CEA စစ်နည်း

Carcinoembryonic Antigen စစ်နည်းလို့လည်းခေါ်တယ်။

၁။ CEA က ၂ဝဝကျော်နေတယ် ဆေးသွင်းနေရင်းဖြစ်ဘူးတဲ့လူရှိလားရှင် အဖြေမှာ 257.5 လို့ရေးထားပါတယ်

၂။ ဆရာရှင့် ကျွန်မအမေတွင် Carcinoembryonic antigen 7.30 ရှိနေပါသည်ရှင်။ CA 125နှင့် Alpha Fetoprotein level ကတော့ပုံမှန်ပါပဲဆရာ။ ကျောက်ကပ်မှာတော့ အသားဓာတ်များပြီး ယောင်နေပါသည်ဆရာရှင်။ ကျောက်ကပ် ဆရာဝန်ကြီးက အစာအိမ်အူလမ်းကြောင်းနှင့်တိုင်ပင်ရန်အကြံပေးပါသည်ရှင်။ ထိုသို့ Carcinoembryogenic antigen များတာ ကင်ဆာဖြစ်နိုင်ခြေရှိလားဆရာရှင်။ အမေကတော့ ညာဖက်ကသာ အမြဲအောင့်ပြီးနာပါသည်ဆရာ။ စာတွင် အမှားတစုံတရာပါရှိက အနူးအညွတ်တောင်းပန်ပါတယ်ရှင်။

၃။ ဆရာခင်ဗျား ကျွန်တော်က ကင်ဆာပိုင်ရှင်နှင့်မိတ်ဆွေကောင်းများ Group ကပါ။ ကိုယ်တိုင်က lymphoma ဖြစ်ဖူးသူပါ။ Group ထဲမှာ ကင်ဆာအကြောင်းနဲ့ပတ်သတ်ပြီးပြောကြရင်း နဲ့ member ယောက်ဆီက CEA result နဲ့ပတ်သတ်ပြီး မရှင်းတာတခုမေးချင်လို့ပါ။ Carcinoembryonic antigen (CEA) ကပုံမှန် ဆေးလိပ်မသောက်သူ အရွယ်ရောက်ပြီး 3 ng/mL နဲ့ ဆေးလိပ်သောက်သူ အရွယ်ရောက်ပြီး 5 ng/mL CEA 20ng/ml ကျော်ဆိုရင် သတိထားရမယ်လို့ ဖတ်ဖူးပါတယ်။ သူ့ရဲ့CEA result က 116 ကျော်နေတယ်ဆိုတာ ဘယ်လိုအဓိပ္ပယ်ပါလဲ။ CEA အများဆုံး ဘယ်လောက် ရှိနိုင်ပါသလဲ။ Result မှာ ဒသမတလုံးများ typing ရိုက်ရင်းကျန်နေတာများလား ဖြေပေးပါခင်ဗျား။ SS ရိုက်ထားတာ ကြည့်ကြည့်ပါဆရာ။

၄။ ဆရာရှင့် ကျမသိချင်တာလေးကိုမေးခွင့်ပြုပါရှင့်။ ဆရာရဲ့ပို့စ်မှာတင်ထားတဲ့ကင်ဆာ CEA က ၁၁၆ က သုံည ပြုတ်မကျန်ခဲ့ပါဘူးရှင်။ အူမကြီးကင်ဆာမနှစ်ကဖြစ်လို့ ဖြတ်ပြီးကင်ဆာ အဆင့်၂ ဆိုလို့ဆေးသွင်းတာအကြိမ်၂ဝ ကျော်ပါပြီ။ cea က ပထမ ၆၀ ၊နောက်၈ဝထိတက်ပြီး ၃၀ ကိုပြန်ကျသွားပါတယ်။ ခြေလက်ကျဉ်တာနဲ့သောက်ဆေးနဲ့ ၄ လပိုင်းကဆက်သွားတာ ၆ လပိုင်းမှာ Cea ပြန်စစ်တော့ အခုဆေးစစ်ချက်အတိုင်း ၁၁၆ ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ တခြားအကုန်ကောင်းတယ်။သွေးထဲမှာပဲကျန်နေတယ်ဆိုပြီး အခု၂ ခေါက်သွင်းပြီးမှ cea ပြန်စစ်ခိုင်းထားပါတယ်ရှင်။

၅။ ဆရာရှင့် medical checkup လုပ်တဲ့အခါမှာ CEA test ကို package ထဲထည့်ပြီး စစ်ကြပါတယ်။ အစာအိမ်အူလမ်းကြောင်း ဆရာဝန်ရဲ့အင်တာဗျူးမှာ CEA ကို အူမကြီးကင်ဆာဖြစ်ဘူးတဲ့လူတွေကိုပဲ စစ်ခိုင်းရတယ်။ ပုံမှန်လူတွေအတွက် CEA test ကအသုံးမဝင်ဘူးပြောပါတယ်။ အူမကြီးကင်ဆာရှိမရှိကို CEA test နဲ့မသိနိုင်ပါဘူးလား ဆရာ။

Carcinoembryonic antigen (CEA) test စမ်းတယ်ဆိုတာ တချို့လူတွေမှာ ကင်ဆာဖြစ်နိုင်ခြကိုသိဘို့ဖြစ်တယ်။

Colon and Rectal cancer အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်တယ်။ သရက်ရွက်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥအိမ်ကင်ဆာနဲ့ အဆုပ်ကင်ဆာမှာလည်းရှိတတ်တယ်။ အမှန်က သန္ဓေသားကနေထုတ်တဲ့ ပရိုတင်းဖြစ်ပါတယ်။ မွေးလာပြီးနောက်မထုတ်ပမယ့် တချို့မှာဆက်ထုတ်နေတယ်။ ရောဂါရှိနေသလားအတွက်စမ်းတာနဲ့ ခွဲစိတ်ကုသပြီး တိုးတက်မှုသိဘို့ပါစမ်းတယ်။ ၁-၃ ရက်နေရင် အဖြေထွက်မယ်။

5 nanograms per milliliter (ng/mL) သို့ 5 micrograms per liter (mcg/L) ထက်နည်းတာကပုံမှန်ဖြစ်တယ်။

Cirrhosis အသည်းခြောက်နေသူ၊ Hepatitis အသည်းရောင်နေသူ၊ Diverticulitis နဲ့ Inflammatory bowel disease အစာလမ်းရောဂါတွေ၊ Peptic ulcer disease လေနာရောဂါ၊ chronic obstructive pulmonary disease (COPD) နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ၊ Cholecystitis သည်းခြေအိတ်ရောင်တာနဲ့ Bile duct သည်းခြေရည်လမ်း ပိတ်နေသူတွေမှာလည်း များနေနိုင်တယ်။

အဲတာကြောင့် အဖြေကများနေတိုင်း ကင်ဆာလို့ကောက်ချက်မချနိုင်သေးပါ။ ဒီဟာများနေတာဟာ ကင်ဆာလို့ပြောဘို့ရာ စိတ်မချရသေးပါ။ မရှိတိုင်းလည်း ကင်ဆာမရှိသူလို့မပြောနိုင်ပါ။ ဆေးလိပ်သောက်သူတွေမှာ မသောက်သူတွေထက် များနေနိုင်တယ်။ အူမကြီးကင်ဆာဖြစ်နေသူမှာ များလာရင်တော့ ပြောနိုင်တယ်။ ကင်ဆာဆေးကုနေသူတွေ နောက် ၆ လနေရင်ပုံမှန်အဖြေလာမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ