COVID-19 Vaccination ကိုဗစ်ကာကွယ်ဆေးအကြောင်း

ဆရာ အသက် ၇၀ အမျိုးသား ကျောက်ကပ်ရေအိတ်ရှိသူနဲ့ အသက် ၆၈ အမျိုးသမီး စီပိုးကုပြီးအသည်းနည်းနည်းခြောက်သူက covid ကာကွယ်ဆေးထိုးလို့ရပါသလား။

မကြာခဏ ဖြေထားတယ်။

ကိုဗစ်ကာကွယ်ဆေး မထိုးရသူများစာရင်းဆိုတာ မရှိသလောက်နည်းတယ်။ တိုင်းပြည်အလိုက် အသက်ကန့်သတ်ချက်သာထားတယ်။

၃၀-၁၂-၂၀၂၀ နေ့က အင်ဒီယာနာပုလစ်မြို့မှာအခြေစိုက်တဲ့ BACI ခေါ် မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျု ကနေ စီစဉ်တဲ့ Zoom Talk Show မှာ ပင်တိုင်ဆွေးနွေးသူ ၃ ယောက်ထဲက တယောက်အဖြစ် ပါဝင်ဆွေးနွေးရတယ်။ အတိုချုပ်ကို ရေးပါမယ်။ 

Antigens အင်တီဂျင်ဆိုတာ ရောဂါကိုဖြစ်စေတဲ့အရာနဲ့ Antibody အင်တိုင်ဘော်ဒီဆိုတာ ရောဂါကို ခုခံတိုက်ဖျက်ပေးတဲ့အရာ။ Vaccine ခေါ် ကာကွယ်ဆေးဆိုတာ အင်တီဘော်ဒီတွေ ကိုယ်ခန္ဓာကနေထွက်လာစေအောင် နိုးဆွပေးတဲ့ဆေး။ 

ကိုယ်ခန္ဓာမှာ ရောဂါတွေ မသင့်တာတွေဝင်လာရင် ခုခံတိုက်ဖျက်နည်း စည်းသုံးတန်ရှိတယ်။
1. Physical and chemical barriers ရုပ်ပိုင်းနဲ့ ဓါတ်ပိုင်း
2. Non-specific innate responses ယေဘုယျတုန့်ပြန်နိုင်စွမ်း
3. Specific adaptive responses တိတိကျကျတုန့်ပြန်နိုင်စွမ်း။

၁။ Physical and chemical barriers ရုပ်ပိုင်းနဲ့ ဓါတ်ပိုင်း
အရေပြားအထူအပါးအမျိုးမျိုးနဲ့ အသက်ရှူစနစ်၊ အစာခြေစနစ် စတဲ့ စနစ်တွေမှာအပေါ်ဆုံးကဖုံးပေးထားတဲ့ အလွှာပါးလေးတွေဖြစ်တယ်။ အဲဒါတွေကနေ ချွေး၊ တံတွေး၊ ချွဲ၊ အစာခြေရည်၊ နားဖါ စတာတွေကလည်း ခုခံမှုစနစ်ဖြစ်တယ်။ အစာခြေအရည်၊ မွေးလမ်းကြောင်းအရည်၊ ဆီး၊ မျက်ရည်စတာတွေကလည်း ပိုးတွေကို ချေဖျက်ပေးတယ်။

၂။ Nonspecific innate response ယေဘုယျတုန့်ပြန်နိုင်စွမ်း
Pathogens ခေါ် ရောဂါရစေတဲ့ပိုးတွေဟာ ပဌမစည်းကိုကျော်လာရင် ဒုတိယစည်းနဲ့တွေ့မယ်။ အဲဒီစနစ်မှာ immune cells (Phagocytes) ခုခံအားဆဲလ်တွေနဲ့ ပရိုတင်းတွေက ဆောင်ရွက်ပေးမယ်။ Phagocytosis ခေါ်တယ်။ ရန်သူကို ဝိုင်းရံလိုက်တဲ့သဘော။ macrophages နဲ့ neutrophils တွေကလုပ်ပေးတာ။ ဖြစ်နိုင်သလောက် ရန်သူတွေကို သေစေအောင်ကြိုးစားတယ်။ Lysosome ခေါ် အင်ဇိုင်းမ်ကနေလုပ်ပေးတယ်။ T cells တွေကအရေးပါတယ်။

သွေးဖြူဥတွေဖြစ်ကြတဲ့ neutrophils, eosinophils, basophils တွေကတာဝန်ယူတယ်။ 

၃။ Specific adaptive response တိတိကျကျတုန့်ပြန်နိုင်စွမ်း
တတိယ ခေါ် အတွင်းစည်းဆိုတာ အပြင်စည်းတွေလို ပိုးဝင်လာတဲ့နေရာလေးမှာသာ ဆောင်ရွက်ပေးတာ မဟုတ်။ တကိုယ်လုံးကနေလုပ်တယ်။

Lymphocytes ခေါ် သွေးဖြူဥတွေ အရေးပါတယ်။ နှစ်မျိုးရှိတယ်။
a) B lymphocytes (B cells) are involved in antibody-mediated immune responses (humoral immunity) အင်တိုင်ဘော်ဒီနဲ့ဆိုင်တယ်။ ဟော်မုန်းနဲ့ဆိုင်တယ်။ Plasma cells တွေကနေ Antibodies အင်တိုင်ဘော်ဒီတွေ ထွက်လာမယ်။ antigen-antibody complex စစ်ခင်းကြမယ်။

b) T lymphocytes (T cells) are involved in cell-mediated immune responses ဆဲလ်နဲ့ဆိုင်တယ်။ cytokines ထွက်လာမယ်။ ရန်သူကို အသေတိုက်ခိုက်မယ်။ 

Antibody tests for COVID-19 စစ်လို့တွေ့သူဆိုတာ ကိုဗစ်ကူးစက်ခံရထားလို့ ကိုယ်ခန္ဓာကနေ အင်တီဘော်ဒီ ထုတ်ပေးနေတာဖြစ်တယ်။ Antibody ရှိနေသူတွေ ဘယ်လောက်ကြာကြာအထိ ခံနိုင်ရည်ရှိသလဲ အတိအကျ မပြောနိုင်သေးပါ။

Vaccine ကာကွယ်ဆေးဆိုတာ
ကာကွယ်ဆေးဆိုတာ ထိုးပေးလိုက်တဲ့နောက် ကိုယ်ခန္ဓာကနေ အင်တီဘော်ဒီ ထုတ်ပေးလာစေနိုင်တာဖြစ်တယ်။ ရောဂါတခုအတွက် ကာကွယ်ဆေး တမျိုး။ တခါတလေ DT လို ရောဂါ ၂ မျိုး၊ DPT လို ရောဂါ၃ မျိုး၊ Penta valent လို ရောဂါ ၅ မျိုးစပ်ကာကွယ်ဆေးလို့လည်း ရှိလာတယ်။ ကာကွယ်ဆေးတိုင်းက ထိုးဆေးအပြင် နှာခေါင်းကနေ ပေးရတာနဲ့ ပါးစပ်က တိုက်ရတာလည်းရှိတယ်။

Vaccine Types ကာကွယ်ဆေးအမျိုးအစားများ
1. Live-attenuated vaccines ပိုးအရှင် သို့မဟုတ် အားနည်းသွာအောင်လုပ်ထားတဲ့ ရောဂါပိုးကိုသုံးတဲ့ ကာကွယ်ဆေး။
Measles, mumps, rubella (MMR combined vaccine)

• Rotavirus
• Smallpox
• Chickenpox
• Yellow fever

2. Inactivated vaccines ပိုးအသေကိုအသုံးပြုထားတဲ့ ကာကွယ်ဆေး။
• Hepatitis A
• Flu (shot only)
• Polio (shot only)
• Rabies

3. Subunit, recombinant, polysaccharide, and conjugate vaccines ပိုးနဲ့သက်ဆိုင်တာတခုခုကိုသုံးထားတဲ့ ကာကွယ်ဆေး။
• Hib (Haemophilus influenzae type b) disease
• Hepatitis B
• HPV (Human papillomavirus)
• Whooping cough (part of the DTaP combined vaccine)
• Pneumococcal disease
• Meningococcal disease
• Shingles

4. Toxoid vaccines ပိုးနဲ့ဆိုင်တဲ့ တောက်ဆွိုက် ခေါ် အဆိပ်သဘောကိုသုံးတဲ့ ကာကွယ်ဆေး။
Diphtheria
Tetanus

COVID-19 Vaccination ကိုဗစ်ကာကွယ်ဆေးများ
ပုံမှန်ဆိုရင် ကာကွယ်ဆေးတခုထုတ်လုပ်ဘို့ ၁၀ နှစ်ဝန်းကျင်ကြာတယ်။ ကိုဗစ်ကပ်ရောဂါက အလွန်အရေးကြီးလို့ အမြန်နည်းသုံးရတယ်။ နည်းပညာသစ်ကိုလည်း သုံးတယ်။ တနှစ်အတွင်း အရေးပေါ်သုံးခွင့်ရတယ်။ ယူအက်စ် မှာ Emergency Use Authorization (EUA) လို့ ခေါ်တယ်။

ယူအက်စ်အေမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ ပဌမနဲ့ ဒုတိယကာကွယ်ဆေးများ
1. Pfizer-BioNTech COVID-19 vaccine ဖိုင်ဇာကာကွယ်ဆေး။
2. Moderna’s COVID-19 vaccine မိုဒါနာကာကွယ်ဆေး။

ယူအက်စ်အေမှာ Phase 3 Clinical Trials စမ်းသပ်မှုအဆင့် (၃) ရောက်နေပြီဖြစ်တဲ့ နောက်ထပ်ကာကွယ်ဆေးများ
1. AstraZeneca’s COVID-19 vaccine
2. Janssen’s COVID-19 vaccine
3. Novavax’s COVID-19 vaccine

(၁) Pfizer-BioNTech COVID-19 Vaccine ဖိုင်ဇာကာကွယ်ဆေး
Type of vaccine: mRNA အမျိုးအစားဖြစ်တယ်။ ၂၁ ရက်ခြာပြီး ၂ ခါထိုးရမယ်။ ၁၆ နှစ်အထက်ထိုးမယ်။

Most common side effects ဘေးထွက်သက်ရောက်မှုများ
• Pain ဆေးထိုးတဲ့နေရာနာမယ်
• Swelling ရောင်မယ်
• Redness နီမယ်
• Chills ချမ်းမယ်
• Tiredness မောပမ်းမယ်
• Headache ခေါင်းကိုက်မယ်။

(၂) Moderna COVID-19 Vaccine မိုဒါနာကာကွယ်ဆေး
Type of vaccine: mRNA အမျိုးအစားဖြစ်တယ်။ ၂၈ ရက်ခြာပြီး ၂ ခါထိုးရမယ်။အသက် ၁၈ နှစ်အထက်ထိုးမယ်။

Most common side effects ဘေးထွက်သက်ရောက်မှုများ
• Pain ဆေးထိုးတဲ့နေရာနာမယ်
• Swelling ရောင်မယ်
• Redness နီမယ်
• Chills ချမ်းမယ်
• Tiredness မောပမ်းမယ်
• Headache ခေါင်းကိုက်မယ်။

Severe Allergic Reactions ဆိုးဝါးတဲ့ အလားဂျစ် တုုံပြန်မှု
ရှားတယ်။ အဲလိုရာဇဝင်ရှိသူတွေ ဆရာဝန်ကိုတိုင်ပင်ပြီးမှာသာ ကာကွယ်ဆေးထိုးရမယ်။ ဆိုးဝါးတဲ့ အလားဂျစ် တုံ့ုပြန်မှု ဖြစ်လာရင် epinephrine or EpiPen နဲ့ ကုသလို့ရတယ်။

(၃) Oxford-AstraZeneca vaccine ကာကွယ်ဆေးကို ၃၀-၁၂-၂၀၂၀ နေ့က ဗြိတိန်မှာ အရေးပေါ်သုံးခွင့်ပြုလိုက်တယ်။ ၂ ခါထိုးရမယ်။ ၄-၁၂ ပတ်ခြားမယ်။

(၄) China's coronavirus vaccines တရုပ်ထုတ် ကိုဗစ်ကာကွယ်ဆေး 
Sinopharm ကထုတ်ပါတယ်။ အာရတ်နိုင်ငံတချို့မှာ ထိုးပေးနေပြီ။ ၇၈-၇၉% ထိရောက်တယ်။ Sinovac ကာကွယ်ဆေးက inactivated vaccine ဖြစ်တယ်။ killed viral particles ကို သုံးထားတယ်။

ထားသိုနည်းများ
• ယူအက်စ်အေထုတ် Moderna (-20C) မှာ ၆ လထားလို့ရတယ်။
• ယူအက်စ်အေထုတ် Pfizer-BioNTech (-70C) မှာ ၆ လထားလို့ရတယ်။
• ယူကေထုတ် Oxford Uni-AstraZenaca ၂-၈ ဒီဂရီ စီ၊ ရိုးရိုးရေခဲသေတ္တာထဲထားနိုင်တယ်။
• တရုပ်ထုတ် Sinovac ၂-၈ ဒီဂရီ စီ၊ ရိုးရိုးရေခဲသေတ္တာထဲထားနိုင်တယ်။
• ရုရှားထုတ် Gamaleya (Sputnik V) - Viral vector - ရိုးရိုးရေခဲသေတ္တာထဲထားနိုင်တယ်။

တရုပ်ကာကွယ်ဆေးကို တရုပ်ပြည်၊ အာရတ်နိုင်ငံတချို့မှာ ထိုးပေးနေတယ်။ တူရကီ၊ ဘရာဇီးလ်နဲ့ ချီလီကလည်း ဝယ်ထားတယ်။

စင်္ကာပုူက Sinovac, Moderna and Pfizer-BioNTech ဆေးတွေကို ဝယ်ထားတယ်။

မြန်မာပြည်ကရရှိမဲ့ အိန္ဒိယထုတ်ကာကွယ်ဆေးအကြောင်း မပါသေးပါ။ ထပ်သိလာတာတွေ ထပ်ဖြည့်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ