Potassium ပိုတက်ဆီယမ်ဓါတ်ဆား
၁။ Potassium ကျလျင် လဲ Arrhythmia ဖြစ်တတ် ပါတယ် ကိုယ်တွေ့ပါ
၂။ ဆရာခင်ဗျား ကျေးလက်နေသူတွေကြားမှာ Potassium ဓါတ်တွေလျော့နည်းလာပြီး၊ ညောင်းညာကိုင်ခဲခြင်း၊ ခြေလက်တွေ မသယ်နိုင်ခြင်း၊ ခေါင်းကိုလည်းမထိမ်းနိုင်တော့၍ အောက်သို့စိုက်ကြ (စိုက်ကျ) နေခြင်း၊ ဆီးတအားများလာခြင်းကို တော်တော်များတွေ့လာရပါတယ်ဆရာ။ Potassium ရောဂါအကြောင်းသိပါရစေချင်ဗျား။
၃။ potassium ကျရင် ဘာလက္ခဏာ ပြလဲရှင့် (ဆရာဝန်ကို မေးတာ မဟုတ်။ ဖေ့စ်ဘွတ်ကိုသာ မေးတာ။)
၄။ ဆရာရှင့် potassium ဓာတ်ကျတယ်ဆိုပြီး kcl ဆေးတွေ သွင်းရင်းpotassium ဓာတ် ၁ ယူနစ်လွန်သွားပါတယ်
၅။ ဆရာခင်ဗျား ကျေးလက်နေသူတွေကြားမှာ Potassium ဓါတ်တွေလျော့နည်းလာပြီး၊ ညောင်းညာကိုင်ခဲခြင်း၊ ခြေလက်တွေ မသယ်နိုင်ခြင်း၊ ခေါင်းကိုလည်းမထိမ်းနိုင်တော့၍ အောက်သို့စိုက်ကြ (စိုက်ကျ) နေခြင်း၊ ဆီးတအားများလာခြင်းကို တော်တော်များတွေ့လာရပါတယ်ဆရာ။ Potassium ရောဂါအကြောင်းသိပါရစေချင်ဗျား။
sodium ဆိုဒီယမ် (ဆား) များခြင်းနဲ့ potassium ပိုတက်ဆီယမ်ဓါတ်ဆားနည်းခြင်းတွေက သွေးတိုးကိုဆိုးစေတယ်။
ပိုတက်ဆီယမ်နည်းတာကို Hypokalemia လို့ခေါ်တယ်။ ဖြစ်စေတဲ့အကြောင်းတွေကများတယ်။ နာတာရှည် ကျောက်ကပ်ရောဂါ။ Diabetic ketoacidosis ဆီးချို။ ဝမ်းလျှော။ အန်။ အရက်များ။ ဝမ်းနုပ်ဆေးများ။ ချွေးထွက်များ။ ဖေါလစ်အက်စစ်နည်း။ Diuretics ဆီးသွားဆေး။ Primary aldosteronism ရောဂါ။
ပိုတက်ဆီယမ်နည်းနေရင် အစာခြေလမ်း၊ ကျောက်ကပ်၊ ကြွက်သား။ နှလုံးနဲ့ အာရုံကြောတွေကိုထိခိုက်တယ်။ ဒါတွေ ခံစားရမယ်။ အားယုတ်နေမယ်။ မေပန်းနေမယ်။ ကြွက်တက်မယ်။ ကြွက်သားတွေနာမယ်။ ထုံကျဉ်မယ်။ ပျို့အန်မယ်။ ဗိုက်နာမယ်။ လေပွမယ်။ ဝမ်းချုပ်မယ်။ ရင်တုန်မယ်။ ဆီးများမယ်။ ရေငတ်မယ်။ သွေးဖိအားကျရာကနေ မူးမေ့ချင်ဖြစ်မယ်။ စိတ်ဓါတ်ကျမယ်။ စိတ်ရောဂါရမယ်။ ကယောက်ခြောက်ခြားဖြစ်မယ်။ စိတ်ရှုတ်ထွေးမယ်။ သူများ မမြင်မကြားတာတွေ မြင်ကြားနေမယ်။
သွေးထဲမှာ ပုံမှန် 3.6 to 5.2 mmol/L ရှိတယ်။ 2.5 mmol/L ထက်နည်းရင် အခြေအနေမကောင်းပါ။ 2.5-3.5 mmol/L အထိရှိသူတွေက သိပ်မဆိုးသေးလို့ မခံစားရသလိုနေနိုင်တယ်။ 2.5 mmol/L အောက်နည်းရင်တော့ cardiac arrhythmias နှလုံးခုန်မမှန်တာဖြစ်လာမယ်။ IV potassium သွေးကြောထဲသွင်းပေးရမယ်။ သွေးတိုးကျဆေး ACE inhibitors ပေးသူတွေကို ပိုဆက်ဆီယမ်မနည်းအောင်လုပ်တဲ့အခါ များသွားမှာကို သတိထားရတယ်။
ပိုတက်ဆီယမ် လိုအပ်ချက်
• ကလေး 0-6 months = 400 mg/day
• ကလေး 7-12 months = 700 mg/day
• ကလေး 1-3 years = 3,000 mg/day
• ကလေး 4-8 years = 3,800 mg/day
• ကလေး 9-13 years = 4,500 mg/day
• ကလေး 14 years and up = 4,700 mg/day
• လူကြီး 18 years and up = 4,700 mg/day
• ကိုယ်ဝန်ဆောင် = 4,700 mg/day
• နို့တိုက်မိခင် = 5,100 mg/day
Potassium Gluconate, Potassium Citrimax, Potassium Chelate, Potassium Acetate တွေကို နာမည်အမျိုးမျိုးနဲ့ ရောင်းတယ်။ Effer-K, Glu-K, KCare ET, K-Lyte, K-Lyte Cl, K-Tab, Potassimin, Tri-K, Urocit-K 10, K-10 Solution, Kaochlor 10, Kaochlor 20, Kaon, K-Lor, K-LyteCi, Potassium Chloride, Potassium-Rougier, Roychlor
ပိုတက်ဆီယမ်ဆေးက ဆေးပုံစံအမျိုးမျိုးနဲ့လာတယ်။ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ဆေးမှုံ့။ ကလေးတွေနဲ့ အသက်ကြီးသူတွေကိုပေးရင် အထူးသတိထားရမယ်။ ကိုယ်ဝန်ဆောင်ကိုပေးတာမှာ ကလေးကိုထိခိုက်တာမရှိပါ။ ပိုတက်ဆီယမ်ဆေးနဲ့ ဆီးချိုဆေးတချို့၊ သွေးကျဆေးတချို့၊ နှလုံးရောဂါဆေးတချို့နဲ့ တွဲမသောက်သင့်ပါ။ ကျောက်ကပ်ရောဂါ၊ ဆီးချို၊ နှလုံးရောဂါ၊ အစာအိမ်နာရှိသူတွေ မသင့်ပါ။
ပိုတက်ဆီယမ်ဆေး ဘေးထွက်ဆိုးကျိုးများ = ဝမ်းပျက်၊ ပျို့၊ အန်၊ ဗိုက်အောင့်၊ လေထ။ စိတ်ရှုတ်ထွေး၊ နှလုံးခုန်မမှန်၊ ခြေလက်ထုံကျင်၊ စိုးရိမ်စိတ်ဖြစ်၊ မောပန်း၊
ပိုတက်ဆီယမ်ကြွယ်ဝသည့်အစာများ = လိမ်မော်သီး၊ သရက်သီး၊ ဟင်းနုနွယ်ရွက်၊ ခရမ်းချဉ်းသီး၊ စထောဘယ်ရီ၊ မက်မွန်းသီး၊ ဆလတ်ရွက်၊ ငှက်ပျောသီး၊ ထောပတ်သီး၊ အစေ့အဆံများ၊ ဟင်းသီးဟင်းရွက်စိမ်းများ၊ နွားနို့၊ အာလူး။
Hyperkalemia ပိုတက်ဆီယမ်များရင် ကြွက်သားပင်ပန်းခြင်း။ အားနည်းခြင်း။ လေဖြတ်ခြင်း။ နှလုံးခုန်မမှန်ခြင်း။ ပျို့ခြင်းတွေဖြစ်မယ်။
Hyperkalemia ပိုတက်ဆီယမ်များရင် https://dr-tint-swe.blogspot.com/2022/07/hyperkalemia.html
Hypokalemia ပိုတက်ဆီယမ်နည်းခြင်း https://dr-tint-swe.blogspot.com/2021/08/hypokalemia.html
Dr. တင့်ဆွေ

Comments
Post a Comment