Shingles vaccine ရှင်ဂဲလ်စ် ကာကွယ်ဆေး

ရေယုန်ကာကွယ်ဆေးထိုးသင့်လားဆရာ။

ရေယုန်ကာကွယ်ဆေး မပေါ်သေးပါ။ စမ်းသပ်ဆဲအဆင့်မှာသာရှိသေးတယ်။

လက်ရှိတွင်၊ mRNA-1608 ကာကွယ်ဆေးကို အသက် ၁၈-၅၅ နှစ်ကြား အရွယ်ရောက်ပြီးသူများတွင် ထပ်တလဲလဲ HSV-2 လိင်အင်္ဂါရေယုန်ရာဇဝင်ဖြင့် အဆင့် 1/2 လက်တွေ့စမ်းသပ်မှုတွင် လေ့လာလျက်ရှိသည်။ သုတေသီများသည် ဘေးကင်းရေးနှင့် ကိုယ်ခံအား တုံ့ပြန်မှုကို အကဲဖြတ်ရန် မတူညီသော ပမာဏများစွာကို စမ်းသပ်နေကြသည်။ လေ့လာမှုအား ၂၀၂၅ ခုနှစ် ဇွန်လတွင် ပြီးစီးရန် မျှော်မှန်းထားသည်။

မြန်မာပြည်က ကာကွယ်ဆေးကြော်ငြာတခု တွေပါတယ်။ ကာကွယ်ဆေးစာရင်းထဲက အောက်ဆုံးမှာ ရေယုံကာကွယ်ဆေးတဲ့။

ယူအက်စ်အေမှာတော့ ၂၀၂၅ ခုနှစ်အထိ ရေယုံကာကွယ်ဆေး မပေါ်သေးပါ။ စမ်းသပ်နေတာတွေသာရှိတယ်။ယူအက်စ်အေမှာ အသက်ကြီးသူတွေကိုထိုးပေးတဲ့ shingles (herpes zoster) ရှင်းဂဲလ်စ် ကာကွယ်ဆေးတော့ ရှိတယ်။

ရှင်းဂဲလ်စ်ကို တချို့က ဆင်ရေယုံလို့ ခေါ်ကြတယ်။ ကျွန်တော်ကတော့ ဆင်ဖြူတော်ရေယုံ။ တဆိတ်ရှိ ဆင်ဖြူတော်ကို နိုင်ငံရေးလုပ်နေကြလို့။

Vaccines For 65 လူအိုများအတွက် ကာကွယ်ဆေးများ

အမေရိကမှာ လူအိုဆိုတာ အသက် ၆၅ နှစ်ကစတယ်။ ကာကွယ်ဆေး ၅ မျိုးထိုးသင့်တယ်။

1. Influenza (flu) vaccine တုပ်ကွေး

2. Pneumonia vaccine နူမိုးနီးယား

3. Shingles vaccine ရှင်ဂဲလ်စ်

4. Tetanus, diphtheria and pertussis (Tdap) vaccine မေးခိုင်-ဆုံဆို့-ကြက်ညှာ

5. COVID-19 vaccine ကိုဗစ်

Shingles vaccine ရှင်ဂဲလ်စ် ကာကွယ်ဆေးဆိုတာ Shingrix (recombinant zoster vaccine) ဖြစ်တယ်။ အသက် ၅၀ ကစထိုးသင့်တယ်။

Pneumonia vaccine နူမိုးနီးယားကာကွယ်ဆေးကို ၆၅ နှစ်အထက်

pneumococcal conjugate vaccine (PCV13) နဲ့ pneumococcal polysaccharide vaccine (PPSV23) တွေဖြစ်တယ်။ တချို့ အသက် ၁၉ နှစ်ကနေ ၆၄ နှစ်အထိလည်း အဲဒါ ၂ မျိုးထိုးဘို့ လိုတတ်တယ်။

၆၅ နှစ်အထက်တွေက PPSV23 5 တလုံးကို PPSV23 ထိုးပြီးနောက် တနှစ်မှာ ထိုးရမယ်။ PPSV23 ကိုတော့ ထပ်ထိုးရန် မလိုပါ။

ယူအက်စ်အေမှာ နိုင်ငံရပ်ခြားခရီးသွားတွေအတွက် FDA ကအကြံပြုထားတဲ့ ကာကွယ်ဆေးစာရင်းရှိတယ်။ သွားလိုတဲ့တိုင်းပြည်အလိုက် လိုအပ်တဲ့ကာကွယ်ဆေး အရေအတွက် ကွာခြားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ