ကြော်ငြာအားဆေးတွေမှာ ဆေးသုတေသနမရှိ

မင်္ဂလာပါ ဆရာ သမီး ကိုယ်ဝန် ၃လ ပါ Brand ကြက်ပေါင်း ငှက်သိုက် overtone အနီရောင် သောက်လို့ရပါသလား ဆရာ

ခဏခဏဖြေတယ်။ ကိုယ်ဝန်မှာ ကိုယ်တသက်လုံးစားသောက်လာတာတွေထဲက အနည်းဆုံး ၉၀% စားနိုင်တယ်။ ကလေးနို့တိုက်ချိန်လည်း အတူတူပဲ။

ကြော်ငြာအားဆေးတွေမှာ ဆေးသုတေသနမရှိ။ ကိုယ်ဝန်အပ်ရင် ကိုယ်ဝန်ဆောင်အားဆေး လိုသူတွေကို ပေးမယ်။

အစားအသောက်ဆိုတာ လုံလောက် + မျှတ + သန့်ရှင်း + လတ်ဆတ်ရတယ်။ အဲတာတွေထက်ကောင်းတဲ့အားဆေးမျိုး ဘယ်တိုင်းပြည်မှာမဆို မရှိပါ။

ကမ္ဘာပေါ်မှာ ၁၉၆ နိုင်ံရှိတယ်။ နိုင်ငံတိုင်းမှာ ကိုယ်ဝန်ဆောင်ရှိတယ်။ မေးခွန်ထဲဟာတွေ တလ

ခြား ၁၉၅ နိုင်ငံမှာ မရှိ။ သူတို့ဆီမှာလည်း ကလေးတွေ ကျန်းမာကြပါတယ်။

ဒေါက်တာတင့်ဆွေ

၄-၁၁-၂၀၁၉

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး