် မနည်းလောက်ပါ။ အားလုံးကိုပါ မေးမြန်း စစ်ဆေးရပါမည်။

လူတယောက်သေဆုံးရတယ်ဆိုတာ လူသေမှုဖြစ်တယ်။ ပေါ့ပေါ့တန်တန်မလုပ်ရပါ။

သတင်းတခုကိုလည်း ပေါ့ပေါ့ဆဆ မရေးရပါ။

ငရုတ်သီးစားလို့ သေတာမှန်ရင် တကမ္ဘာလုံး တုန်လှုပ်သွားမည်။ 

မြန်မာပြည်မှာတော့ သတင်းမှားရင် ‘လိုက်ခ်’ တွေများပြီး ‘ဖေါ်လိုဝါ’ သာဝကတွေများမည်။ ‘ဆဲလီ’ ဖြစ်သွားမည်။

မြန်မာ့ မုန့်ဟင်းခါးနဲ့ ငရုတ်သီးကို နာမည်မဖျက်သင့်ပါ။

Cayenne Pepper vs. Chili Powder

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး