Breast Lumps ရင်သားအကျိတ်မေးခွန်းများ

(ကန်တော့)

မေးခွန်းတွေ အတော်ကိုများတယ်။ နမူနာသာထည့်ပါမယ်။

၁။ ဆရာ မဂ်လာပါ ခင်ဗျ ကျနော့်မိန်းမ အသက် ၂၅ နှစ်ပါ သူ့ ယာဘက်ရင်အုံထဲမှာ ကွမ်းသီးလုံးလောက် အကျိတ်ဖစ်နေလို့ပါ စမ်းကြည့်ရင် မနာပါဘူးခင်ဗျ ဘယ်လိုရောဂါ အနေအထားဖစ်နိုင်ပါသလည်း ခင်မျ ကျေးဇူးပြု၍ ကူညီ အကြံပေးပါခင်ဗျာ (ညာဘက်လို့ ရေးရတယ်။ ဖြစ်လို့ရေးရတယ်။ ဖစ်ဆိုတာ မောင်ဖစ်၊ မဖစ်၊ ဦးဖစ်၊ ဒေါ်ဖစ်၊ ဖစ်လမ်း)

၂။ အသက် ၃၄ နှစ် အမျိုးသမီး အပျိုပါ ဘယ်ဘက်ရင်သားမှာ အကျိတ်လုံးတခု သတိထားမိပါတယ် ရွှေ့လို့ရပါတယ် တချက်တချက် စူးခနဲ စူးခနဲ ဖြစ်လို့ သတိထားမိတာပါဆရာ။ အစ်မအရင်းထဲမှာ ရင်သားကင်ဆာဖြစ်ဖူးလို့ စိုးရိမ်မိပါတယ်။ ဘယ်လိုအကျိတ်ဖြစ်နိုင်မလဲ ဖြစ်နိုင်တာရှိရင်လည်း ဘယ်လို ကုသမှုခံယူရနိုင်မလဲ သိချင်ပါတယ်ရှင့်။ (သတ်ပုံ ပြင်လိုက်တယ်။ ဆောရီး။)

၃။ ဆရာ အသက် ၄၀ သားအိမ်ထုတ်ထား ပါတယ် ညာဘက်ရင်သားမှာ 1.2 , .9, .6 cm ရှိတဲ့ fibrous တွေ့တယ် ပြောပါတယ် ခွဲစိတ်သင့်ပါသလားဆရာ ပြန်ဖြေပေးပါအုံး မနက်ဖြန် ခွဲသင့် မခွဲသင့် ဆုံးဖြတ်ရမှာ မလို့ပါ

၄။ ရင်သားနာရင် အကျိတ်တွေ့ရင် eve 500, eposoft ပဲဆရာဝန်တွေကသောက်ခိုင်းတယ်။ အဲ ၂ ခုက အာနိသင်တူတူပဲလားဆရာ။

၅။ Fibroadenoma အကျိတ်နှစ်ခါခွဲပြီးပြီဆရာ။ နှစ်ဖက်လုံးမှာပါ။ နောက်ထပ်ထပ်မပေါ်အောင် ဘာဆေးများ မှီဝဲရမလဲ ညွှန်ကြားပေးစေချင်ပါတယ်ဆရာ။

၆။ Fibroadenoma က ခွဲစိတ်ပြီးရင် ပြန်ဖြစ်တတ်ပါသလားဆရာ။ မခွဲဘဲထားရင်ကော malignant change ဖြစ်ဖို့ chance များနိုင်ပါသလားဆရာ။

ရင်သားအကျိတ် ၈၀% တို့ဟာ ကင်ဆာ မဟုတ်ပါ။ ရင်သားရောဂါတွေအမျိုးမျိုးရှိပါတယ်။

(၁) Benign lesions ကင်ဆာ မဟုတ်တာတွေ
• Breast Fibroadenoma (F/A) အသက် ၂ဝ-၃ဝ အပျိုရွယ်တွေမှာ အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ နာလဲမနာဘူး။ အကျိတ်ကို သန့်သန့်လေး စမ်းလို့ရမယ်။ ဟိုဘက်-ဒီဘက်၊ အထက်-အောက် ရွေ့လို့ရတာမို့ ရင်သား Breast mouse ကြွက်လို့ ခေါ်ကြတယ်။
• Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သား-အကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။
• Fibrocystic breast disease ကင်ဆာမဟုတ်ပါ။ ရာသီရက်တွေမှာ အပြောင်းအလဲတွေ ဖြစ်မယ်။ အနေရ ခက်စေတယ်။
• Hyperplasia of the breast ရင်သားကို အသားစဖြတ်ယူ စစ်ဆေးကြည့်ရင် ကင်ဆာလို့ မတွေ့ရဘူး။ ဒါပေမဲ့ ပြွန် (ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ များနေတယ်။ တချိန်မှာ ကင်ဆာဖြစ်လာနိုင်တဲ့ အခွင့်အလမ်း များတယ်။
• Atypical hyperplasia of the breast ပုံမှန်မဟုတ်တဲ့ (ဆဲလ်) တွေကို နို့ပြွန်ထဲမှာရော နို့ထွက် အဆုပ်လေးတွေမှာပါ ရှိနေမယ်။ တချိန်မှာ ကင်ဆာ ဖြစ်လာနိုင်တဲ့အခွင့်အလမ်း ၄-၅ ဆ များတယ်။
• Intraductal papilloma ကင်ဆာမဟုတ်ပါ။ နို့ပြွန်လေးတွေထဲမှာ ကြွက်နို့နဲ့ဆင်တယ်။ အပြင်ကစမ်းရင် အကျိတ်စမ်းလို့ရမယ်။ နို့သီးအဖျားကနေ အရည်တမျိုးမျိုး ထွက်မယ်။
• Adenosis of the breast ကင်ဆာမဟုတ်ပါ။ နို့ထွက်အဆုပ်လေးတွေမှာဖြစ်တယ်။ Mammograms (မင်မိုဂရမ်) ရိုက်ရင် ကင်ဆာနဲ့ဆင်နေမယ်။ Biopsy အသားစဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။
• Phyllodes tumor ရှားတယ်။ ကြီးလာတာမြန်တယ်။ Ultrasound ရိုက်ရင် Fibroadenoma နဲ့ ဆင်တူနေမယ်။ အသက် ၄ဝ ကျော်မှာ အဖြစ်များတယ်။ ကင်ဆာမဟုတ်တာရော ကင်ဆာပါဖြစ်နိုင်တယ်။
• Fat necrosis ရင်သားကို ထိခိုက်မိရာကနေ အထဲက အဆီ (တစ်ရှူး) တွေ ပျက်စီးတာဖြစ်တယ်။ စမ်းလို့တွေ့တဲ့ အကျိတ်ဟာ အမာရွတ်သာဖြစ်တယ်။
• Mastitis နို့နာ။ တခြားနေရာတွေမှာ အနာဖြစ်သလိုမျိုး နာမယ်၊ နီရဲနေမယ်၊ ဖေါင်းနေမယ်၊ ပူနွေးနေမယ်။ ကလေး နို့တိုက်ချိန်မှာ အဖြစ်များတယ်။ Breast abscess ပြည်တည်လာနိုင်တယ်။ ကိုယ်ပူမယ်။
• Breast calcifications နို့မာ။ (ကယ်လ်စီယမ်) ထုံးဓါတ်တွေ စုဝေးနေတာဖြစ်တယ်။ Mammograms ရိုက်ရမယ်။ ကင်ဆာလဲဖြစ်နိုင်လို့ Biopsy အသားစ ဖြတ်ယူစစ်ဆေးတာ လုပ်ရမယ်။
• Gynecomastia ယောက်ျားနို့က မိန်းမနို့လိုဖြစ်နေတာ။ မွေးကလေးတွေမှာလဲ ဖြစ်နိုင်တယ်။ လူပျိုပေါက်လဲ ဖြစ်တတ်တယ်။

(၂) Breast cancer ရင်သားကင်ဆာ
• Malignant (Cancer) cells ကင်ဆာဆဲလ်တွေ မူမှန်ဖြစ်လာရင် ပုံမှန်မဟုတ်ဘဲ ပွါးများလာမယ်။ ကိုယ်ခန္ခာ တခြားနေရာတွေဆီကို ပြန့်နှံ့စေမယ်။ အမျိုးသမီး သီးသန့်ရောဂါလို့ ပြောနိုင်တယ်။ ယောက်ျားတွေလဲ မဖြစ်ဘူးတော့ မပြောနိုင်ပါ။ ရင်သားကင်ဆာရဲ့ လက္ခဏာတွေကတော့ အကျိတ်၊ နို့သီးအဖျားက သွေးထွက်တာ၊ နို့အရေပြား အသွင်အပြင်-အရောင်ပြောင်းလဲခြင်းတွေ ဖြစ်ကြတယ်။
• Ductal carcinoma in situ (DCIS) နို့ပြွန်ထဲမှာသာ ရှိနေသေးတဲ့ ကင်ဆာဆိုတာ ဖြစ်ရင် ကုသလို့ မခက်လှပါ။
• Lobular carcinoma in situ (LCIS) နို့ဖြစ်စေတဲ့ အဆုပ်လေးထဲမှာသာ ရှိနေသးတဲ့ ကင်ဆာဟာ ဘေးကို မပြန့်သေးပေမဲ့ နောင်တချိန်မှာ ဆိုးချင် ဆိုးလာနိုင်တယ်။
• Invasive ductal carcinoma နို့ပြွန်ကင်ဆာကတော့ နို့ထဲမှာတင် တခြား (တစ်ရှူး) တွေအထိပြန့်မယ်။ ကိုယ်ခန္ဓာ တခြားနေရာတွေအထိ ရောက်ချင် ရောက်နိုင်တယ်။ ဆိုးတယ်။ အဖြစ်များတယ်။
• Invasive lobular carcinoma နို့ထွက်အဆုပ် ကင်ဆာကလဲ နို့ထဲမှာရော တခြားနေရာတွေကိုပါ ပြန့်မယ်။ အဖြစ်မများပေမဲ့ ဆိုးတာဘဲ။

(၃) Breast Tests စစ်ဆေးခြင်းများ
• Physical Exam ရင်သားကို ရိုးရိုးစစ်ဆေးခြင်း = ကိုယ်တိုင်စမ်းတာကနေစပြီး ဆရာဝန်မျက်စိနဲ့၊ လက်နဲ့ စစ်ဆေးတာကနေ စရမယ်။ အရွယ်အစားရော တွဲကျနေမှုရော ဘယ်-ညာ တူပါသလား၊ ဖြစ်နေတဲ့နေရာမှာ အပေါ်အရေပြား ပြောင်းနေတာ၊ အကျိတ်တွေ့ရင် နေရာ၊ အရွယ်အစား၊ ပုံပန်း၊ ရွေ့ ရ-မရ၊ နာ-မနာ၊ အပျော့-အမာ။ နို့သီးအဖျားက တခုခုထွက်နေသလား၊ ချိုင်းမှာကော တက်စိတွေ ရှိနေသလား။
• Mammogram (မင်မိုဂရမ်) = Low-dose X-rays ဓါတ်မှန်ရောင်ခြည် အပြော့စားသုံးတယ်။ အမျိုးသမီးတိုင်းကို ပုံမှန်စစ်နေတာအတွက်ရော၊ သချာချင်လို့ရောအတွက်ပါ သုံးတယ်။
• Digital mammogram (ဒစ်ဂျစ်တယ်လ်-မင်မိုဂရမ်) = (ဒေတာ) ကိန်းဂဏန်းတွေကို လုပ်ယူဖေါ်ပေးနိုင်တဲ့ ကွန်ပြုတာသုံးတယ်။ ပိုတိကျတယ်။
• Diagnostic mammogram ရောဂါရှာ (မင်မိုဂရမ်) = ရင်သားမှာ မူမှန်မဟုတ် ဖြစ်နေတာတွေကို ပိုသိစေနိုင်တယ်။
• Breast ultrasound (အာလ်ထွာဆောင်း) (ဖရီကွင်စီ) များလှတဲ့ အသံလှိုင်းကိုသုံးတယ်။ ဓါတ်ရောင်ခြည် မပါဘူး။ အသံလှိုင်ကိုပုံဖေါ်ယူတယ်။ အကျိတ်ထဲမှာ အရည်ရှိနေသလား။ အခဲလား သိစေမယ်။
• Breast magnetic resonance imaging (MRI scan) = (အမ်-အာရ်-အိုင်) သံလိုက် နဲ့ ကွန်ပြူတာသုံးတယ်။ အသေးစိတ် ပုံဖေါ်နိုင်တယ်။ နေရာတိုင်းတော့ မသုံးဘူး။
• Breast biopsy (ဘိုင်အော့်ပ်စီ) အသားစဖြတ်ယူစစ်ဆေးခြင်း = သံသယရှိတဲ့နေရာက (တစ်ရှူး) ကိုဖြတ်ယူပြီး အသေအခြာစစ်ဆေးတယ်။ ကင်ဆာ ဟုတ်တာ-မဟုတ်တာ အတိအကျ သိရမယ်။
• Fine needle aspiration (FNA) breast biopsy အပ်သေးလေးနဲ့စုပ်ယူစစ်ဆေးခြင်း = မကောင်းဘူးထင်တဲ့ နေရာကို အင်မတန်သေးတဲ့ ဆေးထိုးအပ်ထိုးပြီး အထဲက စုပ်ယူလို့ရတာကို မှန်ဘီလူးနဲ့ စစ်ဆေးတယ်။
• Core needle breast biopsy အပ်ကြီးတာနဲ့ စုပ်ယူစစ်ဆေးခြင်း = မကောင်းဘူးထင်တဲ့နေရာကို အခေါင်းကျယ်တဲ့ အပ်ထိုးပြီး အထဲကစုပ်ယူလို့ရတာကို မှန်ဘီလူးနဲ့ စစ်ဆေးတယ်။
• Stereotactic breast biopsy = ကွန်ပြူတာသုံးတယ်။
• Surgical biopsy = ခွဲစိတ်နည်းနဲ့ အသားစဖြတ်ယူစစ်ဆေးတယ်။
• Sentinel node biopsy = ရောဂါဖြစ်နေတာကိုသိမယ်။ လိုအပ်ရင်ဖြတ်ထုတ်ယူမယ်။ တက်စေ့ကိုလဲ လုပ်နိုင်တယ်။
• Ductogram (galactogram) နို့ပြွန်ကိုစစ်ဆေးခြင်း = ပလပ်စတစ်ပြွန်သေးလေးသုံးတယ်။ နို့သီအဖျား နို့ထွက်ပြွန်အဝကနေထည့်မယ်။ ဆေးရည်ထိုးသွင်းမယ်။ နို့ကနေသွေးထွက်တာ ဘာလို့လဲဆိုတာ သိလာစေမယ်။
• Nipple smear နို့ကနေထွက်တာကို စစ်ဆေးခြင်း = သွေးဖြစ်ဖြစ်၊ အရည်ဖြစ်ဖြစ်ထဲမှာ ကင်ဆာ-ဆဲလ်တွေ ပါနေ-မနေစစ်မယ်။
• Ductal lavage နို့ပြွန်ဆေးကြောခြင်း = သန့်တဲ့ဆားရည်ကို နို့ပြွန်အကနေထိုးပေးပြီး ထွက်လာတာထဲမှာ ကင်ဆာဆဲလ်တွေ ပါနေ မနေစစ်မယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ