Dandruff ဗောက်

ဆရာတခုလောက်ကူညီပါဦး ခေါင်းမှာ ဂျယ်လိမ်းတာများပြီး ဘောက်ထတယ် နောက်ပိုင်းအနာတွေဖြစ်လာတယ် ပြန့်တာလည်းအရမ်းမြန်တယ် ဆရာ ကျွန်တော် gentalence -c  လိမ်းတာ မပျောက်ဘူးဆရာ အဲ့တာနဲ့ ampicillin သောက်တာနည်းနည်းသက်သာတယ် ဒါပေမယ့်အရှင်းမပျောက်ဘူးဖြစ်နေတယ်ဆရာ ကူညီပါဦး

ဆံပင်က အဖြူဖတ်လေးတွေဟာ တကယ်တော့ ဦးရေခွံက (ဆဲလ်) အသေတွေသာ ဖြစ်တယ်။ ဘောက် ရှိနေသူတွေရဲ့ ဦးရေခွံဟာ ခြောက်နေမယ်။ နီနေမယ်၊ ကြမ်းတမ်းနေမယ်။ ယားမယ်။ ကုပ်လေလေ ကွာကျလေလေ ဖြစ်မယ်။
ဗောက်ဟာ ဆံပင်ညစ်ပတ်နေလို့ မဟုတ်ပါ။ ဒါပေမဲ့ သန့်အောင်လို့၊ လှအောင်လို့ သုံးတာတွေကနေ ဆိုးစေနိုင်တာ သတိထားပါ။ Hair coloring and styling products ဆံပင်အေးအောင်၊ စတိုင်ကျအောင် သုံးတာတွေကနေ ဖြစ်စေနိုင်တယ်။
ဆံပင်မှာသာ မဟုတ်ဘဲ တခြားနေရာတွေမှာလဲ ဖြစ်နိုင်တယ်။ မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ နားမွှေး၊ ဘယ်နေရာက အမွှေးမှာမဆို ဖြစ်နိုင်တယ်။ အဲလိုဖြစ်သူတွေမှာ Seborrheic dermatitis မပျော့စား အရေပြားရောဂါ ရှိနေနိုင်တယ်။

အထူးဖေါ်စပ်ထားတဲ့ ခေါင်းလျှော်ရည်တွေသုံးနိုင်ပါတယ်။
- Ketoconazole
- Salicylic acid
- Selenium sulfide
- Tar
- Zinc pyrithione

သဘာဝခေါင်းလျှော်ရည်တွေလဲ သုံးနိုင်ပါတယ်။
- Aloe ရှားစောင်းလက်ပပ်၊
- Tea tree oil shampoo (5% tea tree oil shampoo) လက်ဖက်ဆီ၊
- Lemongrass shampoo (2% lemongrass shampoo) စပါးလင်၊
- Smarter Shampooing စနစ်တကျ ခေါင်းလျှော်နည်းကို လိုက်နာပါ။

အညွှန်းစာကို သေခြာဖတ်ပါ။ လက်ဖျား အသားနေရာတွေကိုသုံးပြီး ညင်ညင်သာသာပွတ်ပေးပါ။ ခေါင်းလျှော်ရည်ကို ဆံပင်မှာ ၅ မိနစ်ကြာ နေပါစေ။ ပြီးမှ ရေဆေးပါ။ Dandruff shampoo ကို တပတ်မှာ ၁-၂ ကြိမ်သာသုံးပါ။
ခံနိုင်လောက်တဲ့ နေရောင်ထဲမှာ ခဏတဖြုတ်နေပေးပါ။ ဘောက် နဲ့ Seborrheic dermatitis ကိုဖြစ်စေတဲ့ မှိုပိုးက နေရောင်ကို မခံနိုင်ဘူး။ နေလောင်တာ မခံရအေင်တော့ SPF of 30 or higher ကိုသုံးပါ။
ဆရာဝန်ပြဘို့လိုမဲ့ အခြေအနေကိုသိပါ။ ကြာလာပေမဲ့ မပျောက်နိုင်ရင် ဆရာဝန်ပြပါ။ ဦးရေခွံက နီပြီး ရောင်နေရင်၊ တခြားနေရာတွေမှာပါ အရေပြားခြောက်ပြီး ကွာနေရင်လဲ ဆရာဝန်ပြပါ။ ဆေးလက်မှတ်နဲ့သာ ဝယ်ရမဲ့ Dandruff shampoo ခေါင်းလျှော်ရည်၊ Antifungal product (ဖန်းဂတ်စ်) ဆေး၊ Steroid cream )စတီရွိုက်) ဆေး တခုခု လိုလိမ့်မယ်။
ဗောက်ဘာလို့ဖြစ်သလဲ အတိအကျမသိကြပါ။ Fungus မှိုပိုးကိုလဲ ထင်ကြတယ်။ Hair follicles ဆံပင်က Oil glands အဆီထွက်အိတ်လေးတွေမှာ Sebum ဆိုတာတွေ များလာရင် Yeast or Fungus မှိုတွေ ပေါက်ပွါးလာစေမယ်။ ဒီလိုကနေ ဘောက်တွေ ဖြစ်လာမယ်လို့ ယူဆတယ်။ ရေသောက်နည်းတာ၊ လေက ခြောက်သွေ့နေတာတွေကိုလဲ ထည့်စဉ်းစားနိုင်တယ်။
ဘယ်လိုအခြေအနေတွေမှာ ဗောက်ဖြစ်ပါသလဲ။ ပူတဲ့၊ အေးပြီးခြောက်သွေ့တဲ့ ရာသီကာလတွေမှာ ဖြစ်တယ်။ စိတ်ဖိအားများချိန်၊ အားနည်းနေချိန်တွေမှာ ဖြစ်တယ်။
အရေပြားမှာ တခြားရောဂါတွေရှိနေသလား။ ဝက်ခြံ၊ နှင်းခူနာ၊ Psoriasis နှင်းကုစိုနာ၊ တွေကနေ အရေပြားက (ဆဲလ်) တွေကို သေစေတယ်။ Epilepsy အတက်ရောဂါ၊ Parkinson's disease (ပါကင်ဆွန်) ရောဂါ၊ HIV ရောဂါရှိနေသူတွေမှာလဲ အတူတူဘဲ။
တခြားမှားနိုင်တာတွေ သန်းတွေက ဥအုချရင် ယားမယ်။ ပွေးကလဲ ယားစေတယ်။ ဖန်းဂတ်စ် မှိုကနေလဲ ယားစေတယ်။
ပုခက်ထဲသိပ်ရတဲ့ ကလေးတွေခေါင်းမှာ Seborrheic dermatitis အရေပြားနာ ဖြစ်စေနိုင်တယ်။ Cradle Cap ခေါ်တယ်။ ဦးရေခွံ၊ မျက်ခွံ၊ နှာခေါင်း၊ ပေါင်ခြံတွေမှာ ဝါညိုညို အဖတ်လေးတွေဖြစ်မယ်။ ယားမယ်။ Mineral or Vegetable oil သဘာဝဆီ တမျိုးမျိုးကို ၁ဝ မိနစ်ကြာလိမ်းပေးပါ။ Mild baby shampoo ကလေးသုံး ခေါင်လျှော်ရည်ကိုသာ သုံးပါ။
ဗောက်ရှိနေတာ စိတ်ပျက်စရာတော့ ကောင်းမယ်။ အန္တရာယ်မပေးပါ။ တကိုယ်ရေသန့်ရှင်းရေး လိုသူလို့ထင်ရင် မှားမယ်။ သူများကိုလဲ မကူးစက်ပါ။ ဘောက်တမျိုးတည်းကနေ အတင်းကုပ်ရင်တော့ ဆံပင်မကျွတ်စေပါ။

Dr. တင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ