ကျပ်ပြားဝိုင်း

ကနေ့ခေတ်လူငယ်လူရွယ်တွေက ကျပ်ပြားဝိုင်းကို မသိလောက်ကြပါ။ ၁ ကျပြ်ပား။
ကျွန်တော့ မျက်စိမြင်လွှာမှာ Epiretinal membrane အပေါ်ယံအဖုံးလွှာတခုဖြစ်လို့ ၂၂-၁၀-၂၀၂၄ နေ့က ခွဲရတယ်။
မျက်စိထဲကို လေ(သို့)စီလီကွန်ပူဖေါင်း air or silicon oil bubble ထည့်ရသတဲ့။
တပတ်ကြာ မျက်စိတဖက်ဖုံးနဲ့ နေရတယ်။ အပြင်မထွက်ပါ။
မျက်စဉ်း နှစ်မျိုးကို တနေ့ ၄ ကြိမ်စီ ခတ်ရတယ်။
ပြန်ပြပြီးနောက်မှာ တနေ့ ၃ ကြိမ်။
‘ဘာဘယ်’ ဆိုတဲ့ အနက်ရောင်ဝိုင်းစက်နေတာကို တွေ့နေရတယ်။
အစရက်တွေမှာ အပြည့်လိုလိုကွယ်နေတယ်။ ဆန်ကောဝိုင်းလောက်ရှိမည်။ ဆန်ကောတော့ တချို့ သိကြမယ်။
ပြီးခဲ့တဲ့အပတ်က တန်ဆောင်မုန်းလပြည့်ည လကို လငပုပ်ဖမ်းထားသလို အရွယ်အစားကြီးတယ်။
နောက် သေးသေးလာပါသည်။
ဟိုတနေ့က ကျပ်ပြားဝိုင်းလောက်။
တမြန်နေ့က ငါးမူးပြားလောက်။
မနေ့က ပဲစိလောက်။ ပဲဆိုတာ စားတဲ့ပဲ မဟုတ်ပါ။ ၁၆ ပဲ တကျပ်။ ဒေါ်လာနဲ့ 1 cent (penny) ပြားအရွယ်။
ကနေ့ မရှိတော့ပါ။ 
အမြင်စွမ်းအားကတော့ တဖြည်းဖြည်း တိုးတက်လာမယ်တဲ့။
ကနေ့ လက်ဖက်ရည်ဆိုင် ရောက်တယ်။ ကောက်ညှင်းပေါင်း စားခဲ့တယ်။
ခရီးဝေးတခု သွားစရာရှိပေမဲ့ မလိုက်နိုင်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး