Paranoid personality disorder (PPD) စိတ်ရောဂါ

ဆရာ ကျွန်တော် Paranoid personality disorder (PPD) စိတ်ရောဂါရှိလိူ့ အိမ်ထောင်ရေးတွေ အချစ်ရေးတွေမှာ ကွဲကွာပြတ်စဲခြင်းတွေ ဖြစ်နေလို့ ဒုက္ခအကြီးအကျယ်ရောက်မေရပါတယ်ဆရာ၊ဘယ်လိုကုသရင် ပျောက်ကင်းနိုင်မလဲဆရာ

Paranoid personality disorder (PPD) ဆိုတာ စိတ်ရောဂါတမျိုးဖြစ်တယ်။ သူတပါးကို မယုံကြည်မှုနဲ့ မသင်္ကာမှုတွေ ဖြစ်နေလေ့ရှိတယ်။

အဲဒါကို တကယ်ထင်မှတ်ပြီး ကိုယ့်ဆီရန်မပြုနိုင်စေအောင် အကာကွယ်ယူထားလေ့ရှိတယ်။

အဲလိုဖြစ်နေသူတွေကတော့ စိတ်အထူးကုဆရာဝန်နဲ့ ကုသရန်မလိုဘူးလို့ ထင်မှတ်တတ်ကြတယ်။ မိသားစုဝင်တွေ အပေါင်းအသင်းတွေကနေ စိတ်ဆရာဝန်ကိုပြသဘို့ အကြံပေးကြရတယ်။

psychotherapy (talk therapy) နည်း ခေါ် cognitive behavioral therapy (CBT) နည်းနဲ့ ကုသပေးမယ်။

dialectical behavior therapy (DBT) နည်းနဲ့လည်း ကုသပေးမယ်။

သူတို့က သူများကို မယုံကြည်တတ်ကြလို့ မိသားစု၊ မိတ်ဆွေ၊ ဆရာဝန်၊ သူနာပြုတွေကို ရန်မူတတ်တယ်။ 

ဆရာဝန်ညွှန်ကြားချက်ကိုပါ လိုက်နာချင်မှသာ လိုက်နာကြတယ်။

ဆေးရုံ ဆေးခန်းမှာ သူတို့ကို ကုသရတာ ခက်ခဲတတ်တယ်။ ဆရာဝန်တွေက သတိကြီးကြရတယ်။

စိတ်ဆေး ပေးလေ့နည်းပါတယ်။

anxiety စိုးရိမ်စိတ်ကဲတာနဲ့ depression စိတ်ဓါတ်ကျာအတွကတော့ anti-anxiety, antidepressant နဲ့ antipsychotic drugs ဆေးတွေပေးနိုင်တယ်။

အလားအလာ

ကုသမှုကို လက်ခံ လိုက်နာရင် ကောင်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Daflon 500 mg လိပ်ခေါင်းဆေး