Pregnancy and Sleeping pills ကိုယ်ဝန် နဲ့ အိပ်ဆေး

ကိုယ်ဝန် နောက်ဆုံး ၃ လမှာ အအိပ်ပျက်တာ များကြတယ်။ နုသေးရင် မေးတဲ့သူ ပြောသလိုဘဲ။ ကာယရော စိတ်ရော အကြောင်းခံတွေကနေ အိပ်ရေးကို ဒုက္ခပေးနိုင်တယ်။ ကြွက်တက်တာ။ ဆီးထသွားချင်တာ၊ အလွန်ဆော့တဲ့ အထဲက ကလေး၊ ကိုယ်ဝန် အရွယ်အစား ကြီးလာလို့ ဘယ်-ညာလှည့်တိုင်း နိုးလာတာ၊ ခါးနာတာ၊ အိပ်မက်၊ မွေးဖွါးရမှာကို ကြိုပြီး ကြောင့်ကျစိတ်ဝင်တာ။
ကြွက်တက်တာ သက်သာအောင် ခြေပိုင်း လေ့ကျင့်ခန်းလို လှုတ်ရှားမှုမျိုး အမြဲလုပ်ပါ။ Calcium ဆေးသောက်ပေးပါ။ အိပ်ရင် တဖက်စောင်း၊ ဒူးကွေးအိပ်ပါ။ ခါးနာ သက်သာအောင် ခေါင်းအုံးပို လိုတဲ့နေရာမှာ သုံးပါ။ ဆီးထမသွာရအောင် အိပ်ခါနီး ရေ-အရည် (ကော်ဖီ၊ လဖက်ရည်) လျှော့သောက်ပါ။ နေ့ခင်းမှာ ပိုသောက်ဘို့ မမေ့ပါနဲ့။ Two-ply sheet with two glossy sides စပါယ်ရှယ် အိပ်ယာခင်းသုံးပါ။ မအိပ်ခင် တီဗွီကြည့်တာ၊ စာဖတ်တာတွေထဲ စိတ်ထိခိုက်၊ အနှောင့် အယှက် ပြုမှာတွေ ရှောင်ပါ။ စိတ်ငြိမ်နည်း၊ ပုတီးစိတ်၊ တရားထိုင်၊ ချည်ထိုး၊ ရေနွေးချိုး၊ သာယာညင်သာတဲ့ တေးဂီတ။
Food and Drug Administration (FDA) ကနေ ကိုယ်ဝန်ဆောင်မှာ လုံးဝစိတ်ချရတဲ့ အိပ်ဆေးရယ်လို့ အာမခံတာ မရှိသေးပါ။
• Benadryl နဲ့ Ambien တွေကို Class B medications လို့ သတ်မှတ်ထားတယ်။ ဆိုလိုတာက ကိစ္စမရှိတဲ့ သဘောပါ။
• Sonata, Lunesta, and Rozerem တွေကတော့ Class C ဖြစ်လို့ မရေရာဘူး ပြောတာပါ။ Class A ဆိုတာ မရှိသေးပါ။
• အရင်ကတည်းကသုံးတဲ့ Depressants ငြိမ်ဆေး Zolpidem (Ambien®) and zaleplon (Sonata®) တွေ ရှိတယ်။ ရာနှုန်းပြည့် စိတ်ချရတယ်လို့ ဆရာဝန်တွေက အာမမခံပါ။ ဆေးက ကလေးဆီ ရောက်နိုင်တယ်။
• Lunesta (Eszopiclone) အိပ်ဆေးကလဲ Pregnancy Category C ဖြစ်လို့ ရောဂါနဲ့ ဖြစ်ခြင်တာ ချိန်ဆရတယ်။
• Nonbenzodiazepine Hypnotic Medications (Zaleplon, Zolpidem Tartrate (Ambien) and Eszopiclone) တွေကို ရေတိုအတွက် ပေးတတ်ပါတယ်။
• Benzodiazepine Hypnotic Medications (Estazolam, Triazolam and Temazepam) တွေကိုလဲ သုံးခဲ့ကြတယ်။
• Sedative Antidepressants (Amitriptyline, Trazodone and Nortriptyline) တွေကိုလဲ သုံးခဲ့ကြတယ်။
• Antihistamines ဆေးတွေကလဲ အိပ်ဆေးမဟုတ်ပေမဲ့ အိပ်ခြင်စေတယ်။ ဆေးဆိုင်းတိုင်းမှာ ဝယ်ရတယ်။ ဥပမာ Doxylamine and Diphenhydramine တွေက အမေရိကားမှာ ရောင်းတယ်။ နိုင်ငံတိုင်းမှာ နယ်မယ် အမျိုးမျိုးနဲ့ လာတာတွေပါ။ အအေးမိ၊ အလာဂျီဖြစ် စတာတွေအတွက် သုံးနေကြတဲ့ ဆေးတွေ ဖြစ်တယ်။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ