Twin Pregnancy အမြွာကိုယ်ဝန်

ကျမ ကိုယ်ဝန် ၁၉ ပတ် (အာလ်ထရာဆောင်း) ရိုက်တော့ အမြွာလေး လိင်တူတူ (ယောက်ျားလေး) လို့ ပြောပါတယ်။ သူတို့ ပြောတော့ တယောက်က ၂ ပတ်စာလောက် သေးနေတယ် ပြောပါတယ်။ အချင်းမတူဘူး ဆိုလားပဲ။ အချင်းမတူလို့ ယောက်ကျားလေး နဲ့ မိန်းကလေး ဖြစ်သင့်တယ် ဆိုလားပဲ။ ဒါပေမယ့် ယောက်ကျားလေး နှစ်ယောက် ဖြစ်နေတယ်ဆိုပြီး။ ဆေးပညာ ဝေါဟာရတွေတော့ ရွတ်ပြတာပဲ။ အဲဒါ အမြွာတွေအကြောင်း ရှာကြည့်တာ မတွေ့လို့၊ ဆောင်ရန် ရှောင်ရန် နဲ့ အမြွာကိုယ်ဝန်တွေအကြောင်း ရေးပေးပါဦးရှင့်။
အမြွာ ဦးရေ တကမာ္ဘလုံးမှာ ၁့၉% လောက်ရှိတယ်။ စုစုပေါင်း အမြွာအစုံ ၁၁ သန်းရှိတယ်။ Monozygotic twins အသွင်တူ-အမြွာ စုစုပေါင်းရဲ့ ၈% သာပါလို့ ဝ့၂% ရှိတယ်။ အမေရိကားမှာ ကိုယ်ဝန်ဆောင် ၁ဝဝဝ မွေးတိုင်း အမြွာက ၃၂ ယောက် ပါတယ်။ ဆေးဝါး-အစားအစာတွေကြောင့်တချို့နေရာတွေမှာ ပိုများနေတယ်။ အသက်မငယ်တဲ့ (၃၅ နှစ် အထက်) မိခင်တွေကနေ အသွင်မတူ-အမြွာ ပိုပြီးရစေတာ တွေ့ရတယ်။ Half-siblings လို့ ခေါ်တာလဲ မှန်တယ်။
Twins အမြွာ ဘာလို့ဖြစ်သလဲ။ အကြောင်းတရား ၄ မျိုးရှိတယ်။
၁။ မ-မျိုးဥ ၁ ဥမက ထွက်လို့၊
၂။ မ-မျိုးဥ ၁ ကြိမ်မက ထွက်လို့၊
၃။ မ-မျိုးဥ ၁ ခုထဲကနေ ၂ ခုကွဲပြီး အသွင်လုံးဝတူတဲ့ အမြွာရတာ၊
၄။ IVF ကလေးမရရအောင် ဆေးနည်းနဲ့ မျိုးစပ်ပြီးသားဥ ၃ ခု အနဲဆုံး သားအိမ်ထဲ ထည့်ပေးတာ။
အထဲမှာလဲ အမျိုးမျိုး ရှိနိုင်တယ်။
· ကလေး ၂ ယောက်၊ ၂ ယောက်မက၊
· အချင်း ၁ ခု၊ ၂ ခု၊
· ရေမြွာအိတ် ၁ ခု၊ ၂ ခု။
အမြွာ ၂ မျိုးရှိတယ်။
၁။ Identical (Monozygotic) One zygote မျိုးဥ ၁ ခုထဲကနေ ကွဲထွက်ပြီး Two embryos ကလေး ၂ ယောက်ဖြစ်တာ၊
၂။ Non-identical (Dizygotic), (Fraternal) မတူတဲ့ Eggs ဥ ၂ ခုကနေ မတူတဲ့ Sperm သုတ်ပိုး ၂ ခုနဲ့ ပေါင်းစပ်တာ။
Identical twins အသွင်တူ-အမြွာတွေထဲမှာ ၆ဝ-၇ဝ% က Placenta အချင်းတခုထဲ ဖြစ်တတ်ပြီး၊ Amniotic sacs ရေမြွာအိတ်တော့ တခြားဆီရှိတယ်။ ၁၈-၃ဝ% တွေမှာ Placenta အချင်းတခြားဆီနဲ့ Amniotic sacs ရေမြွာအိတ်လဲ တခြားဆီရှိတယ်။ ၁-၂% လောက်မှာသာ Placenta အချင်းတခုထဲ၊ Amniotic sacs ရေမြွာအိတ်လဲ တခုထဲ နေမယ်။
1. ယောက်ျားလေး + မိန်းကလေး၊ Non-identical twins အသွင်မတူ၊ ၅၀% နဲ့ အများဆုံး၊
2. မိန်းကလေး + မိန်းကလေး၊ Non-identical twins အသွင်မတူ၊
3. ယောက်ျားလေး + ယောက်ျားလေး၊ Non-identical twins အသွင်မတူ၊
4. မိန်းကလေး + မိန်းကလေး၊ Identical twins အသွင်တူ၊
5. ယောက်ျားလေး + ယောက်ျားလေး၊ Identical twins အသွင်တူ အနည်းဆုံး၊
Identical twins တွေမှန်သမျှ Genetically identical မျိုးဗီဇ တူကြတယ်။ ရှားရှားပါးပါး Mutation ပြောင်းလွဲတာ မဖြစ်ဘူးဆိုမှ တူတယ်။ လိင်တူမယ်။ Phenotypes ဆိုတာလဲ တူမယ်။ (ချွင်းချက်တော့ ရှိနိုင်ပါတယ်။) Morphology အသွင်သဏ္ဌာန်၊ Development ကြီးထွားမှုနဲ့ Behavior အမူအယာတွေကို ပြောတာပါ။ Nearly identical DNA (ဒီ-အင်-အေ) လဲ တူသလောက်ရှိမယ်။ Fingerprints လက်ဗွေ မတူကြပါ။ Half-identical or Semi-identical twins ဆိုတာက ရှားတယ်။ မိခင်ရဲ့ Same genes တူတဲ့ မျိုးဗီဇရပြီး ဖခင်ဆီက Different genes မတူတဲ့မျိုးဗီဇရလို့ ဖြစ်ရတယ်။ အသွင်တူ-အမြွာတွေဟာ ကြီးလာတာနဲ့ External influences ပတ်ဝန်းကျင်၊ Lifestyle choices ရွေးချယ်မှုတွေ မတူကြလို့ တယောက်နဲ့ တယောက် ကွဲပြားလာကြတယ်။
မွေးတဲ့အချိန် ကွာခြားတာ အမျိုးမျိုးရှိတယ်။ ဂျာမနီမှာ ၁၅ နှစ်တာ လေ့လာမှုတခုအရ ဗိုက်မခွဲဘဲ မွေးလမ်းကနေ မွေးတဲ့ အမြွာ-ကလေးပေါင်း ၈၂၂၀ ( ၄၁၁၀ ကိုယ်ဝန်ပေါင်း) ကို ဆန်းစစ်တော့ ပျမ်းမျှ ကွာချိန် ၁၃့၅ မိနစ်ရှိတာ သိရတယ်။
· ၁၅ မိနစ်ခြားမွေးတာ = ၇၅့၈%၊
· ၁၆-၃ဝ မိနစ်ခြားမွေးတာ = ၁၆့၄%၊
· ၃၁-၄၅ မိနစ်ခြားမွေးတာ = ၄့၃%၊
· ၄၆-၆၀ မိနစ်ခြားမွေးတာ = ၁့၇% နဲ့
· ၆၀ မိနစ်မကခြားမွေးတာ = ၁့၈% ရှိကြတယ်။
အမြွာကိုယ်ဝန် ဟုတ်-မဟုတ် ကနေ့ခေတ်မှာ (အာလ်ထွာဆောင်း) လုပ်ရင် တန်းသိတယ်။ ဒါပေမဲ့ ဒီလို အခွင့်အလမ်း မရှိတဲ့ နေရာနေရသူတွေ၊ စစ်ဘို့ ပိုက်ဆံ မတတ်နိုင်သူတွေအတွက် ဆရာဝန်၊ ဆရာမတွေက ကူညီနိုင်ပါတယ်။
1. အမျိုးထဲမှာ အမြွာရှိတဲ့-ရာဇဝင် ရှိမယ်။
2. ကိုယ်ဝန် အရွယ်အစား ပုံမှန်ထက် ကြီးမားနေမယ်။
3. ကိုယ်အလေးချိန်ရင် ပုံမှန်ထက် များနေမယ်။
4. ကိုယ်ဝန်ရှိစ ဖြစ်တတ်တဲ့ ပျို့-အန်တာမျိုး ဖြစ်နေကြထက် ပိုများတာ ခံစားရနိုင်တယ်။
5. ကလေးလှုတ်တာ စောသိနိုင်သလို လှုတ်တာလဲ ပိုနေမယ်။
6. အားယုတ်သလို ခံစားရနိုင်တယ်။
7. Doppler Heartbeat နှလုံးခုန်သံ နားတောင်ရင် တနေရာမက ကြားရနိုင်တယ်။
8. ကိုယ်ဝန်ရှိပြီး ၁၀ ရက်နောက် သွေး-ဆီးစစ်ရင် HcG ဟော်မုန်း များနေမယ်။
9. Abnormal AFP (Alphafetoprotein) Test ကိုယ်ဝန် ဒုတိယပါတ်မှာ စမ်းနိုင်တယ်။
10.  Ultrasound လုပ်ရင် တန်းသိတယ်။
ကလေးတယောက်ထဲ-ကိုယ်ဝန်တွေထက်
· ပိုပြီး ဝမ်းချုပ်နိုင်တယ်၊ လေပွနိုင်တယ်၊ ကြွက်တက်နိုင်တယ်၊ ခါးနာနိုင်တယ်။
· Premature labour အမြွာ-ကိုယ်ဝန် တဝက်လောက်က စောမွေးတာ (၃၇ ပါတ်မှာ) များတယ်။
· သူများတွေထက် BP သွေးဖိအား များတတ်တယ်။
· ကိုယ်ဝန်မှန်သမျှရဲ့ ၇% မှာဖြစ်တတ်တဲ့ PET ကိုယ်ဝန်သွေးဆိပ်တက်တာဟာ အမြွာ-ကိုယ်ဝန်တွေမှာ ၃ ဆ ပိုတတ်တယ်။ (ခြေထောက်ရောင်၊ ဆီးထဲအနယ်ပါ၊ သွေးဖိအားများ၊ ၃ မျိုး ရှိတာတွေကို ပြောတာပါ။)
· Placental abruption မမွေးခင် သွေးဆင်းလို့ LSCS ဗိုက်ခွဲမွေးရတာမျိုး ပိုဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့ (အာလ်ထွာဆောင်း) မှာ တခါထဲ သိရလို့ ခွဲမွေးဘို့ ပြင်ဆင်ပါ။
· Fetal growth restriction မွေးလာမဲ့ ကလေးတွေက ကိုယ်အလေးချိန် နည်းမပေမဲ့ ကျန်းမာကြတာ များတယ်။ တဝက်လောက်က ၅ ပေါင်ခွဲထက် နည်းကြတယ်။
· Twin-to-twin transfusion syndrome အထဲမှာ သွေးရတာ အတူတူဖြစ်တဲ့ အမြွာတွေဆိုရင် ကလေး တယောက်က ကျန်တယောက်ထက် သွေးပိုသုံးတာမျိုး ဖြစ်နိုင်တယ်။
Complications နောက်ဆက်တွဲ စဉ်းစားစရာတွေ ရှိတယ်။
· Vanishing twins (Fetal resorption) အထဲမှာ သေသွားတာ၊ တချို့ ကလေးတယောက်ထဲ မွေးလာတဲ့ ကိုယ်ဝန်တွေမှာ အစတုံးက မရှင်နိုင်တဲ့ အမြွာ ရှိနိုင်ခဲ့မယ်ဆိုတာ လေ့လာလို့ တွေ့လာရတယ်။
· Conjoined twins ရင်ချင်းဆက်အမြွာ၊ ကိုယ်ဝန် ၅ သောင်းမှာ တယောက် ဖြစ်တတ်တယ်။
· ဆေးပညာ အထူးလေ့လာတာတွေထဲမှာ ရှားပါးတာတွေ ရှိပါတယ်။ Chimerism, Parasitic twins, Partial molar twins, Miscarried twin, Twin-to-twin transfusion syndrome, Unusual twinnings
· ဒီလိုဟာတွေ ကိုယ့်မှာ လာဖြစ်မယ် မထင်စေလိုပါ။
အမြွာကိုယ်ဝန် ဆောင်ရတာ စိုးရိမ်စရာ မပိုပါ။ ကလေး ၂ ယောက်ထက် များရင်တော့ ပိုသတိထားရပါမယ်။ အမြွာ-ကိုယ်ဝန်ဆောင် မိခင်လောင်းတွေဟာ စားတာပိုရတာထဲမယ် (ပရိုတင်း) နဲ့ သံဓါတ် ပိုစားရမယ်။ အမြွာကိုယ်ဝန်ကို ဖွါးတာမှာ ၅၀% လောက်သာ ခွဲမွေးကြရတယ်။
အမြွာ-ကိုယ်ဝန်ရှိသူတွေ လေ့ကျင့်ခန်းလုပ်လို့ ရပါတယ်။ Swimming ရေကူး၊ Yoga ယောဂနည်း၊ Pilates ဂျာမန်နည်း၊ Aqua-aerobics (ရေ-အေရိုးဘစ်) နည်း။ အရေးအကြီးဆုံးက Pelvic floor exercises မွေးလမ်း-ဆီးအိမ်-အစာဟောင်း အိမ်တွေကို အောက်မကျ မကြွံစေအာင် တင်ပဆုံရိုးကွင်းထဲက ကြွက်သားအရွတ်တွေ သန်မာအောင် လေ့ကျင့်ခန်းကို ကိုယ်ဝန်ဆောင် မှန်သမျှ လုပ်ကြရတဲ့နည်းတွေ လုပ်ပါ။ မွေးပြီးလဲ ဆက်လုပ်ပါ။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း