Hearing loss သောတအာရုံ
(ရေးထာတာ ၁၃ နှစ်ရှိပြီ။ ပျက်သွားတဲ့ ဘလော့ကနေ ပြန်တွေ့တာ။) ကျွန်မ အသက် ၃၉ ရှိပါပြီ။ ကျွန်မ မိခင်က အသက် ၁၄ နှစ်လောက်မှာ နားစထိုင်းတာပါ။ ကျွန်မ အသက် ၁၇ နှစ်မှာ နားစထိုင်းတာပါ။ အသံမကြားတာ မဟုတ်ဘဲ ဦးခေါင်းထဲမှာ အသံတွေ အစုံကြားနေရတာပါ။ စကားပြောသံ လုံးဝ မဟုတ်ပါ။ ပုရစ်အော်သံလို၊ သင်္ဘော ခုတ်သံလို၊ မရိုးနိုင်တော့သော အသံပေါင်းစုံကို မခံနိုင်အောင်ကြားရတာပါ။ အဲဒီအသံတွေကြောင့် ကျွန်မ စိတ်ဆင်းရဲပြီး သတ်သေဖို့ ကြိုးစားခဲ့တာ အကြိမ်ကြိမ်ပါပဲ။ အသက် ၂၃ လောက်မှာ ဝေဒနာကို အဆိုးဆုံး ခံစားခဲ့ရတယ်။ အင်္ဂလိပ်ဆေး၊ ပယောဂ ကုခဲ့တာ အစုံပါပဲ။ အခုဆို နှစ်ပေါင်း ၂၀ ကျော်ပြီ။ ဒီရောဂါ သက်တော့သက်သာပါတယ်။ မပျောက်ဘူး။ သက်သာတယ်ဆိုတာ ဦးခေါင်းထဲက အသံတွေတိုးသွားပြီး ခံသာဖွယ် ရှိသွားတာကို ပြောတာပါ။ စိတ်ကုတဲ့ ဆရာဝန်နဲ့လည်း ကုဖူးပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ဒီအသက် အရွယ်ထိတော့ မရှိသေးပါဘူး။ သမီးတစ်ယောက် ရှိပါတယ်။ အိမ်ထောင်ရေး သောက၊ စီးပွားရေးသောက မရှိပါဘူး။ ပြီးတော့ ကျွန်မက ဘတ်စ်ကားမစီးနိုင်ဘူး။ ဘတ်စ်ကားစီးရင် ရုပ်ပျက် ဆင်းပျက် ဖြစ်အောင်ကိုမူးတယ်။ ကားပေါ်မှာ အန်တယ်။ အိမ်ကကားကို ဖြည်းဖြည်းနဲ့ မှန်မှန်လေး လီဗာ အလျှေ