No image available ဆရာရှင့်

ကလေးအသက်က သုံးလပြည့်ပါပြီ ပုံထဲကအတိုင်း အလုံးကသုံးလုံးဖြစ်နေလို့ပါ အဲဒါဘယ်လိုဖြစ်နိုင်ပါလဲ စိုးရိမ်ရလားဆိုတာဖြေကြားပေးပါအုံးရှင့်

ဘယ်ဘက်အထက်က ဖောင်းနေတာက ကလေးအိပ်ပျော်ရင် ပျောက်သွားပြီး ငိုရင် ပိုဖေါင်းလာသလား။

ဒီပုံကခုမနက် အိပ်ရာနိုး ထပ်ရိုက်ထားတဲ့ပုံပါဆရာရှင့် ပုံကမှားသွားလို့ပါရှင့် အောက်ကပုံပါ ဖြစ်တာက ဘေးအိမ်က ကလေးပါ ကာကွယ်ဆေးထိုးပြီး ဖျားတဲ့အချိန်မှ အဲလိုဖြစ်လာတာလို့ပြောပါတယ် အိပ်နေရင်လဲအဲလိုအတိုင်းလို့ ပြောပါတယ်ရှင့်

ပုံအရနဲ့ ပြန်ဖြေတာတွေအရ အစိတခုက အောက်ထိမကျသေးတာလား စဉ်းစားရတယ်။ 

ဆရာဝန်က လက်နဲ့စမ်းတာနဲ့ ဟုတ် မဟုတ် သိနိုင်တယ်။

ဖေါင်းတဲ့ဘက်မှာ အလုံး တခုမကဆိုရင် အူကျတာကို စဉ်းစားရတယ်။ တခုတည်းသာရှိရင် အစိက အောက်ထိ မကျသေးတယ်။

ဘယ်ရောဂါဖြစ်ဖြစ် အရေးပေါ် မဟုတ်ပါ။

အူကျတဲ့ပုံနဲ့ မုတ်ရောဂါပုံတွေကို မသုံးရဲပါ။ ၂၀၁၈ ခုနှစ်က တနှစ်သားလေး အူကျတဲ့ပုံတင်မိလို့ ဖေ့စ်ဘွတ်က တလဘလော့တာ ခံခဲ့ရတယ်။

သူများတွေတင်နေကြတဲ့ မဟုတ်က ဟုတ်ကပုံတွေကတော့ ပလူပျံလို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး