Secrets to healthy hair ဆံပင်ကျန်းမာရေး
ဆံပင်ကောင်းခြင်းရဲ့လှို့ဝှက်ချက်ကဘာလဲ
ဆံပင်ရဲ့ ၉၁% ဟာ ပရိုတင်းဖြစ်တယ်။ (အမိုင်နိုအက်စစ်) ဖြစ်တယ်။ ဒါကြောင့် စားတာသောက်တာထဲမှာ (ပရိုတင်း) ပါရမယ်။ (ဖက်တီးအက်စစ်) ပါရမယ်။ အဲတာက အဆီအစိမ်းဖြစ်တယ်။ မရှိမဖြစ် (အမိုင်နိုအက်စစ်) ဆိုတာ (ပရိုတင်း) အစိမ်းဖြစ်တယ်။ သတိထားဘို့က အဲဒီအစာတွေပါအောင်စားပေမယ့် ဆံပင်နဲ့ ခြေသည်း လက်သည်းတွေဆီကို နည်းနည်းလေးသာ ရောက်လာတယ်။ (ဖက်တီးအက်စစ်) နဲ့ (အမိုင်နိုအက်စစ်) စားတာထဲမှာ မနည်းစေရပါ။
အသက်ရလာရင် ဆံပင်လည်းအိုစာလာမယ်။ အရောင်ဖြူလာပြီ။ ကျွတ်လွယ်လာပြီ။ ကျွတ်ဆတ်လာပြီ။ ဆေးနည်းတွေ ပေးပေမယ့် မျိုးဗီဇမှာပါလာကိုတော့ ဆရာဝန်တွေက မတတ်နိုင်ပါ။ ပိုကောင်းနိုးနဲ့ ဈေးကြီတာတွေ၊ နာမည်ကြီးတာတွေ၊ ကြော်ငြာကောင်းတာတွေနောက် မလိုက်ရပါ။ လုပ်လို့ရတာကိုတော့ လုပ်သင့်ပါတယ်။ အစားအသောက်ပါ။
ဆံပင်ဖြူလာတာက (မယ်လင်နင်) ဓါတ်နဲ့ဆိုင်တယ်။ ဆံပင် (ဆဲလ်) တွေက (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) ထုတ်လာတယ်။ ညိုတိုတိုအရောင်ဖြစ်လာတယ်။ အသက်ကြီးတာနဲ့ catalase (အင်ဇိုင်းမ်) နည်းလာပြီး (ဟိုက်ဒရိုဂျင် ပါအောက်ဆိုက်) နည်းစေတယ်။ (မယ်လင်နိုဆိုက်) နည်းလာပြီး အရောင်လျော့လာတော့တယ်။ အသက်ရလာပြီး ကြက်သရေရှိရှိ လှနေတာ ကောင်းပါတယ်။ ဖြစ်နိုင်သလောက်တော့ ဆွဲထားပေါ့။ အစားအသောက်ကို သတိပြုပါလေ။
ဆံပင်ဆေးဆိုးခြင်း
အမေရိကန်ပြည်ထောင်စု (အယ်လ်အေ) က နာမည်ကြီး Marco Pelusi Salon ပိုင်ရှင် Marco Pelusi (မာကို ပလူစီ) က အကြံပေးပါတယ်။ အဆိပ်အတောက်မပါတာကိုသာသုံးပါတဲ့။
ဆံပင်နူးညံ့ခြင်း
အသက်နည်းနည်းရလာတာနဲ့ ဆံပင်က ခြောက်လာကြမယ်။ နူးညံ့မှုလည်းနည်းလာမယ်။ ကောက်တွန့်လာမယ်။ ကျွတ်လွယ်လာမယ်။ ကိုယ်ခန္ဓာကနေတဲ့ (စီဘမ်) ကြောင့်ဖြစ်ပါတယ်။ အဲတာက အရေပြား အဆီပျံနေစေတဲ့ဓါတ် ဖြစ်တယ်။ အသက် (၁ဝ) ကြီးလာတာနဲ့ (စီဘမ်) ထုတ်တာလည်း (၁ဝ%) နည်းလာတယ်။ အဲတာသက်သာအောင် (အင်တီအောက်ဆီဒင့်) ကြွယ်ဝတဲ့အစားအသောက် စားသောက်ရမယ်။ ဗီတာမင် (အေ)၊ (အီး) နဲ့ (စီ) လိုမယ်။ (အိုမီဂါ-သရီး ဖက်တီးအက်စစ်) လိုတယ်။ ဆံပင်အလှပြင် Tatiana Boyko (တာတီနာ ဘိုကျို) ရဲ့အကြံပေးချက်က ကြက်ဆူဆီ ဖြစ်ပါတယ်။ ဆံပင်အခြေမှာ ယူကလစ်ဆီနည်းနည်း ပွတ်သပ်လိမ်းပေးရမယ်။
Carol Alt (ကာရိုးလ် အယ်လ်) က စာအုပ် (၃) အုပ်ရေးထားတယ်။ Eating in the Raw အစိမ်းစားပါ။ The Raw 50 အစိမ်း ၅ဝ။ Easy Sexy Raw ဆွဲဆောင်မှုကောင်းတဲ့အစိမ်း။ (ကာရိုးလ်) ပုံကို နာမည်ကြီး မဂ္ဂဇင်း ၇ဝဝ ကျော်မှာပါတယ်။ သူရေးတဲ့စာအုပ်ကတော့ A Healthy You ကျန်းမာနေတဲ့သင်။
Hair Loss (1) ဆံပင်ကျွတ်ခြင်း (၁) https://dr-tint-swe.blogspot.com/2021/08/hair-loss.html
Hair Loss (2) ဆံပင်ကျွတ်ခြင်း (၂) https://dr-tint-swe.blogspot.com/2021/01/hair-loss.html
Hair Loss Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ https://dr-tint-swe.blogspot.com/2021/10/hair-loss-treatments.html
Hair Loss in Women Treatments ဆံပင်ကျွတ်တာ ဘာနဲ့ကုမလဲ https://dr-tint-swe.blogspot.com/2021/10/hair-loss-in-women-treatments.html
Hair & Health ဆံပင်က သင့်ကျန်းမာရေးကို ပြောနေတယ်
https://dr-tint-swe.blogspot.com/2021/04/hair-health.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment