Only For Women အဲလိုလူစားတွေ ခဏခဏလာတယ်
တင်ထားတဲ့စာ = ပျိုမေတို့အတွက် ပိန်ဆေး ကောင်းကျိုး ဆိုးကျိုးများ
ကွန်မင့်တခု = ဆရာက သမီးအသက်၂၆မို့သာဖြေတာ သားအသက်က၂၆ဆိုရင် ငလူးလို့ဆဲမှာ ဟုတ်တယ်ဟုတ် တင်ပြပုံကောင်း၏ ကာယဗလမောင်ပုံမပြဘဲ ကာယအလှမယ်ပုံတင်တာမှား၏
ပြန်စာ
အဲလိုလူစားတွေ ခဏခဏလာတယ်။
လူနာစာရင်းကို % နဲ့ တင်ပြထားတယ်။ မေးခွန်းစာရင်းကိုလည်း ကျား-မ အချိုး တင်ပြထားတယ်။ အမျိုးသားမေးခွန်တချို့ကို ပို့စ်အဖြစ် တင်လို့ မသင့်တာတွေ ရှိတယ်။
တွဲတင်တဲ့ပုံကို စောင့်ကြည့်ဂျာနယ်က လုပ်ထားတာဖြစ်တယ်။
၁၁-၈-၂၀၁၆ နေ့ကလည်း ဆရာဝန် စွဲချက်တင်ခံရတယ်။
ဆရာ ကျွန်တော်ဆရာပို့တွေကို အမြဲဖတ်နေကြ(ကျ)ပါ။ ဆရာ့ကိုမေးတဲ့လူများတယ်ဆိုတာသိပါတယ်။ မိန်းကလေးတွေမေးလာတာ မပြည့်စုံရင်ပြန်မဖြေ ပို့မတင်နဲ့ပေါ့။ အခုကျွန်တော်မေးတာနှစ်ခါ။ အခြားဖေ့ဘုတ်နဲ့ကတစ်ခါ(တခါ) သုံးခါရှိပြီ။ ချက်ဘောက်ကလည်းပြန်မဖြေဘူး။ ပို့လဲတစ်ခါ(တခါ)မှမတင်ပေးဘူး။ ကျွန်တော်ထင်တာ လိင်ခွဲခြားမှူများ ရှိလားမသိဘူး။
အရင်ကလည်း စွပ်စွဲခံရဘူးပါတယ်။ ကျွန်တော် ကျား-မ ခွဲ-မခွဲ ရမ်းလည်းမဖြေချင်ပါ။ နမူနာပေးစရာ ကနေ့လာသမျှ မေးခွန်းတွေကို သုတေသနလုပ်ရင်တော့ စွပ်စွဲနိုင်ပါတယ်။
ကနေ့ အီးမေးလ်ကနေလာတာ စုစုပေါင်း = ၁၆၊ (ကျား ၃ + မ ၁၃) ယောက်ဆီကနေလာပါတယ်။
1. ZAW WIN 11:42 pm ကျား
2. arr, me, arr (3) 11:39 pm ကျား
3. Hnin Way Lwin 10:41 pm မ
4. Hnin, me (3) 10:38 pm မ
5. sai, me (4) 10:34 pm မ
6. Hnin, me (2) 10:12 pm မ
7. myomyat2aye, me (4) 8:43 pm မ
8. Littl, me (2) 1:33 pm ကျား
9. Ei, me (5) 10:57 am မ
10. kit, me (3) 10:45 am မ
11. Phyo, me (2) 9:45 am မ
12. chitoo, me (2) 9:26 am မ
13. kaung, me (2) 7:27 am မ
14. hnin, me (2) 7:23 am မ
15. Phyo, me (2) 6:46 am မ
16. Khine, me (2) 12:59 am မ
ဖေ့စ်ဘွတ် ချတ်ကနေ ကနေ့ ၂၄ နာရီအတွင်း လာတောတွေထဲက အချိန်ရသလောက် (အကုန်မဟုတ်) စုစုပေါင်း (၂၂) = (ကျား ၁၅ + မ ၇) ဆီကနေလာပါတယ်။
1. KO Linn Linn11:43pm ကျား
2. Saw Pyae Hmu10:57pm ကျား
3. Grace T Deih Cing10:45pm မ
4. Kyaw Kyar7:15pm ကျား
5. Thiri Kyaw Win3:36pm မ
6. Naing Swe3:12pm ကျား
7. Khin Phyu Phyu12:22pm မ
8. ဆရာ သန်း ထိုက်စိုး11:00am ကျား
9. Thu Ra Aung9:24am ကျား
10. Zay Min9:23am ကျား
11. Lu Myo Aung9:23am ကျား
12. Tin Nilar8:50am မ
13. Leopard Ye-u2:04am ကျား
14. Bryan Adams11:18pm ကျား
15. Janese Even Ngalaeng9:42pm မ
16. Ye Aung9:39pm ကျား
17. Nay LA9:33pm ကျား
18. Soe Soe Win9:10pm မ
19. Myint NaingTue ကျား
20. Mary DimTue မ
21. Ye Htut TinTue ကျား
22. Than TunTue ကျား
ဒေလီမှာ ယမုန်နာဆေးခန်းလေး ဖွင့်ခဲ့စဉ်က လူနာအားလုံးရဲ့ ၆၃% က အမျိုးသမီးနဲ့ ၃၇% က အမျိုးသားဖြစ်ပါတယ်။ အဲတာကြောင့် ကျွန်တော့်ကို အမျိုးသမီးဦးစားပေးဆရာဝန်လို့ ပြောချင်ပါသလား။
တချို့ ယောက်ျားတွေမေးတာက ပို့စ်မှာ မတင်သင့်တာတွေ။
ဖရင်းမဟုတ်သူဆီကနေလာရင် Filtered message ထဲရောက်တယ်လို့ တယောက်ကပြောလို့ သိလာတယ်။ မက်ဆေ့ချ်တွေ ဖွင့်ရှာရတယ်။ အရင် Accept လုပ်လိုက်မှသာ ပြန်ဖြေလို့ရတယ်။ အတော် ဒုက္ခပေးတယ်။ လိုက်ရှာပြီး ဖြေရတာ ပုဒ်ရေ တထောင်ကျော်တယ်။ ကျန်တောတွေတော့ မရှာနိုင်တော့ပါ။
အဲတော့ အခုလိုစွဲချက်တင်ခံရရော။
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ။
မမေးတာကိုတော့ ဖြေမရပါ။ လူကြီးမင်းကနေ "အမျိုးသမီးတွေ ဆရာဝန်ကို မမေးကြပါနဲ့" လို့ အမိန့်ထုတ်သင့်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment