Questions အရင်က ဖြေရတဲ့ မေးခွန်းများ
(ကန်တော့)
ဘလော့ အဟောင်းက လင့်တွေကို တင်လို့ မရပါ။ ဆောရီး။
၂၁။ အသက် ၂၉ ပါ ခြေလက်တွေ ထုံကျင်တဲ့ဝေဒနာ ခံစားနေရတယ်
ဘာဆေးသောက်ရမလဲ သိချင်ပါတယ် ဆရာ ယောင်္ကျားလေးပါ နာရီဝက် ၁နာရီလောက်ထိုင်မိရင်
ခြေလက်တွေ ထုံကျင်တတ်ပါတယ်ဆရာ
ထိုင်တာ အိပ်တာ အလုပ်လုပ်တာမှာ အနေအထား မကြာခဏပြောင်းသင့်။ အနေအထိုင်ကြောင့် ထုံတာမဟုတ်ရင် ဗီတာမင်ဘီအုပ်စုအားဆေးသောက်နိုင်။
၂၂။ ဆရာ အရေးပေါ်တားဆေးကို ၁လုံးကို ၂နာရီမှာသောက်ပြီး
နောက်တလုံးကို ၁၂ခြားတာထက်လွန်ပြီး ၁၅နာရီခြားပြီး ၅နာရီမှ သောက်မိတာ
ကိုယ်ဝန်ရနိုင်လားဆရာ ဘာဖြစ်တတ်လဲ ပြောပြပေးပါရှင် ကျေးဇူးပါရှင်
အသက် မသိ။ အရေးပေါ်တာဆေးစာ ဘလော့မှာ ဖတ်နိုင်။
၂၃။ ဆရာ ကျွန်တော့်သားကခု လေးလ ယောင်္ကျားလေးပါ
ပြီးခဲ့တဲ့ ၄ရက်လောက်ကစပြီး နှာစေးချောင်းဆိုးတယ်ဆရာ မနေ့ကစပြီး ချောင်းဆိုးတာ
အသံတော်တော်ကျယ်တယ်ဆရာ အာ့တာဘာဆေးတွေ တိုက်သင့်သလဲ ဘာတွေ လုပ်ရမလဲဆရာ
ချောင်းဆိုးရတာ ကလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်တယ် ကလေးလည်းနေရတာ မသက်သာဘူးဆရာ
စိတ်ပူတယ်ဆရာ
Coughing and Children ကလေးတွေချောင်းဆိုးရင်
Common Cold in children ကလေးတွေ အအေးမိရင်
Humidifiers for Babies ကလေးတွေအတွက် ရေငွေ့ပေးစက်
Medicines for babies ကလေးနဲ့ ဆေး
၂၄။ မင်္ဂလာပါဆရာ ကျမ အသက် ၂၇ နှစ်ပါ။
အိမ်ထောင်ရှိပါတယ်။ ကလေးနို့တိုက်ပါတယ်။ ညရောက်ရင် လက်တွေ ထုံကျင်ပြီး
ကိုက်လို့ပါ။ ဒီရက်ပိုင်းအတွင်း ညာဘက် လက်ခလယ် တချောင်းတည်းကို လက်မောင်းအထိ
တလျှောက်လိုက် ကျင်ပြီး ကိုက်နေလို ပါ။ အိပ်မရလို့ပါဆရာ။ဘယ်လို ကုသ သင့်လဲဆိုတာ
လမ်းညွှန်ပေးပါဦးရှင်။ နောက်တခု မေးခွင့်ပြုပါ ဆရာ။ ဝမ်းဗိုက် ဘယ်ဘက်အခြမ်းက
တနေရာတည်း စူးပြီး အောင့်တာ ၃ ရက်ရှိပါပြီ။ ဘာဖြစ်လဲ မသိတော့ စိုးရိမ်လို့ပါ။
ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။
ထုံတာဆိုရင် အာရုံကြောကို အရင်စဉ်းစားရတယ်။ အစာအစာ ရှောင်သလား မသိ။
ကလေးမိခင်ဆိုတာ အစားအသောက် လုံလာက် + မျှတအောင်စားရတယ်။ ရှောင်စရာမလို။ အားနည်းသူ
ဗီတာမင်ဘီ + ဓါတ်ဆားပါ ရိုးရိုးအားဆေး နေ့စဉ် သောက်ရတယ်။ ကိုက်တာအတွက် Ibuprofen ဆေး တနေ့ ၁-၂-၃ ကြိမ် သောက်နိုင်တယ်။
ဗိုက်မှာ ဘာဖြစ်သလဲ သည်အတိုင်း မသိနိုင်။ ရာသီ မသိ။ ဘယ်ဘက်အောက်ပိုင်းဆိုရင် ဝမ်းနဲ့ အမျိုးသမီးဆိုရင် မျိုးဥအိမ်ကို စဉ်းစားရတယ်။
၂၅။ ဆရာရှင့် ကျွန်မမှာ အမွှာ(အမြွှာ)သမီး
၂ယောက်ရှိပါတယ် မွေးထားတာ ၁၃ရက်ရှိပါပြီ အကြီးလေးက မျက်ဝတ်လေး အမြဲထွက်နေပါတယ်
ပြီးတော့ တခါတလေမှာ အိပ်နေရင်းနဲ့ စို့ထားတဲ့နို့တွေ
နှာခေါင်းထဲကပြန်ပြန်လျှံထွက်လာပါတယ် စိုးရိမ်ရလားရှင့်
ဘာကြောင့်များအဲလိုဖြစ်ရတာပါလဲရှင့် လေးစားစွာဖြင့်
ပိုးသေဆေးပါ မျက်စဉ်းလိုပါမယ်။
Neonatal conjunctivitis မွေးကာစကလေး မျက်စိကျိန်းရောဂါ
Vomiting in babies ကလေးတွေအန်ရင်
၂၆။ ဆရာ သမီးသားလေးက အဖုအနီလေးတွေထွက်လာတယ်
သမီးဘာလုပ်ရမလည်း တခါမှမမြင်ဘူးဘူး အဖုလေးတွေက အနီရောင် စမ်းကြည့်ရင်ထိပ်ကမာမာလေး
အဖြူအဆီဥလေးတွေတွေ့ရတယ် သူကြည့်နေတာတော့ သူမကုပ်ဘူး ယားတာတော့လည်းမရှိဘူး
ပွားလာတော့တွေ့ရတယ် သမီးဆေးရုံခေါ်သွားရမလား မနက်မှဆေးခန်းသွားပြရမလား အရေးကြီးလား
ဆရာ
ဆရာဝန်ပြ မပြ နဲ့ စိုးရိမ်ရသလား မေးတာ ၂ ခုကို ဘယ်သူကမေးမေး မဖြေပါ။
ကလေး အသက် မသိ။ ဖြစ်တာဘယ်လောက်ကြာ မသိ။ ကလေးငယ်တွေ အရေပြားမှာဖြစ်တာ
အလိုလိုပျောက်တာ များတယ်။ ဗိုင်းရပ်စ်လား စဉ်းစားရတယ်။ အလာဂျီလည်း ဖြစ်တတ်တယ်။
ဖျားတာနဲ့တွဲရင် ဗိုင်းရပ်စ် သေချာတယ်။
ဗိုင်းရပ်ကလည်း အမျိုးမျိုးရှိတယ်။ ရေကျောက်၊ ဝက်သက်နဲ့ ဂျာမန်ဝက်သက်။ အလာဂျီ ခေါ် မတည့်တာကလည်း အမျိုးမျိုး။ တချို့ ကလေးပေါင်ဒါ၊ ဆပ်ပြာ၊ လိုးရှင်း။ တချို့ ဒိုယင်ယာပါကနေ နီရဲစေတယ်။ ဇင့်အောက်ဆိုဒ်ခရင်မ် လိမ်းရတယ်။ ဖန်းဂတ်စ် ခေါ် မှိုပိုးလည်း သတိထားရတယ်။ ပွေးလည်းရှိတယ်။ ကလိုထွိုင်မဇောလိမ်းဆေး လိုနိုင်တယ်။ နှင်းခူလို နာတာရှည်ဖြစ်လာလည်း အဖြစ်မနည်းပါ။ တချို့သာ အပျော့စားကော်တီဇုန်းခရင် လိုတယ်။ ယားလို့ ကုပ်ရာကနေ ဗက်ဆီးရီးယားပိုး ဝင်လာတတ်တယ်။ ရိုးရိုးအနာလိမ်းဆေးအပျော့စားနဲ့ရတယ်။ ကလေးတွေကို ဆေးသတိထားရမယ်။ အရပ်ဆေးတွေမှာ ဆေးသုတေသနမရှိပါ။ အမြင်မှာပျောက်ပြီး အမာရွတ် ထင်ကျန်မယ်။ ဆေးထွက်သက်ရောက်မှုတွေ ပြောမရပါ။ Calamine lotion ပါးပါးလိမ်းရင် ယားနာနဲ့ နီတာ သက်သာစေမယ်။ တကိုယ်ရေသန့်ရှင်းရေး ပိုလုပ်ပါ။
၂၇။ မင်္ဂလာပါ ဆရာ ကျွန်တော့ မိန်းမ အသက် ၂၄ သားအိမ်မှာ
ရေအိတ်တည်နေလိုပ ဆောင်ရန် ရှောင်ရန် လမ်းညွှန်ပေးပါဆရာ
ဆေးစစ်ချက်စာ ပုံမဟုတ် သိပါသလား။
ဗျာ
သားအိမ်မှာ ရေအိတ်တည်နေလို့ဆိုတာ ဘယ်လိုသိသလဲ။ အရပ်ခေါ်တွေ
တယောက်တမျိုးခေါ်ကြတယ်။ သားအိမ်မှာ အလုံးနဲ့ မျိုးဥအိမ်မှာရေအိတ်လို့
ခေါ်သူကများတယ်။ အာထွာဆောင်းအဖြေစာသိမှသာ ရောဂါအမည်အမှန်သိမယ်။
ဗျာ သူက ဆေးခန်းပြတယ်ဗျ ဆရာဝန်က ဆောင်ရန် ရှောင်ရန်မပြောပြလို့ဗျ
သားအိမ်မှာရေအိတ်လို့ပြောတယ်ဗျ သောက်ဆေးမနက်တစ်ခါ ညတစ်ခါသောက်ခိုင်းတယ် ကျန်တာက
မမှာတော့ ဆောင်ရန် ရှောင်ရန်တွေ မသိလို့ပါ ဆရာ
စမ်းသပ် ကုသပေးနေတဲ့ဆရာဝန်ကသာ သူ့လူနာရောဂါကို သိပါမယ်။ ဖြေရန်
မရှိပါ။
1. Epidemiology of Uterine fibroids သားအိမ်အလုံးဖြစ်နှုန်း
2. Fibroids and Pregnancy ကိုယ်ဝန်နှင့် သားအိမ်အလုံး
3. Fibroids Cure without losing Uterus သားအိမ်မဆုံးဘဲ
အလုံးပျောက်စေနည်း
4. Gynecology မီးယပ်ရောဂါ
5. My Patients Past and Present သားအိမ်အလုံး လူနာများ
6. Myoma Treatment သားအိမ်အလုံးကုသနည်းများ
7. Submucous fibroids သားအိမ်အတွင်းလွှာက အလုံး
8. Subserosal Fibroids သားအိမ်အလုံးတမျိုး
9. Uterine Fibroid (1) သားအိမ်အလုံး (၁)
10. Uterine Fibroid (2) သားအိမ်အလုံး (၂)
11. Uterine Fibroid Embolization (UFE) သားအိမ်အလုံးကို
သွေးကြောပိတ်နည်းနဲ့ကုသခြင်း
12. Uterine Fibroid သားအိမ်အလုံး
Dr. တင့်ဆွေ

Comments
Post a Comment