Lactose Intolerance လက်တို့စ် နို့လက်မခံနိုင်တဲ့ ဝမ်းပျက်ရောဂါ

၁။ မဂ်လာပါဆရာရှင့် အမေ နဲ့ ကျမ သားအမိနှစ်ယောက်လုံးအတွက်မေးချင်လို့ပါရှင့် အမေက အသက် ၆၃ ကျမအသက်က ၃၃ ပါ ကျမတို့သားအမိနှစ်ယောက်လုံး လေပွတာ ရက်နည်းနည်းကြာလာပါပြီ ဝမ်းကလဲ သွားတာ အကြိမ်ရေများပါတယ် ဝမ်းပျက်သလိုဗိုက်နာပြီးသွားတာမျိုးမဟုတ်ပဲ ခဏခဏ အိမ်သာသွားတာပါ မနက်အိပ်ယာ နိုးရင် မခံမရပ်နိုင်အောင်ဗိုက်ဆာပြီး ညပိုင်းဆို ဗိုက်က ဒုက္ခပေးပါတယ် ညပိုင်းဆို လေပွ ရင်ထဲ နေမထိထိုင်မသာဖြစ်ပြီး ကတုန်ကရင်အိပ်မရဖြစ်တယ် ဗိုက်ပွတာပါ ညတိုင်းလိုလိုပဲ အရင်က တခါတလေပဲဖြစ်ပေမဲ့ အခုက ရက်စိပ်လာပါတယ် နေ့ခင်းတွေကျထမင်းစား ပြီးတာနဲ့ မစာမကျေသလို အီလည်နေတတ်ပြီး လေကတချိန်လုံးပွနေတယ် အစားအသောက်တော်တော်များများ စားမရတာကြာပါပြီ ထမင်းစားလဲ အချဥ်အစပ် ထည့်စားရင်ပိုဆိုးပါတယ်ခံစားရတာ နို့ထွက်စာ စားရင်လဲ နေမထိထိုင်မသာ ညပိုင်းဆိုပိုဆိုးတယ် ပေါင်မုန့်ကိတ်မုန့် အစုံပါပဲဆရာ တော်တော်များများကိုစားမရတာပါ

၂။ ဆရာရှင့်သမီးမှာအခက်တွေ့နေလို့ ကူညီပေးပါရှင့်။ သသားလေးက lactose နဲ့မတည့်တဲ့ကလေးပါ။ သမီးတို့ရန်ကုန်မှာ နို့မှုန့်ဝယ်ရတာခက်ခဲပါတယ်။ lactose free နို့မှုန့်တွေရှားပါတယ်။ အခုနို့မှုန့်တမျိုးက lactose free လို့မရေးဘဲ နို့မှုန့်ထဲတွင် lactose မပါဝင်ပါ။ Gluten မပါဝင်ပါလို့ ရေးထားပါတယ်ရှင့်။ အဲလိုနို့မှုန့်မျိုးကို သားလေးကို တိုက်လို့ရပါသလားရှင့်။ ညွှန်ကြားပေးပါဦးဆရာ။ သမီးက အိမ်မှာဘဲနေတဲ့ လူတယောက်ပါ။ အပြင်ဗဟုသုတနည်းတဲ့သူပါ။ သမီးအရမ်းခက်ခဲလို့ပါ ကူညီပေးပါရှင့်။
အရင်ကလညာ်း မေးကြတယ်။ 

၃။ ဆရာရှင့် ၁ လခွဲသမီးလေးမှာ lactose intolerance ဖြစ်နေတယ်လို့ သိသိချင်း အမေနို့ ၂ ပတ်ဖြတ်ပြီး lactose intorelance နို့မှုန့်တိုက်နေရပါတယ်ရှင့်။ lactose intorelance နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလားဆရာ။ သမီးက ဆားလင်းကြီးမြို့နယ်ကပါဆရာ။

၄။ သမီးရဲ့ ဒုတိယမြောက်သားလေးက အသက် ၇ လခွဲရှိပါပြီရှင် လက်တို့စ်နဲ့မတည့်ဖြစ်နေပါတယ်ဆရာ။ ကလေး အသက် တလခွဲမှာတစ်ခါ အသက် ၄ လလောက်မှာတခါ အခု အသက် ရလခွဲမှာ တစ်ခါ လက်တို့စ်နဲ့မတည့်တာ ပြန်ဖြစ်နေပါတယ် လက်တို့စ် မတည့်တာက အဲ့ဒီလို ခနခနဖြစ်တတ်ပါသလားရှင်။ အခုတစ်ခေါက် ဝမ်းစစ်တော့ color က greewish yellow သကြားဓာတ်က 1.5 ပါဆရာ။ ဆရာ ဒီလို ခဏခဏ မဖြစ်အောင် ဘာတွေကို ဆင်ခြင်ရမလဲရှင်။ ကလေးက G6PD ပါဆရာ။ လက်တို့နဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေ ညွှန်ကြားပေးစေခြင်ပါတယ်ရှင်။

မိခင်နို့ရည်ထဲမှာ ပရိုတင်း 0.8% to 0.9%၊ အဆီ 4.5%၊ ကာဗွန်ဟိုက်ဒရိတ် 7.1% နဲ့ ဓါတ်ဆား 0.2% ပါတယ်။ Carbohydrates ကာဗွန်ဟိုက်ဒရိတ် ထဲမှာ အဓိက Lactose လက်တို့်စ်သကြားဓါတ် 7 g/100 ml ပါတယ်။ ဒါကြောင့် ချိုတယ်။ တချို့ကလေးတွေနဲ့ လူကြီးတွေမှာ လက်တို့်စ်သကြားဓါတ်ကိုခံနိုင်ရည်မရှိကြပါ။ Lactose intolerance ခေါ်တယ်။ Lactase deficiency လို့လဲခေါ်တယ်။ Lactase ခေါ်တဲ့ အူထဲက အင်ဇိုင်းမ်ကနေ လက်တို့စ်ကို အစာကျေချက်ဘို့ လုပ်ပေးတယ်။ ဒီအင်ဇိုင်းနည်းနေရင် နို့ကိုအစာမချက်နိုင်ဖြစ်မယ်။ 

သုံးမျိုးရှိတယ်။ 
(၁) Primary lactose intolerance အသက်ကြီးလာလို့ဖြစ်ခြင်း၊ လူဦးရေရဲ့ ရဝ% လောက်ရှိတယ်။ ကလေး အသက် ၂-၃ နှစ်ထက်စောသိလေ့မရှိပါ။
(၂) Secondary lactose intolerance နေမကောင်းရာကနေဖြစ်ခြင်း၊ အူသိမ်ကိုခွဲစိတ်ပြီးနောက်မှာဖြစ်ခြင်း Celiac disease, Gastroenteritis နဲ့ Crohn's disease အစာလမ်းရောဂါတွေကနေဖြစ်ခြင်း။ Lactose malabsorption အောက်ခံရောဂါကနေ ဆက်ဖြစ်တယ်။ Rotavirus ရိုတာဗိုင်းရပ်ပိုးဝင်ရာကနေဖြစ်နိုင်တယ်။ Giardiasis, cryptosporidiosis နဲ့ တခြား ပါရာဆိုက် ဝင်လို့ကနေလဲ ဖြစ်နိုင်တယ်။ ဒီလိုကလေးတွေကို ဖြစ်စေတာကိုရှောင်ပြီး၊ အဲဒီအခြေခံရောဂါကိုလဲ ကုသပေးရမယ်။ 
(၃) Congenital lactose intolerance မွေးရာပါဖြစ်ခြင်း။ ရှားပါးတယ်။ Neonatal Lactase Deficiency ဖွံ့ဖြိုးမှု အားနည်းချက်ကနေဖြစ်တာကတော့ အစာလမ်းကြောင်း ဖွံဖြိုးမှုမပြည့်စုံသေးလို့ကနေဖြစ်တယ်။ ကိုယ်ဝန် ၃၄ ပါတ် နောက်မှသာ ပြည့်စုံတယ်။ စောမွေးတဲ့ကလေးတွေမှာဖြစ်တယ်။ 

ရောဂါသေချာအောင် စစ်ဆေးမှုတွေလုပ်ရမယ်။
1. Lactose tolerance test 
2. Hydrogen breath test 
3. Stool acidity test 

အဲလိုဖြစ်နေသူတွေမှာ နို့ပါတာစားသောက်ပြီးတာနဲ့ မိနစ် ၃ဝ အကြာမှာ စခံစားရမယ်။ ဝမ်းပျက်မယ်၊ ပျို့-အန်မယ်။ ရင်ပြည့်နေမယ်။ လေတက်မယ်။ တချို့သိပ်မဆိုးလှပေမဲ့ တချို့မှာဆိုးတယ်။ ဒီရောဂါရှိနေတဲ့ကလေးမှာ ဗိုက်ဖေါင်းနေမယ်။ ဗိုက်အောင့်မယ်။ 

ပျောက်အောင်ကုလို့မရပါ။ နို့နဲ့ နို့ထွက်အစားအသောက်တွေရှောင်ပါ။ လျှော့ပါ။ အဲလို ရှောင်ရသူတွေမှာ ကယ်လ်စီယမ် နည်းမယ်။ ဆေးသောက်ရမယ် ကယ်လ်စီယန်ပါအစားတွေရွေးစေားရမယ်။ ဗီတာမင် (ဒီ) နည်းရင်လဲ ဖြည့်ရမယ်။ Lactose-reduced or lactose-free products လက်တို့စ်နည်း-မပါ အစားအစာတွေ ရွေးသုံးပါ။ လက်တို့စ် မပါတာနဲ့ နည်းနည်းလေးသာပါတဲ့ ပြုပြင်ထားတဲ့အစားအသောက်ပေးတာတွေကိုသာ ကျွေးတာ လုပ်နိုင်တယ်။ Lactose-Free Formulas လက်တို့စ်မပါ နို့မှုံသာ တိုက်ပါ။ 

အရိုးကြီးထွားဘို့ မရှိမဖြစ်တဲ့ ကယ်လ်စီယမ် နည်းမှာကိုသတိထားရမယ်။ ဒါကြောင့် အဲလိုကလေးတွေကို ကယ်လစီယမ် ပါတဲ့တခြားအစာတွေနဲ့ ကယ်လ်စီယမ်ပေးရမယ်။ ကလေးအရွယ်လေးရလာချိန်မှာ ဆန်၊ ပဲပုပ်တွေကနေ လုပ်တဲ့နို့ ပေးနိုင်ပြီ။ Lactase enzyme tablets or drops ဆေးသုံးနိုင်တယ်။ ဆေးသောက်ပြီး လက်တို့စ်ပါတဲ့ အစားအသောက်ကို အသင့်အတင့် စားသောက်နိုင်မယ်။ မိခင်နို့၊ နွားနို့သာမက ဆိတ်နို့မှာလဲ လက်တို့စ် ပါတယ်။ 

Lactulose လက်ကျူလို့စ်ဆိုတာ လူတွေကနေထုတ်လုပ်ထားတဲ့သကြားဓါတ် ဖြစ်တယ်။ ဝမ်းပျော့စေအောင် ပေးတဲ့ဆေးအဖြစ် သုံးတယ်။ Lactulose ထဲမှာ Lactose ပါတယ်။ Lactose intolerance ရှိနေသူတွေနဲ့ မသင့်ပါ။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ