Stroke patients ခေါ် လေဖြတ်ထားသူတွေ

မေးခွန်းတခု = မင်္ဂလာပါဆရာခင်ဗျ ကျွန်တော်တခုလောက်မေးချင်လို့ပါခင်ဗျ ကျွန်တော့်မိတ်ဆွေတယောက် ညာဘက်လေဖြတ်ထားတာ ဒါပေမယ့်ညနေတိုင်းလမ်းလျှောက်တယ်ခင်ဗ ဟိုတပတ်က ရာသီဥတုကအေးတော့ ညနေလမ်းလျှောက်အပြန်ရေချိုးပြီးဆုံးသွားပါတယ်ခင်ဗျ လမ်းလျှောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ဘာလို့ အဲလိုဖြစ်သွားရတာလဲခင်ဗျ ကျေးဇူးပါခင်ဗျ။

ပြန်စာ

Stroke patients ခေါ် လေဖြတ်ထားသူတွေဟာ နောက်ဆုံးမှာ အကြောင်းခံတမျိုးမျိုးနဲ့ ကွယ်လွန်ကြပါတယ်။

complications နောက်ဆက်တွဲဖြစ်သည်များလို့ခါ်တယ်။

pulmonary embolism အဆုတ်သွေးကြောပိတ်ခြင်း၊

pneumonia နူမိုးနီးယား၊

cardiac disease နှလုံးရောဂါ၊

brain damage ဦးနှောက်ပျက်စီးခြင်း။

မြန်မာပြည်မှာတော့ အထင်နဲ့ပြောကြလေ့ရှိတယ်။ ရေချိုးမိလို့၊ ဟိုဟာစားမိလို့ စသည်။

လူနာတဦးချင်းစီကို စစ်ဆေးမှသာ သေဆုံးရခြင်းအကြောင်းရင်းအမည်ကို သိနိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ