Umorok ရွှေလံဗိုလ်

တနှစ်တခါ ရွှေဗမာတွေ ကရင်အိုယာပြင်ကို သွားကြတယ်။ ဝယ်ခြမ်းလာတာတွေထဲမှာ ရွှေလံဗိုလ် (ရွှေလံဘို) ငရုတ်သီးစိမ်းလည်းပါတယ်။

ကျွန်တော်တို့ ပြည်ထဲမှာနေစဉ်က မစားဘူးခဲ့ကြပါ။ အိန္ဒိယရောက်ကတည်းက မိုးရေးမှာ မိတ်ဆက်၊ အင်ဖားမှာ ရင်းနှီးပြီး ဒေလီမှာ အပေါင်းအဖော်ဖြစ်လာပါတော့တယ်။

နာဂတွေနဲ့ ကသည်း ခေါ် မဏိပူလူမျိုးတွေရဲ့ မပါမဖြစ်တဲ့ အင်မတန်မှ စပ်လှတဲ့ ငရုတ်သီးဖြစ်ပါတယ်။ သူတို့က Umorok ဥမရုတ် လို့ ခေါ်ကြတယ်။ အခြောက်က ပိုစပ်တယ်။

ဒီမှာရတဲ့ ရွှေလံဘိုက နာဂငရုတ်နဲ့ တထေရာတည်းမကျပါ။ ဥမရုတ်လောက် မစပ်။ အနံ့က ရွှေလံဘို မွှေးတာနဲ့ တော့တူတယ်။ မက်ဆီကိုမျိုးလို့ ထင်တယ်။ နာဂ ဥမရုတ်က ထောင်းတဲ့သူ PPE ဝတ်ထားရတယ်။ စားကောင်းပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ