Complications of heart disease include နှလုံးရောဂါကနေ ဆက်ဖြစ်နိုင်တာတွေ

၁။ Heart failure နှလုံး အလုပ်မလုပ်နိုင်တော့ခြင်း၊
အဖြစ်များတယ်။ ကိုယ်ခန္ဓာကနေ လိုသလောက် လိုက်မလုပ်နိုင်တော့တဲ့အခြေအနေ ဖြစ်တယ်။ ကောင်းနေတဲ့ နှလုံးကိုက ကြာရင် အားနည်းလာတယ်။ နှလုံးအောက်ခန်းတွေက တင်းမာလာမယ်။ ကျယ်လာမယ်။ ကြွက်သားတွေ ပြော့လာမယ်။ ရောဂါတွေထဲက Heart defects, Cardiovascular disease, Valvular heart disease, Heart infections နဲ့ Cardiomyopathy တွေကနေ ဖြစ်စေမယ်။

၂။ Heart attack နှလုံး (အတက်ခ်) ရခြင်း၊
Coronary artery disease နှလုံးကိုသွေးပို့ပေးနေတဲ့ (ကိုရိုနရီ) သွေးလွှတ်ကြောမကောင်းလို့ဖြစ်ရတယ်။ အများဆုံးက သွေးခဲလေးတွေကနေ လာပိတ်တာ။

၃။ Stroke (စထုပ်ခ်) ရခြင်း၊ 
ဦးနှောက်ကို သွေးလုံလောက်အောင်မရလိုဖြစ်တာမို့ Ischemic stroke သွေးမဝလို့ရတာလို့လဲခေါ်တယ်။ အရေးပေါ်ဖြစ်တယ်။ 

၄။ Aneurysm (အင်ညူရဇင်) သွေးလွှတ်ကြောဖေါင်းခြင်း၊ 
တကိုယ်လုံး ဘယ်နေရာမဆိုဖြစ်နိုင်တယ်။ သွေးလွှတ်ကြောဖေါင်းရာကနေ ပေါက်ထွက်နိုင်တယ်။ ကိုယ်ထဲမှာ သွေးတွေယိုပြီး အသက် ဆုံးပါးစေနိုင်တယ်။ 

၅။ Peripheral artery disease အဖျားပိုင်း သွေးလွှတ်ကြောရောဂါ၊
Atherosclerosis သွေးလွှတ်ကြောလေးတွေမာနေတာက ဆက်ဖြစ်တယ်။ ခြေထောက်မှာအဖြစ်များတယ်။ 

၆။ Sudden cardiac arrest ရုတ်တရက် နှလုံးရပ်သွာခြင်း၊
နှလုံးခုန်တာရော အသကိရှူတာပါ ရုတ်တရက် ရပ်သွားတယ်။ သတိလစ်သွားမယ်။ နှလုံး လျှပ်စစ်စနစ်ချို့ယွင်းလို့ဖြစ်ရတယ်။ Coronary artery disease လို နှလုံးရောဂါ အခံရှိနေသူတွေမှာသာဖြစ်တယ်။ အရေးပေါ်ဖြစ်တယ်။ 

Tests and diagnosis စစ်ဆေးနည်းတွေ
၁။ Blood tests သွေးစစ်ခြင်း၊
၂။ Chest X-ray ဓါတ်မှန်၊
၃။ Electrocardiogram (ECG) (အီး-စီ-ဂျီ)၊
၄။ Holter monitoring (စော်လ်တာ) စက်၊ 
၅။ Echocardiogram (အက်ကိုဂရမ်)၊ 
၆။ Transesophageal ultrasound (အာလ်ထွာဆောင်း)၊ 
၇။ Cardiac catheterization နှလုးထဲ ပိုက်ငယ်လေးသွင်းခြင်း၊
၈။ Heart biopsy အသားစ ထုတ်ယူစစ်ဆေးခြင်း၊
၉။ Cardiac computerized tomography (CT) scan (စီ-တီ စကင်)၊
၁ဝ။ Cardiac magnetic resonance imaging (MRI) (အမ်အာရ်အိုင်)၊

Treatments and drugs နှလုံးရောဂါကို ကုသခြင်း
၁။ Cardiovascular disease treatments နှလုံးသွေးကြောရောဂါ၊
(က) Lifestyle changes လူနေမှုပုံစံပြောင်းခြင်း၊
Low-fat and low-sodium diet အဆီ နဲ့ အငန် လျှော့စားပါ။ တနေ့မှာ နာရီဝက် ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်-လျှော့ပါ။

(ခ) Medications ဆေးပေးနည်း၊
Blood pressure သွေးဖိအားကျအောင် Diuretics, Angiotensin-converting enzyme (ACE) inhibitors or Beta blockers ဆေးတွေ၊ Blood thinning medications သွေးကျဲဆေး Aspirin (အက်စပင်)၊ Cholesterol-lowering (ကိုလက်စထော) ကျဆေး Statins or Fibrates တွေ။

(ဂ) Medical procedures or surgery ခွဲစိတ်နည်း၊ ဆေးတွေနဲ့ မရသေးရင် ခွဲစိတ်လို့ရတာကို ခွဲစိတ်မယ်။ Coronary angioplasty နဲ့ Coronary artery bypass surgery နည်းတွေ၊

၂။ Heart arrhythmia treatments နှလုံးခုန်မမှန်ရောဂါ၊
(က) Vagal maneuvers (ဗေးဂတ်စ်) အာရုံကြောနည်း၊ အသက်ရှူအောင့်ထားခြင်း၊ မျက်နှာကို ရေခဲရေတင်ခြင်း၊ တမင်တကာ ချောင်းဆိုးခြင်း၊ 
(ခ) Medications ဆေးပေးခြင်း၊
(ဂ) Medical procedures တခြားဆေးနည်း၊ Cardioversion နဲ့ Ablation နည်း ၂ နည်းသုံးတယ်။
(ဃ) Pacemakers or Implantable Cardioverter-defibrillators (ICDs) ကရိယာသုံးနည်း၊ 
(င) Surgery ခွဲစိတ်နည်း၊ 

၃။ Heart defect treatments
(က) Medications ဆေးပေးနည်း၊ 
(ခ) Special procedures အထူးနည်း၊ Catheters ပိုက်သေးသေးလေးသုံးတယ်။
(ဂ) Open-heart surgery နှလုံးခွဲစိတ်နည်း၊
(ဃ) Heart transplant နှလုံးအစားထိုးခြင်း၊

၄။ Cardiomyopathy နှလုံးကြွက်သားကြီးခြင်း၊
(က) Medications ဆေးပေးနည်း၊ ACE inhibitors or angiotensin II receptor blockers နဲ့ Beta blockers တွေပေးမယ်။
(ခ) Medical devices ကရိယာသုံးနည်း၊ Implantable cardioverter-defibrillator (ICD) ကရိယာ၊
(ဂ) Heart transplant နှလုံးအစားထိုးခြင်း၊

၅။ Heart infection နှလုံးပိုးဝင်ခြင်း၊
(က) Antibiotics ပဋ္ဋိဇီဝဆေးများ၊
(ခ) Medications တခြားဆေးများ၊ 

၆။ Valvular heart disease treatments နှလုံး အဆို့ရှင်ရောဂါများ၊
(က) Medications ဆေးပေးခြင်း၊ Vasodilators, Medications to lower your cholesterol, Diuretics နဲ့ Blood-thinning medications တွေ ပေးမယ်။
(ခ) Balloon valvuloplasty လေဘူဘောင်းနည်း၊
(ဂ) Valve repair or replacement ခွဲစိတ်ပြုပြင်နည်း၊

၇။ Lifestyle and home remedies လူနေမှုပုံစံပြောင်းခြင်း၊ အိမ်မှာတင်လုပ်လို့ရတဲ့နည်း၊
(က) Stop smoking ဆေးလိပ်ဖြတ်ပါ။
(ခ) Control your blood pressure သွေးတိုးကို ထိန်းနေပါ၊
(ဂ) Check your cholesterol (ကိူလက်စထော) ချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက်နည်းပါစေ၊

တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာအထိ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။
(ဃ) Keep diabetes under control ဆီးချိုထိန်းနေပါ။
(င) Get moving ငြိမ်မနေပါနဲ့၊ လှုပ်ရှားပေးပါ။
(စ) Eat healthy foods ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။
(ဆ) Maintain a healthy weight ကိုယ်အလေးချိန် ထိန်းနေပါ။ 
(ဇ) Manage stress စိတ်ဖိအား လျှော့နည်းသုံးပါ။
(စျ) Practice good hygiene habits သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။
(ည) Get a flu shot တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ