Bathing Myth ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ်
၈-၃-၂၀၂၂
၁။ အိုမီခရွန်စဖြစ်တဲ့နေ့ကနေ ၃ ရက်မြောက်နေ့မာ(နေ့မှာ) ရေချိုးလို့ရလားဆရာ
၂။ Covid ဖြစ်တဲ့သူက ဘယ်နှစ်ရက်နေမှရေချိုးရတာလဲ ဒေါက်တာ
ကိုဗစ်ကူးစက်ခံရသူတွေ ခံစားရတာ မတူပါ။ တချို့ ကူးစက်မှန်းမသိ။ တချို့အိမ်မှာသာနေထိုင်ရ၊ တချို့က ဆေးရုံတက်ရ။ တချို့ ဆေးရုံ ICU မှာကုသရတယ်။ ဆေးရုံကဆင်းလာသူ၊ အိမ်မှနေရင်း သက်သာလာသူတွေလည်း တယောက်နဲ့ တယောက် မတူပြန်။ တချို့မှာ လနဲ့အမျှ ခံစားရတာတွေရှိကြတယ်။ ရေချိုး ခေါင်းလျှော်ခြင်းဆိုတာ တကိုယ်ရေသန့်ရှင်းရေးသာဖြစ်တယ်။ ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ်လို့ ခဏခဏ (ခဏခဏ) တင်ပြနေတယ်။
၃-၁၂-၂၀၂၅
ဆောင်းတွင်းရေချိုးခြင်းက အသက်အန္တရယ်ရှိနိုင်
မရှိပါ။ အေးတဲ့တိုင်းပြည်တွေမှာ အလုပ်ကပြန်လာရင် ဆောင်းတွင်းမှာလည်း ရေချိုးကြပါတယ်။
Bathing and Health ရေချိုးခြင်းနဲ့ ကျန်းမာရေ https://dr-tint-swe.blogspot.com/2021/10/bathing-and-health.html
Bathing and Blood Pressure သွေးတိုး နဲ့ ရေချိုးခြင်း https://dr-tint-swe.blogspot.com/2021/10/bathing-and-blood-pressure.html
ချေးညှော်သန့်အောင် ရေချိုးပါ https://dr-tint-swe.blogspot.com/2021/10/blog-post_42.html
Lifestyle and Hygiene ရေချိုး လက်ဆေး သန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/06/lifestyle-and-hygiene.html
Bathing Myth ရေချိုးတာကို ရန်ရှာနေတဲ့ အယူအဆမှားကို ဖျောက်ရမယ် https://dr-tint-swe.blogspot.com/2021/10/bathing-myth.html
ညစ်ညစ်ပေပေနေသူ မြန်မာပြည်မှာ ပိုများသလား မသိ။ သုတေသနတော့ မလုပ်ဘူးပါ။ မေးခွန်းထဲက ပြောဆိုသူအနား မကပ်သင့်။ အနံ့အသက် ကောင်းမည်မဟုတ်။ ကန်တော့။
ရေအပူ-အအေး မရနိုင်တဲ့နေရာမျိုးမျာတော့ နေပူချိန်မှာ ရေချိုးရတယ်။ ရေကို နေလှန်းပြီးလည်း ချိုးကြတယ်။ အသက်ကို ရန်မရှာပါ။ ရေမချိုးတာကြာရင်တော့ အညစ်အကြေးတွေကြောင့် ရောဂါရနိုင်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment