Norovirus Outbreaks နိုရို ဗိုင်းရပ်စ် ကူးစက်ရောဂါ

တရုပ်ပြည်မှာ အခုဖြစ်နေတဲ့ နိုရို ဗိုင်းရပ်စ် ပိုးက အရက်ပျံကို ခံနိုင်ရည်ရှိတယ်။ အောက်တိုဘာလကတည်းက တရုပ်ပြည်နေရာအတော်များများမှာ ဖြစ်နေတယ်။
ယူအက်စ်အေမှာလည်း တနှစ်မှာ လူနာ ၂၅၀၀ လောက်ဖြစ်တယ်။ နိုဝင်ဘာလကနေ ဧပြီလအတွင်း ဖြစ်လေ့ရှိတယ်။
အများအားဖြင့် စားသောက်ဆိုင်တွေကနေ စတယ်။ ဖြစ်နေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကူးစက်တယ်။ ပန်းကန်တွေ အတူတူစားတာကနေလည်း ကူးတယ်။ အစားအသောက်၊ ရေ၊ မျက်နှာပြင်တွေကနေလည်း ကူးတယ်။
ဘယ်ဗိုင်းရပ်စ်ကိုမဆို သေစေတဲ့ဆေး မရှိပါ။
ဖြစ်ရင် 
ရေဓါတ်၊ ဆားဓါတ် ဖြည့်ပေးရမယ်။ ရေ၊ အရည်များများသောက်ပါ။ ဓါတ်ဆားရေသောက်။ လိုအပ်ရင် သွင်းပေးရမယ်။
immodium ဝမ်းပိတ်ဆေးလိုရင် သောက်ရမယ်။
နားရမယ်။ အိမ်မှာသာ နေသင့်တယ်။
ခံစားနေရတာတွေ သက်သာပြီးနောက် ၄၈ နာရီ ကျောင်း၊ အလုပ်ပြန်မဝင်ရ။
လက်ကို မကြာခဏ ဆေးပါ။ ရိုးရိုးရေ + ရိုးရိုးဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာ ဆေးပါ။
လူနာရဲ့ အဝတ်အစား အသုံးအဆောင်တွေကို လျှော်ပါ။ မျက်နှာပြင်တွေကို bleach-based cleaning products ကလိုရင်းချွတ်ဆေးပါ ပိုးသန့်ရည်နဲ့ သန့်ရှင်းပါ။ ကိုဗစ်ဖြစ်စဉ်ကအတိုင်း။
Fact-checking if norovirus outbreaks have increased in the U.S.
Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ