Pregnancy Sleep Positions ကိုယ်ဝန်ဆောင်စဉ် အိပ်စက်ခြင်း
ကျမကိုတော့ OG က ၅လ အထိ ပတ်လတ် ပိုအိပ်ဖို့ မှာပါတယ် ခလေးဆီ သွေးရောက်အောင်ပါတဲ့။
စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်ပြောတာကို ကန့်ကွက်တဲ့သဘောတော့ မဟုတ်ပါ။ သားဖွားပညာအရသာ တင်ပြပါမယ်။
ဘယ်ဘက်ဖြစ်စေ ညာဘက်ဖြစ်စေစောင်းအိပ်ခြင်းက အသင့်မှန်ဆုံးဖြစ်တယ်။ ဘယ်ဘက်ကိုပိုပြီး ညွှန်းပါတယ်။
ပက်လက်အိပ်စက်တာ ကိုယ်ဝန် ပဌမ ၃ လ စိတ်ချရတယ်။
ကိုယ်ဝန် ၂၀ ပတ် (၅ လ) ကျော်လာရင် သတိထားရတော့မယ်။ ကြီးလာတဲ့သားအိမ်က အောက်ပိုင်းကနေ နှလုံးဆီကိုပြန်လာတဲ့ inferior vena cava ခေါ် သွေးပြန်ကြောမကြီးကို ဖိထားသလို နေမယ်။ အနေရခက်။ ခေါင်းမူး၊ အသက်ရှူရခက်ခဲ၊ သွေးဖိအားကျ ဖြစ်နိုင်တယ်။
ကိုယ်ဝန်ရင့်လာရင် ဘယ်ဘက်ဖြစ်စေ ညာဘက်ဖြစ်စေ စောင်းအိပ်ခြင်းက အကောင်းဆုံးဖြစ်တယ်။ ဘယ်ဘက်ကိုပိုပြီး ဦးစားပေးတယ်။
ဒူးကွေးထားပါ။ ဒူးကြားထဲမှာ အနေတော် ခေါင်းအုံးတခုခု ခုခံထားပါ။
အခင်းကိုလည်း အနေတော်ပါစေ။ ခေါင်းပိုင်း နည်းနည်း မြင့်ထားပါ။
ကိုယ်ဝန် ပဌမ ၃ လနောက်မှာ မှောက်အိပ်တာနဲ့ ပက်လက်အိပ်တာကို ရှောင်ပါ။ နည်းပါစေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment