Sty and Chalazion မျက်စိစွန်ခြင်း


မျက်ခွံမှာရှိတဲ့ အရည်ထွက်ဂလင်းအိတ်လေးတွေမှာ ရောဂါပိုးဝင်တာကို Sty (Hordeolum) မျက်စိစွန်တယ်လို့ ခေါ်တယ်။ အိတ်လေးတွေပိတ်ရာကနေ ပိုးဝင်တယ်။ တဖက်ရော နှစ်ဖက်လုံးပါ ဖြစ်နိုင်တယ်။ မျက်ခွံအတွင်းမှာ စွန်တာကို Chalazion လို့ ခေါ်တယ်။ နီရဲနေမယ်၊ ဖေါင်းနေမယ်၊ နာမယ်၊ ကြာရင် ထိပ်ဝမှာ ဖြူဝါဝါ ထိပ်ကလေးလို မြင်ရနိုင်တယ်။ ပူလောင်နေမယ်၊ ယားမယ်၊ အရည်ယိုမယ်၊ မျက်စိဖွင့်မရ ဖြစ်မယ်၊ ကြည့်မကောင်း ဖြစ်မယ်၊

အများဆုံးဖြစ်စေတဲ့ တရားခံဟာ Staphylococcus bacteria (စတက်ဖလိုကောကပ်စ်) ဗက်တီးရီယားဖြစ်တယ်။ မျက်နှာ သန့်ရှင်းရေး၊ မသင့်တဲ့-မကောင်းတဲ့ မိတ်ကပ်သုံးတာ၊ Blepharitis မျက်ခွံရောင်တာ၊ Meibomitis နဲ့ Rosacea မျက်စိရောဂါတွေကနေ ဆက်ဖြစ်တာကြောင့် မျက်စိစွန်နိုင်တယ်။ ဟော်မုန်းအပြောင်းအလဲနဲ့ စိတ်ဖိစီးမှုကိုလဲ လွဲချနိုင်တယ်။

မျက်စိစွန်တာကို External stye or Hordeolum လို့ ခေါ်တယ်။ ချွေးထွက် (ဂလင်း) တွေမှာ ပိုးဝင်တာပါ။ မျက်တောင်မွှေး အခြေမှာ အဆီထွက်ပေါက်ပိတ်နေလို့လဲ အဲလိုဖြစ်တယ်။ အအိပ်ပျက်၊ အစားပျက်ကနေလဲ ဖြစ်ဘို့ များစေတတ်တယ်။ သန့်ရှင်းရေး လိုတာကြောင့်လဲ ဖြစ်မယ်။ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါ လဲသုံးတာကနေကူးတယ်။ ဖြစ်မဲ့နေရာမှာ နီရဲရဲအဖုလေး၊ အလယ်မှာ ခပ်ဝါဝါလေးဖြစ်လာမယ်။ မျက်ခွံလဲ ရောင်နေမယ်။ နာမယ်၊ ပူမယ်၊ မျက်ခမ်းအနားမှာ အက်နေမယ်။ မျက်လုံး ကောင်းကောင်း ဖွင့်မရဘူး။ ကြည်လို့လဲ မကြည်ဘူး။ မျက်ဝတ်-မျက်ရည် ယိုမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ မျက်စိထဲ တခုခုဝင်နေသလို ခံစားရမယ်။ မျက်စိစွန်တာ ရက်မကြာပါ။ အပြင်စွန်တာက ဆေးမကုတာတောင် ၇-၁ဝ ရက်သာ ကြာတယ်။ အတွင်းစွန်က ကြာတယ်။

(၁) အပူကပ်ပေးပါ၊ ၁၅ မိနစ်ကြာ တနေ့ ၆ ခါလုပ်ပါ။ မျက်နှာကို ရိုးရိုးဆပ်ပြာနဲ့ မျက်နှာသစ်ပါ၊ မမှည့်သေးဘဲ မညှစ်ပါနဲ့၊ ပိုဆိုးနိုင်တယ်။ ပိတ်နေတာ ပွင့်သွားရင် သက်သာ ပျောက်ကင်းသွားမယ်။
(၂) အနာသက်သာဆေးသောက်ပါ။ Acetaminophen/Paracetamol (Tylenol) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။
(၃) Antibiotics စားဆေး၊ Doxycycline သုံးတာများတယ်။ တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။ Erythromycin မျက်စဉ်း နဲ့ ပဋိဇီဝစားဆေး Chloramphenicol, Amoxacillin တွေပေးရတယ်။ Chloramphenicol မျက်စဉ်းကို တချို့နိုင်ငံတွေမှာပဲသုံးတော့တယ်။
(၄) Antibiotic ointment ပိုးသေဆေး မျက်စဉ်း၊ Triple Antibiotic Ointment, PFIZER Terramycin, Tobrex Eye Ointment Tobramycin Ophthalmic Solution, Ciloxan Eye Ointment Brand 0.30% 3.5 G, BACITRACIN, Bacitracin, Terramycin (Oxytetracycline Hydrochloride) စတာတွေရှိတယ်။
(၅) Antibiotic/Steroid ointment ပိုးသေဆေးနဲ့ စတီရွိုက်ရောထားတဲ့ မျက်စဉ်း၊ BNP Triple Antibiotic Opthalmic Ointment with Hydrocortisone
(၆) လိုအပ်ရင် ပြည်ခွဲထုတ်ရမယ်။ ခွဲထုတ်တဲ့အခါ မျက်ခွံ အပြင်ဘက်ကဖြစ်ဖြစ်၊ အတွင်းဘကက်ကဖြစ်ဖြစ် လုပ်ရတယ်။ ဒါးရာကို မျက်ခွံအတွင်းအင်္ဂါ မျဉ်းနဲ့အညီခွဲရတယ်။ ပြည်ရှိနေတာမို့ မဖေါက်ရင် ပေါက်ထွက်တယ်။ ပြည်ကို သေသေခြာခြာ ရှင်းပေးရမယ်။

အိုင်း-လိုင်နာမသုံးသေးပါနဲ့။ ရောဂါပိုးက ဘေးပြန့်သွားရင် ပိုပြင်းတဲ့ဆေးတွေ ပေးရမယ်။ ရှားရှားပါးပါး အတွင်းစွန်တာကနေ အနာရွတ်ဒဏ် ဖြစ်စေနိုင်တယ်။ လက်ဆေးတာနဲ့ မကူးအောင် ကာကွယ်နိုင်တယ်။ ဆေးတွေထက် ပိုလိုတယ်။ အပူကပ်ပေးရင် သက်သာတယ်။ တနေ့မှာ ၄-၅ ခါထက်မနည်း ကပ်ပေးရမယ်။ တခါကပ်ရင် ၁ဝ-၁၅ မိနစ် ကြာပါစေ။ အသာအယာ အနာခံနိုင်သလောက် နှိပ်ပေးပါ။ ပြည်က သူ့ဖါသူပေါက်သွားမယ်။ ခွဲစရာ လိုချင်မှလိုမယ်။

မျက်စိစွန်တာကို ပဋိဇီဝစားဆေး နဲ့ ပဋိဇီဝမျက်စဉ်းပေးတာ လို-မလို ဆရာဝန်တွေ သဘောထား တထပ်တည်း မကျဘူး။ အများဆုံးသဘောတူတာက ၂-၃ ပတ်နဲ့မပျောက်ရင် ဆေးပေးပါ။

Blepharitis မျက်ခွံရောင်တာက ဗက်တီးရီးယားကနေဖြစ်တယ်။ No-tears shampoo မျက်စဉ်းခပ်ပေးရမယ်။ အပူ၊ ရေနွေးဝတ်ကပ်ပေးဘို့က ဆေးတွေထက်ပိုလိုတယ်။ တနေ့မှာ ၄-၅ ခါထက်မနည်းကပ်ပေးရမယ်။ တခါကပ်ရင် ၁ဝ-၁၅ မိနစ်ကြာပါစေ။ အသာအယာ အနာခံနိုင်သလောက် နှိပ်ပေးပါ။

Chalazion ဆိုတာ မျက်စိအတွင်းစွန်တာဖြစ်တယ်။ အပူကပ်ပေးပါ၊ ၁၅ မိနစ်ကြာ တနေ့ ၆ ခါလုပ်ပါ။ မျက်နှာကို ရိုးရိုးဆပ်ပြာနဲ့ မျက်နှာသစ်ပါ၊ မမှည့်သေးဘဲ မညှစ်ပါနဲ့၊ ပိုဆိုးနိုင်တယ်။ ပိတ်နေတာ ပွင့်သွားရင် သက်သာ ပျောက်ကင်းသွားမယ်။

(၁) အနာသက်သာဆေးသောက်ပါ။ Acetaminophen/Paracetamol (Tylenol) တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။
(၂) Antibiotics စားဆေး၊ Doxycycline သုံးတာများတယ်။ တခါသောက် ၁ လုံး၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။
(၃) Antibiotic ointment ပိုးသေဆေး မျက်စဉ်း၊ Triple Antibiotic Ointment, PFIZER Terramycin, Tobrex Eye
Ointment Tobramycin Ophthalmic Solution, Ciloxan Eye Ointment Brand 0.30% 3.5 G, BACITRACIN, Bacitracin, Terramycin (Oxytetracycline Hydrochloride)
(၄) လိုအပ်ရင် ပြည်ခွဲထုတ်ရမယ်။ ခွဲထုတ်တဲ့အခါ မျက်ခွံအပြင်ဘက်ကဖြစ်ဖြစ်၊ အတွင်းဘကက်ကဖြစ်ဖြစ် လုပ်ရတယ်။ ဓါးရာကို မျက်ခွံအတွင်းအင်္ဂါ မျဉ်းနဲ့အညီ ခွဲရတယ်။ ဒေလီဆေးခန်းလေးတုံးကလည်း ခဏခဏလုပ်ပေးရဘူးတယ်။

Dr. တင့်ဆွေ

Comments

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ