Winter illnesses ဆောင်းရာသီမှာ ဝေဒနာ

(၁) Colds အအေးမိခြင်း

ဗိုင်းရပ်စ်ကနေဖြစ်တယ်၊ ကူးတယ်၊ နှာခေါင်းကနေ အသက်ရှူရင်းဝင်လာမယ်။ ကူးစက်တာသိပ်မြန်တယ်။ လက်မှာ ကပ်ပါနေတာတွေလဲရှိလို့ လက်ကို မကြာမကြာဆေးပေးပါ။ အိုးခွက်ပန်းကန်တွေလဲ ခါတိုင်းထက်သန့်ရှင်းပေးပါ။ အဝတ်လက်ကိုင်ပုဝါထက် တစ်ရှူးစသုံးပါ။ အဲတာတွေကို စနစ်တကျစွန့်ပစ်ပါ။

၁။ အအေးမိဗိုင်းရပ်စ်က အဆိုးကြီးမဟုတ်ပါ။ ပိုးဝင်လာရင် နှာခေါင်းနဲ့ လည်ချောင်း နောက်နေရာကို ရောင်ရမ်းစေတယ်။

၂။ အအေးမိတယ်ဆိုတာ နှာခေါင်းမှာ စစ်ခင်းနေရတာဖြစ်တယ်။ နှာခေါင်းပိတ်မယ်၊ နှာရည်ယိုမယ်။ နှာခေါင်းကိုဖုံးနေတဲ့တစ်ရှူးတွေက လိင်လမ်းကတစ်ရှူးတွေလိုပဲ သွေးကြောတွေ ရောင်လာမယ်။ သွေးဖြူဥတွေ များလာတယ်။ လေဝင်လမ်းကျဉ်းလို့ အသက်ရှူရခက်ခဲလာမယ်။ Decongestant spray ကနေသက်သာစေမယ်။

၃။ မျက်လုံးတွေကနေလဲ အအေးမိကူးလာနိုင်တယ်။ အအေးမိသူနေသူကချောင်းဆိုး နှာချေရင် အမှုံလေးတွေက အနီးအနားကိုပြန့်မယ်။ အသက်ရှူနေသူဆီရောက်မယ်။ သူ့လက်မှာလဲ ပိုးတွေပါနေမယ်။ လက်ဆွဲနှုတ်ဆက်တာကနေ ကိုယ့်ဆီရောက်မယ်။ သူကိုင်တဲ့အရာ ဥပမာ အသုံးအဆောင်တွေ၊ ပရိဘောဂတွေမှာလဲ ပိုးတွေရောက်နေမယ်။ မျက်စိထဲလဲဝင်လာနိုင်တယ်။ မျက်စိနဲ့နှာခေါင်းကြားမှာ ပြွန်လေးတွေရှိလို့ ကူးလာနိုင်တယ်။

၄။ အမျိုးသမီးတွေက ပိုပြီးအအေးမိခံရတယ်။ ကလေးတွေနဲ့နေရတာများရင် ပိုပြီး ကူးစက်ခံကြရတယ်။ ကလေးတွေဟာ တနှစ်မှာ ၇-၁ဝ ကြိမ်အအေးမိပိုးဝင်ခံကြရတတ်တယ်။ ကလေးတွေကို စာသင်ရတဲ့ဆရာ-ဆရာမတွေလဲ အတူပဲ။ ကလေးထိန်းရသူတွေလဲပါတယ်။

၅။ ချွဲခပ်ဝါဝါဆိုတာ သွေးဖြူဥပါ။ ပိုးမှန်သမျှဝင်လာရင် ကိုယ့်သွေးဖြူဥတွေကခံချတယ်။ သူသေ ကိုယ်သေပဲ။ နှာရည်ယိုတာက ပြစ်ပြစ်လာတာသွေးဖြူဥအသေတွေပါပါနေလို့ပါ။ ခပ်စိမ်းစိမ်းအရောင်လဲဖြစ်နိုင်တယ်။

(၂) Sore throat လည်ချောင်းနာ

ဆောင်းရာသီမှာအဖြစ်များတယ်။ အများအားဖြင့် ဗိုင်းရပ်စ်ပါပဲ။ အပူချိန်အပြောင်းအလဲရှိရင်လဲ ဗိုင်းရပ်တွေ ကူးစက်နိုင်တယ်။ ဆားရည်ခပ်နွေးနွေးနဲ့ ပလုပ်ကျဉ်းပေးပါ။ ပိုးတွေကိုသေစေမှာမဟုတ်ပေမဲ့ ရောင်ရမ်းဖြစ်စဉ်ကို သက်သာစေမယ်။ ရေနွေးတဖန်ခွက်မှာ ဆားလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပါ။ အနာသက်သာဆေးသောက်ပါ။ ဥပမာ ပါရာစီတမော။ သိပ်ပူလွန်းတာမသင့်ပါ။ အေးတဲ့အစားအသောက် စားသောက်ပါ။ lozenges ငုံရတဲ့ဆေးသုံးပါ။ ဆားရေနွေးနဲ့ ပါးစပ်ဆေးပါ။ ရေ၊ အရည် များများ သောက်ပါ။ Steam inhalation ကို အမြဲမလိုအပ်ပါ။ Antibiotics ဗက်တီးရီးယားသေဆေး မလိုအပ်တာများတယ်။

(၃) Asthma ပန်းနာ

စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၄) Norovirus နိုရိုဗိုင်းရပ်စ်

အစာအိမ်တုပ်ကွေးလို့ခေါ်တယ်။ နှစ်ပေါက်ရှိနေပေမဲ့ ဆောင်းရာသီမှာပိုဖြစ်တယ်။ ဝမ်းပျက်မယ်။ အန်မယ်။ ရေ-အရည်-ဓါတ်ဆားရေသောက်ပါ။

(၅) Painful joints အဆစ်နာခြင်း

အနာသက်သာဆေးသောက်ပါ။ နွေးနွေးထွေးထွေးနေပါ။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပေးပါ။

(၆) Cold sores အပူနာပေါက်ခြင်း

စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၇) Heart attacks နှလုံးအတက်ရခြင်း

စာသပ်သပ်ရေးထာတာကို ဖတ်နိုင်ပါတယ်။

(၈) Cold hands ခြေလက်အေးခြင်း

Raynaud's phenomenon ခေါ်တယ်။ လက်ချောင်းတွေ အေးပြီးပြာနေမယ်။ ထုံကျင်နေမယ်။ ဆေးလိပ်မသင့်ပါ။ ကေဖင်း (ကော်ဖီ) မသင့်ပါ။ လက်အိပ်၊ ခြေအိပ်သုံးပါ။

(၉) Dry skin အသားအရေခြောက်ခြင်း

Moisturising ရေငွေ့ပါတဲ့ လိမ်းဆေးအမျိုးမျိုးသုံးပါ။ အမျိုးအစားကောင်းတာရှာပါ။ ရေချိုးပြီးချိန်မှာသုံးတာကောင်းတယ်။

(၁ဝ) Flu တုပ်ကွေး

ကျန်းမာရေးမကောင်သူတွေနဲ့ အသက် ၆၅ ကျော်သူတွေအတွက် အသက်ထိရန်ရှာနိုင်တယ်။ ကလေး ၂ နှစ်ကနေ ၁၈ နှစ်ကို Flu nasal spray တုပ်ကွေး ကာကွယ်ဆေး ရှူဆေးပေးပါတယ်။ တနှစ်တခါ ထိုးရ-ရှူရတယ်။

အချုပ် 

လက်ကိုမကြာမကြာဆေးပါ။ လူကြားသူကြား သိပ်မသွားနဲ့။ အစာအဟာရ မျှတလုံလောက်ပါစေ။ အိပ်ရေးမပျက်စေနဲ့။ ကိုယ်လက်လှုပ်ရှားပေးပါ။ 

ဒေါက်တာတင့်ဆွေ

၂၇-၁၀-၂၀၁၇

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ