Syphilis Treatment ဆစ်ဖလစ်အတွက်ဆေးများ

(ကန်တော့)
မေးခွန်းတွေ မနည်းပါ။ မထည့်တော့ပါ။
ပဌမအဆင့်၊ ဒုတိယအဆင့်၊ တတိယအစောပိုင်းအဆင့် ဆစ်ဖလစ်အတွက်ဆေးများ
• Benzathine penicillin G 2.4 million units in a single IM injection တလုံးထဲထိုးပါ။ ဒါမှမဟုတ် တပတ် ၁ လုံး၊ ၃ ပတ်ထိုးပါ။ ဒါမှမဟုတ် Procaine penicillin G 2-4 million units IM ၁ဝ-၁၄ ရက်ထိုးပါ။
• ပနယ်စလင်မဆတည့်ရင် Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။
ဦးနှောက်-အာရုံကြော ဆစ်ဖလစ် အတွက်ဆေးများ
• Benzathine penicillin G 2.4 million units တပတ် ၁ လုံး၊ ၃ ပတ်ထိုးပါ။ ဒါမှမဟုတ်
• Crystalline Penicillin G 3-4 million units IV 4 hourly x 10-14 days ဒါမှမဟုတ်
• Procaine penicillin 2.4 million units IM တနေ့ ၁ လုံးထိုးပါ။ ဒါ့အပြင် Probenecid 500 mg ကို တနေ့ ၄ ခါသောက်ပါ။ ၁ဝ-၁၄ ရက်ကြာမယ်။ ဒါမှမဟုတ်
• Chloramphenicol 2 Gm daily x 30 days, Doxycycline 200 mg BD x 21 days and Ceftriaxone 1 Gm daily x 14 days
မှတ်ချက်
• ဆစ်ဖလစ် ပဌမအဆင့်ရှိသူနဲ့ ပြီးခဲ့တဲ့ ရက် ၉ဝ အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် တပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် ဒုတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် တပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် ဆတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် တပြိုင်တည်း ကုသမှုခံယူပါ။
• HIV + Syphilis တွဲနေရင် နောက်ဆေးတွေလိုသေးတယ်။ (၂) ကိုယ်ဝန်ဆောင်တွေကို အထက်ကနည်းအတိုင်း ပေးရမယ်။
ဆစ်ဖလစ်အတွက် ဆေးရွေးသုံးရခြင်း
• ဆစ်ဖလစ် စောစောပိုင်းအဆင့် = Penicillin G တလုံးထဲ IM ထိုးပါ။ ပနယ်စလင် မတည့်သူကို Doxycycline နဲ့ Tetracycline ပေးပါ။ ကိုယ်ဝန်ဆောင်နေရင် မပေးသင့်ပါ။ Ceftriaxone ကိုပါ သုံးနိုင်တယ်။
• ဆစ်ဖလစ် နောက်ပိုင်းအဆင့် = Neurosyphilis အာရုံကြော-ဆစ်ဖလစ်၊ Penicillin IV အကြောဆေး ၁ဝ ရက် ထိုးပါ။ ပနယ်စလင် မတည့်သူကို Ceftriaxone ပေးပါ။ ဒါမှမဟုတ် Penicillin G ကို တပတ်တခါ ၃ ပတ်ထိုးပါ။ မတည့်ရင် Doxycycline ဒါမှမဟုတ် Tetracycline သုံးပါ။
• ဆစ်ဖလစ် စောစောပိုင်းအဆင့်အတွက် ၂ဝ၁ဝ သုတေသနတခုမှာ Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ 2.4-MU Penicillin G Benzathine 2.4-MU ထိုးတာနဲ့ ယှဉ်ကြည့်တယ်။ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း-မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။
• Penicillin ပနယ်စလင်နဲ့ မတည့်သူတွေအတွက် = ဆစ်ဖလစ် ပဌမအဆင့် နဲ့ ဒုတိယအဆင့်တွေအတွက် Tetracycline, Erythromycin နဲ့ Ceftriaxone တွေကို ပေးတယ်။ အရင်က Doxycycline နဲ့ Tetracycline တွေကို သုံးနေခဲ့တယ်။ အခု ၂ဝ၁ဝ မှာ CDC guidelines အရ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။
• CDC 2010 ရဲ့ STD လိင်ကတဆင့်ကူးစက်ရောဂါ ဆေးလမ်းညွှန်မှာလဲ ထိရောက်တယ်လို့ ဆိုထားတယ်။ တချို့ ဆေးယဉ်တာလဲတွေ့ရတယ်။ ဒါကြောင့် ပနယ်စလင် နဲ့ Doxycycline သုံးမဖြစ်မှသာ Azithromycin ကို ပေးသင့်တယ်။ လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ Azithromycin မပေးသင့်ပါ။
ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုး Jarisch-Herxheimer reaction ဆိုတာဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက်အတွင်းဖြစ်နိုင်တယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ရင်ခုန်မြန်မယ်။ ချမ်းမယ်၊ အနီပြင်ထွက်မယ်။ ကြွက်သားတွေ နာမယ်။ Aspirin, NSAIDs အနာ-အကိုက်သက်သာဆေးပေးနိုင်တယ်။ (အလာဂျီ) ဖြစ်ရင် Benedryl ပေးနိုင်တယ်။
Syphilis ဆစ်ဖလစ် (ပနယ်စလင်မတည့်သူ)
Doxycycline (ဒေါက်ဆီဆိုက်ကလင်း) နဲ့ Tetracycline (တက်ထရာဆိုက်ကလင်း) တွေကို အရင်ကတည်းက သုံးနေတယ်။ Erythromycin (အရစ်သရိုမိုင်စင်) နဲ့ ceftriaxone (ဆက်ဖ်ထရိုင်ယာဇုန်း) ဆေးတွေကိုလည်းသုံးနိုင်တယ်။ Azithromycin (အဇစ်သရိုမိုင်စင်) ကိုလည်း လေ့လာတယ်။ ၂ဝဝ၈ ထုတ်ပြန်ချက်အရ ထိရောက်တယ်။ ၂ဝ၁ဝ မှာလည်း HIV လည်းမရှိသူ အဆင့် (၁) ဆစ်လေစ်ကို ထိရောက်တာတွေ့ရတယ်။ ဆေးပေးပြီးနောက် ၆ လမှာ သွေးပြန်စစ်တော့ အဓိကဆေးတွေပေးတာနဲ့ မထူးတာတွေ့ရတယ်။ နောက်ပိုင်းမှာ ဆေးယဉ်လာတာလည်း တွေ့လာရတယ်။ (ပနယ်စလင်) နဲ့ (ဒေါက်ဆီဆိုက်ကလင်း) မရမှသာပေးသင့်တယ်။ ဒါပေမယ့် (ဂေး) တွေနဲ့ ကိုယ်ဝန်ဆစ်ဖလစ်တွေမှာတော့ ဒီဆေးနဲ့ မတိုးပါ။
အစောပိုင်းအဆင့် ဆစ်ဖလစ်
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်။ သို့မဟုတ်
- Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။ သို့မဟုတ်
- Erythromycin (အရစ်သရိုမိုင်စင်) 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်။
ဆိုးတဲ့ ဆစ်ဖလစ်
- Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၃ဝ ရက်။ သို့မဟုတ်
- Tetracycline 500 mg တနေ့ ၄ ကြိမ်၊ ၃ဝ ရက်။ သို့မဟုတ်
- Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၃ဝ ရက်။
VDRL ကာလသားရောဂါ စစ်ဆေးနည်းများ https://dr-tint-swe.blogspot.com/2021/01/vdrl.html
Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ https://dr-tint-swe.blogspot.com/2021/01/syphilis-test-results.html
ရောဂါပျောက်ပေမဲ့ VDRL ဆေးစစ်ရင် တွေ့နေဦးမယ်။ ဆောရီး။
Dr. တင့်ဆွေ

Comments

  1. ကျနော် 2dilution ရှိတယ်ဆရာ အရင်လက စစ်တာလည်း 2ပဲ မလျှော့သွားဘူး ဆရာ ပြီးတော့ ကျနော်က ပင်နယ်စလင်နဲ့ မတဲ့လို့ သောက်ဆေး Doxycycline သောက်ပါတယ် ဘာဆေး ထပ်သောက်ရမလဲဆရာ ကိုးရီးယားသွားဖို့ အတွက်ပါ

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ