New Year Mistakes ရယ်ဒီမိဒ် အမှားများ ဝေနေကြချိန်

နှစ်တိုင်းလိုပဲ ဆုတောင်းစာတွေ တင်ကြ ဝေကြ ပို့နေကြတယ်။ အမှားတွေလည်း ခါတိုင်းနှစ်လို များတယ်။

သမာယ မှား။ သမယလို့ ရေးရတယ်။

စိတ်တိုင်းကြ မှား။ စိတ်တိုင်းကျလို့ ရေးရတယ်။

လာဒ် မှား။ လာဘ်လို့ ရေးရတယ်။


ယခင်အမှားများ (မှတ်ထားနိုင်သလောက်သာ)

သူများ ဦမှာဆိုးလို့ အရင်ပက်ပီးနော် စိတ်မဆိုးကျေး မှား။ သူများဦးမှာစိုးလို့ လို့ ရေးရတယ်။

သိတင်းကျွတ်ရာသီမှာ ကြံစဉ်သမျှအောင်မြင်ခြင် မှား။ သီတင်းကျွတ်ရာသီမှာ ကြံစည်သမျှအောင်မြင်ခြင်းလို့ ရေးရတယ်။

ကျန်းမာချမ်းသာ ဘေးဘရာ ဝေးကွာကြပါစေ မှား။ ဘေးဘယာလို့ ရေးရတယ်။ ဘရာဆိုတာ ဘရာစီယာ။

စိတ်မှာ ညစ်မဲကင်းပါစေ မှား။ မဲဆိုတာ မဲပေးသည်။ မည်းက နက်သော။

ဤပို့စ် မြင်သူ့အပေါင်း မှား။ ဤပို့စ် မြင်သူအပေါင်းလို့ ရေးရတယ်။

ကြွေးမြေခသိပ် ကင်းပါစေ မှား။ ကြွေးမြေခပ်သိမ်းလို့ ရေးရတယ်။

နေ့ဆင်နေတိုင်း တိုးပါစေ မှား။ နေ့စဉ်နေ့တိုင်းလို့ ရေးရတယ်။

ရိုးသေလေးစား မှား။ ရိုသေလေးစားလို့ ရေးရတယ်။

အိပ်စက်အနားယူန်ုင်ပါစေ မှား။ အိပ်စက်အနားယူနိုင်ပါစေလို့ ရေးရတယ်။

လိုအင်းဆန္ဒ မှား။ လိုအင်ဆန္ဒလို့ ရေးရတယ်။

မေတ္တာတော်အနန္ဒ မှား။ မေတ္တာတော်အနန္တလို့ ရေးရတယ်။

ပြည့်ဝကျပါစေး မှာ။း ပြည့်ဝကြပါစေလို့ ရေးရတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၂-၂၀၂၀

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ