Pulse Oximeter အောက်စီမီတာ

၁။ မင်္ဂလာပါဆရာ အသက် ၂၆နှစ် မ အိမ်ထောင် မရှိ အပျို ရာသီသွေး မမှန်ပါဘူးရှင့် တလခြားတခါ၊ နှစ်လခြားတခါ၊ တခါတလေတော့ တလတခါပုံမှန်သွေးဆင်းပါတယ်ရှင့်။ အသက် ၁၇၊ ၁၈လောက်ကတည်းကပါရှင့်။ အနေအထိုင် အိပ်ရေးမမှန်၊ အစာစားတာအချိန်မမှန်ပါဘူးရှင့် ပြီးခဲ့တဲ့ August လလောက်က ၈ရက်ဝန်းကျင်လောက်အနံ့ပျောက်သွားပါတယ်ရှင့် အနံ့ပျောက်နေချ်ိန် ညပိုင်းလောက်ဆို အသက်ရှုရတာရေမွန်းသလိုခံစားရပါတယ် ရှင့် covid test တော့ မစစ်ဖြစ်လိုက်ပါရှင့် stay home နေပြီး အနံ့ပြန်ရလာပါတယ်ရှင့် အခုတလော တခါတရံအရှိုက်ကနေ တင်းကြပ်ကြပ်နဲ့ အသက်ရှုမဝပဲ လူအရမ်းနုံးသလိုခံစားရပါတယ်ရှင့် အိပ်လိုက်မှသက်သာပါတယ်ရှင့် အနောက်ကျောဘက် အပေါ်ပိုင်း ညာဘက် လက်ဖျံဘေးနားလေးကနေလည်းအတွင်းကနေတခါတရံစူးခနဲခံစားရပါတယ်ရှင့် ရေးတာလေး မှားသွားလို့ပါဆရာ ကျောဘက်အပေါ်ပိုင်း အတွင်းကနေတခါတရံစူးခနဲခံစားရပါတယ်ရှင်
အသက်ရှူမဝခြင်းဟာ ကိုဗစ်လက္ခဏာတွေထဲက တခုဖြစ်တယ်။ ကိုဗစ်ဟုတ် မဟုတ်ကတော့ စစ်မှသာသိမယ်။ စစ်လို့ (+) ပြသူတွေ ကိုယ့်အိမ်မှာ သီးခြားနေနိုင်တယ်။ ခံစားရတာမသက်သာရင်တော့ ဆေးရုံကို အရေးပေါ်သွားရမယ်။ အောက်စီဂျင်လယ်ဘယ်ကောင်းနေရမယ်။ 
အောက်စီဂျင်လယ်ဘယ် တိုင်းရမယ်။ Pulse Oximeter အောက်စီမီတာနဲ့စမ်းတယ်။ သွေးထဲမှာရှိတဲ့ အောက်စီဂျင်နဲ့ ဆိုင်တယ်။ SpO2 100% ကနေ 96% က အကောင်းဆုံး။ 
Normal oxygen saturation ပုံမှန်အောက်စီဂျင်က 95 ကနေ 100 ရှိရမယ်။ 95 ထက်နည်းရင် ဆရာဝန်ပြပါ။ 92% ဆိုရင် အရေးပေါ်သွားပါ။ 
ကူးစက်ခံရသူ ၈၀% က အလိုလို ကောင်းသွားတယ်။ ဘာဆေး ဘာအစားအစာတွေကမှ ပိုမကောင်းစေနိုင်။ ပိုမဆိုးစေနိုင်ပါ။
Oximeter ကို ဘယ်လက်ချောင်းမှာ တိုင်းတာ အကောင်းဆုံးလဲ။
၂။ ဆရာခင်ဗျား ​O2 တိုင်းတဲ့အခါ လက်ညိုးမှာ ၉၃ ပြပြီး လက်ခလယ်မှာ ၉၆  ပြပါတယ်။ ပြန်တိုင်းလဲ ဒီလိုအ​ဖြေပဲထွက်ပါတယ်။ ဘယ်​လက်​ချောင်းမှာတိုင်းရမယ် သတ်မှတ်ချက်ရှိလား။ ဘယ်လက်​ချောင်းက အမှန်ဆုံးလဲ သိချင်ပါတယ်။
ညာဘက် လက်ခလယ် နဲ့ ညာဘက်လက်မတွေက အဖြေမှန်နဲ့ အနီးစပ်ဆုံးရတယ်။ 
အောက်စီဂျင် 94 ကနေ 99 အထိ ပုံမှန်ဖြစ်တယ်။
သတိပြုရန် -
ကိုဗစ်ကာလမှာ သုံးတယ်။ ကိုဗစ်မဟုတ်သူတွေ တိုင်းရန် မလိုသလောက်ဖြစ်တယ်။ အီလက်ထရောနစ်ထုတ်ကုန်တွေဆိုတာ ထုတ်လုပ်တဲ့နေရာ အဆင့်အတန်းအရ တိကျမှုနဲ့ သက်တမ်းမတူကြပါ။ ထုတ်လုပ်တဲ့တိုင်းပြည်ညံ့ရင် ထုတ်ကုန်လည်း ညံ့လေ့ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ