Coffee and Alcohol ကောဖီ နှင့် အရက်

ကော်ဖီ နဲ့ ဘာနဲ့ တွဲမသောက်ရဘူးဆိုတာမျိုးတွေ မကြာခဏတွေ့ပါတယ်။ အရက်နဲ့ တွဲမသောက်ရတာကို ဆရာဝန်ကသာ ရေးရတယ်။

ယူအက်စ်အေမှာ ကော်ဖီသောက်သူဟာ အရွယ်ရောက်ပြီးသူအားလုံးရဲ့ ၆၇% ရှိတယ်။ တကမ္ဘာလုံးမှာ ကော်ဖီသောက်သူပေါင်း ၁ ဘီလီယန်ရှိတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၂့၆% ဖြစ်တယ်။

ယူအက်စ်အေမှာ အရက်သောက်သူဟာ အရွယ်ရောက်ပြီးသူအားလုံးရဲ့ ၇၉့၁% ရှိတယ်။ အမျိုးသား ၈ဝ့၁% နဲ့ အမျိုးသမီး ၇၂့၆% ရှိတယ်။

အနည်းအများနဲ့ အချိန်ကာလ ထည့်မရေးတော့ပါ။

အရက်နဲ့တွဲမသောက်သင့်တဲ့ဆေးစာရင်းလည်း တင်ပြထားပါတယ်။

ကော်ဖီနဲ့ တွဲမသောက်သင့်တဲ့ဆေးတွေကတော့ -

Blood thinners သွေးကျဲဆေးများ၊ aspirin, clopidogrel, ibuprofen, and warfarin တွေဖြစ်တယ်။

Antidepressants စိတ်မကျဆေးများ 

tricyclic antidepressants (TCAs) တွေဖြစ်တယ်။

Allergy and cold medications အလာဂျီဆေးများ

pseudoephedrine (Sudafed) ဆေးများဖြစ်တယ်။

Birth control pills ကိုယ်ဝန်တားဆေးများ

Lithium စိတ်ဆေး

Osteoporosis medications အရိုးဆေးများ

Blood pressure medications သွေးတိုးကျဆေးများ (verapamil (Verelan) ဆေး)။

ကော်ဖီကိုလည်း အတိုင်းအဆနဲ့ ဆင်ခြင်ရတယ်။ အရက်ကတော့ တခွက်ဆိုတခွက် စိတ်၊ ဦးနှောက်နဲ့ အသံတွေကို သက်ရောက်တယ်။

ကော်ဖီထက် အရက်ကို ပိုပြီးသတိထားရတယ်။

ကျန်းမာရေးနဲ့ ဆေးပညာအသိပညာပေးစာတွေကို ခပ်လွယ်လွယ် မရေးသင့်ကြပါ။ ဆေးသုတေသန အခိုင်အမာကို မကိုးကားဘဲ မရေးသင့်ကြပါ။

Medicines and Alcohol အရက်နဲ့တွဲရန်မသင့်သောဆေးများ https://dr-tint-swe.blogspot.com/2022/06/medicines-and-alcohol.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး