Posts

Beauty of Hair ဥမ္မာဒန္တီထက် ရှည်သူများခေတ်

Image
ညံ့နုသားရေ မြဆံကေလည်း ဖြေသော်ပြန်တက် ဖနောင့်ထက်ဝယ် ကျောနက်တောင်ပံ ပိတုန်းပျံသို့ ဖိတ်လျှံရောင်ခြည် တလံရှည်လျက် (ဥမ္မာဒန္တီပျို့) ဥမ္မာဒန္တီရဲ့ ဆံကေသာဟာ တလံရှည်ပါသတဲ့။ ခုခေတ်ဥမ္မာဒန္တီတွေက (တစ်)လံရှည်ကြတယ်။ တစ်ပြီးလန်ထွက်နေတာလားလို့ထင်ရတယ်။ ဒေါက်တာတင့်ဆွေ

Secrets to healthy hair ဆံပင်ကျန်းမာရေး

Image
ဘယ်အသက်အရွယ်မှာမဆို ဆံပင်ကျန်းမာသန်စွမ်းစေနည်းကို ၁၃-၅-၂ဝ၁၅ နေ့က Fox news မှာ ရေးထားတယ်။ ဆံပင်ကောင်းနေတဲ့ အမျိုးသမီးတိုင်း ဆွဲဆောင်မှုရှိတယ်လို့ သိတာမို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိနေကြပါမယ်။ အကဲဖြတ်သူတချို့ကလည်း လူမြင်ရင် ဘယ်လိုဆံပင်နဲ့ မိန်းကလေးလို့ ပြောလေ့ရှိကြတယ်မဟုတ်ပါလား။ ဆံပင်ကောင်းခြင်းရဲ့လှို့ဝှက်ချက်ကဘာလဲ ဆံပင်ရဲ့ ၉၁% ဟာ ပရိုတင်းဖြစ်တယ်။ (အမိုင်နိုအက်စစ်) ဖြစ်တယ်။ ဒါကြောင့် စားတာသောက်တာထဲမှာ (ပရိုတင်း) ပါရမယ်။ (ဖက်တီးအက်စစ်) ပါရမယ်။ အဲတာက အဆီအစိမ်းဖြစ်တယ်။ မရှိမဖြစ် (အမိုင်နိုအက်စစ်) ဆိုတာ (ပရိုတင်း) အစိမ်းဖြစ်တယ်။ သတိထားဘို့က အဲဒီအစာတွေပါအောင်စားပေမယ့် ဆံပင်နဲ့ ခြေသည်း လက်သည်းတွေဆီကို နည်းနည်းလေးသာ ရောက်လာတယ်။ (ဖက်တီးအက်စစ်) နဲ့ (အမိုင်နိုအက်စစ်) စားတာထဲမှာ မနည်းစေရပါ။ အသက်ရလာရင် ဆံပင်လည်းအိုစာလာမယ်။ အရောင်ဖြူလာပြီ။ ကျွတ်လွယ်လာပြီ။ ကျွတ်ဆတ်လာပြီ။ ဆေးနည်းတွေ ပေးပေမယ့် မျိုးဗီဇမှာပါလာကိုတော့ ဆရာဝန်တွေက မတတ်နိုင်ပါ။ ပိုကောင်းနိုးနဲ့ ဈေးကြီတာတွေ၊ နာမည်ကြီးတာတွေ၊ ကြော်ငြာကောင်းတာတွေနောက် မလိုက်ရပါ။ လုပ်လို့ရတာကိုတော့ လုပ်သင့်ပါတယ်။ အစားအသောက်ပါ။ ဆံပင်ဖြူလာတာက (မယ်လင်နင်) ဓါတ်နဲ...

Umorok ရွှေလံဗိုလ်

Image
တနှစ်တခါ ရွှေဗမာတွေ ကရင်အိုယာပြင်ကို သွားကြတယ်။ ဝယ်ခြမ်းလာတာတွေထဲမှာ ရွှေလံဗိုလ် (ရွှေလံဘို) ငရုတ်သီးစိမ်းလည်းပါတယ်။ ကျွန်တော်တို့ ပြည်ထဲမှာနေစဉ်က မစားဘူးခဲ့ကြပါ။ အိန္ဒိယရောက်ကတည်းက မိုးရေးမှာ မိတ်ဆက်၊ အင်ဖားမှာ ရင်းနှီးပြီး ဒေလီမှာ အပေါင်းအဖော်ဖြစ်လာပါတော့တယ်။ နာဂတွေနဲ့ ကသည်း ခေါ် မဏိပူလူမျိုးတွေရဲ့ မပါမဖြစ်တဲ့ အင်မတန်မှ စပ်လှတဲ့ ငရုတ်သီးဖြစ်ပါတယ်။ သူတို့က Umorok ဥမရုတ် လို့ ခေါ်ကြတယ်။ အခြောက်က ပိုစပ်တယ်။ ဒီမှာရတဲ့ ရွှေလံဘိုက နာဂငရုတ်နဲ့ တထေရာတည်းမကျပါ။ ဥမရုတ်လောက် မစပ်။ အနံ့က ရွှေလံဘို မွှေးတာနဲ့ တော့တူတယ်။ မက်ဆီကိုမျိုးလို့ ထင်တယ်။ နာဂ ဥမရုတ်က ထောင်းတဲ့သူ PPE ဝတ်ထားရတယ်။ စားကောင်းပါတယ်။ ဒေါက်တာတင့်ဆွေ

Questions အရင်က ဖြေရတဲ့ မေးခွန်းများ

Image
( ကန်တော့) ဘလော့ အဟောင်းက လင့်တွေကို တင်လို့ မရပါ။ ဆောရီး။   ၁။ မင်္ဂလာပါဆရာ မိန်းကလေး အသက် ၁၉ (ရာသီမမှန်) အပျို မစစ် အိမ်ထောင်မရှိ မိန်ကလေး အင်္ဂါတဝိုက် ယားယံနေပါတယ်ဆရာ ဖြစ်တာ ၃ ရက်လောကျ ရှိပြီ ဘာကြောင့်ဖြစ်ပါသလဲ ဆရာ ဘယ်လိုကုသ နိုင်ပါသလဲ ဆရာ ပြောပြပေးပါ ဆရာ ကျေးဇူးတင်ပါတယ် ဆရာ Vaginal itching မိန်းမကိုယ် ယားခြင်း ၂။ မင်္ဂလာပါ ဆရာ။ ဆရာရဲ့ ဘလော့မှာယားနာအကြောင်းတွေ ဘယ်လိုရေးပြီး ရှာနိုင်ပါသလဲ ဆရာ။ Scabies ယားနာ (ဝဲ) ၃။ ဆရာ အသက် ၇နှစ် ၄လရှိပါပြီ။ ကျားပါ။ ၂၀၁၆တုန်းကတခါဖြစ်ဖူးပါတယ်။ အခုလက်အရေပြားဖြစ်နေတာ ၁၅ရက်ရှိပါပြီ။ ယားပါတယ်။ ဆေးခန်းပြတာ မသက်သာပါဘူး။ လိမ်းဆေးပေးပါတယ်။ လက်ကပူနေပါတယ်။ မဖြစ်ခင်က မြေဖြူဆော့ပါတယ်။ လက်နှစ်ဖက်စလုံးပါ ပေါင်ချိန်က ၄၆ပေါင်ပါ ကလေးအတွက်အားဆေး လိုအပ်ရင် ရချင်ပါတယ် ဖြေပေးပါနော် Cortisone 1% လိမ်းဆေး လိမ်းနိုင်။ Cetrizine စာဆေး တည တခြမ်းတိုက်နိုင်။ ၄။ မင်္ဂလာပါဆရာရှင့် ဘာသိုလင်အကျိတ်နဲ့ပတ်သက်တဲ့ရောဂါအကြောင်း ရေးထားတာလေး ဖတ်ချင်လို့ပါဆရာရှင့် ကျမဆေးခန်းမပြဖြစ်သေးလို့ပါဆရာရှင့် အသက်က ၄၃နှစ်မုဆိုးမပါ မီးယပ်သွေးလည်း မဆုံးသေးပါဘူးဆရာ ဘာသိုလင်အကျိတ်ရောင်...

Questions အရင်က ဖြေရတဲ့ မေးခွန်းများ

Image
( ကန်တော့) ဘလော့ အဟောင်းက လင့်တွေကို တင်လို့ မရပါ။ ဆောရီး။   ၁ ၁ ။ Page က ဘာလို့ ဘန်းတာလဲ မသိဘူး။ စာပို့တာ အမှားမပါ ပါဘူး ကျွန်တော့် Page ၂ခု သုံးမရတော့။ ဘာကြောင့်လဲ မသိ။ ၁ ၂ ။ မင်္ဂလာပါဆရာ ကျွန်မအသက်၂၉ နှစ် အိမ်ထောင်မရှိ အပျိုပါ ရာသီမလာတာ၂လရှိပါပြီ အန္တရာယ်ရှိလား သိချင်ပါတယ်ရှင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးတဲ့ဖြစ်ရပ်ရှိသလားရှင့် ကျေးဇူးတင်ပါတယ်ဆရာ မမေးမဖြစ် မေးရပါမယ် အတူနေကော ကင်းပါသလား။ အရင်ကကော အဲလို မလာတာဖြစ်ဘူးသလား။ အတူနေတာကင်းပါတယ်ဆရာ။ အရင်က ၁လလောက်မလာတာဖြစ်ဘူးပါတယ် အဲ့ဒါကလည်းအသက် ၂၀လောက်ကပါ။ ဒါပေမဲ့ အရင်လတွေမှာ ရာသီလာတာနည်းတဲ့အတွက် ရာသီမလာခင်၊ ရာသီလာနေဆဲမှာ မြန်မာဆေး (ကေသီပန်၊ မြတ်မေမေ၊ fame ကထုတ်တဲ့ပျိုမေပျားရည်) တခုမဟုတ်တခု သောက်ဖြစ်ပါတယ် ဆရာရှင့် မေးခွန်းပါအရပ်ဆေးတွေမှာ ဆေးသုတေသန မတွေ့ဖူး။ အကောင်း အဆိုး ဘေးထွက်ဆိုးကျိုးတွေ မသိ။ Amenorrhea ရာသီမလာရင် Menstruation (1) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၁) Menstruation (2) မိန်းမပီသတာ စိုးရိမ်စရာမရှိပါ (၂) Menstruation Questions ရာသီအကြောင်း သွေးဆုံးတာ မဟုတ်လောက်။ ဆရာကနေတော့ မစမ်းသပ် မစစ်ဆေးရလို့ ဘာလဲ အတိအ...

Questions အရင်က ဖြေရတဲ့ မေးခွန်းများ

Image
( ကန်တော့) ဘလော့ အဟောင်းက လင့်တွေကို တင်လို့ မရပါ။ ဆောရီး။   ၂ ၁ ။ အသက် ၂၉ ပါ ခြေလက်တွေ ထုံကျင်တဲ့ဝေဒနာ ခံစားနေရတယ် ဘာဆေးသောက်ရမလဲ သိချင်ပါတယ် ဆရာ ယောင်္ကျားလေးပါ နာရီဝက် ၁နာရီလောက်ထိုင်မိရင် ခြေလက်တွေ ထုံကျင်တတ်ပါတယ်ဆရာ ထိုင်တာ အိပ်တာ အလုပ်လုပ်တာမှာ အနေအထား မကြာခဏပြောင်းသင့်။ အနေအထိုင်ကြောင့် ထုံတာမဟုတ်ရင် ဗီတာမင်ဘီအုပ်စုအားဆေးသောက်နိုင်။ ၂ ၂ ။ ဆရာ အရေးပေါ်တားဆေးကို ၁လုံးကို ၂နာရီမှာသောက်ပြီး နောက်တလုံးကို ၁၂ခြားတာထက်လွန်ပြီး ၁၅နာရီခြားပြီး ၅နာရီမှ သောက်မိတာ ကိုယ်ဝန်ရနိုင်လားဆရာ ဘာဖြစ်တတ်လဲ ပြောပြပေးပါရှင် ကျေးဇူးပါရှင် အသက် မသိ။ အရေးပေါ်တာဆေးစာ ဘလော့မှာ ဖတ်နိုင်။ ၂၃။ ဆရာ ကျွန်တော့်သားကခု လေးလ ယောင်္ကျားလေးပါ ပြီးခဲ့တဲ့ ၄ရက်လောက်ကစပြီး နှာစေးချောင်းဆိုးတယ်ဆရာ မနေ့ကစပြီး ချောင်းဆိုးတာ အသံတော်တော်ကျယ်တယ်ဆရာ အာ့တာဘာဆေးတွေ တိုက်သင့်သလဲ ဘာတွေ လုပ်ရမလဲဆရာ ချောင်းဆိုးရတာ ကလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်တယ် ကလေးလည်းနေရတာ မသက်သာဘူးဆရာ စိတ်ပူတယ်ဆရာ Coughing and Children ကလေးတွေချောင်းဆိုးရင် Common Cold in children ကလေးတွေ အအေးမိရင် Humidifiers for Babies ကလေးတွေအတွက် ရေငွ...

Ricola Swiss Alpine Herbs ချောင်းဆိုးသက်သာချိုချဉ်

Image
Oral Anesthetic Lemon Mint ကျွန်တော်သည် အသက်ကြီးလာတော့ ချောင်းဆိုးချင်လာပါသည်။ ဆေးလိပ်မသောက်တာက ဆယ်စုနှစ်တွေ အတော်ကြာပြီ။ ကိုဗစ်လည်း အခုထိတော့ မဖြစ်ပါ။ တချို့ရက်တွေမှာ မနက်အိပ်ရာထရင် (ကန်တော့) ချွဲလေးနည်းနည်း ထုတ်ချင်သည်။ မီဒီယာက မေးရင် အတော်အားနာရပါသည်။ ဆောရီး။ အခုအဲလိုမဖြစ်တာ နည်းနည်းကြာပြီ။  နေ့လယ်နေ့ခင်းနဲ့ ညမှာ တခါတခါ ချောင်းဆိုးရပါသည်။ ချွဲတော့ မထွက်။ ပုံထဲကလို ချိုချဉ်ကို အနားမှာ အမြဲထားရသည်။ တံဆိပ်အမျိုးမျိုးရှိပါသည်။ ပျားရည် + ရှောက်သီးနဲ့လုပ်တာ အသုံးများပါသည်။ အခုဟာက တမျိုး။ ဆွစ်ဇာလန်ကလာတဲ့ တိုင်းရင်းဆေး။ အယ်လ်ပိုင်းတောင်တန်းက အသီးအရွက်နဲ့ ထုတ်လုပ်ပါသတဲ့။ ရှောက်သီး (သံပရိုသီး)ပါသည်။ အဆင်ပြေပါသည်။ ပူရှိန်းရှိန်လေးနဲ့ ချိုပါသည်။ သကြားမပါဟု ရေးထားသည်။ ပဋိဇီဝဆေး မပါ။ အိပ်စေတာ မပါ။ စွဲစေတာလည်း မပါ။  အာခေါင်နဲ့ လည်ချောင်းကို နွေးစေပြီး ရှင်းစေပါသည်။ ပျားရည်၊ ရှောက်သီးနဲ့ လုပ်တာထက် နည်းနည်းလေး ဈေးပိုသည်။ ဒေါက်တာတင့်ဆွေ