Sciatica (2) စိုင်ယာတီကာ အကြောနာ(၂)

မ ၅၁ နှစ်။  ဖြစ်တာ ၁ဝနှစ်။ ဆရာ့စာဖတ်မှ စိုင်ယာတစ်ကာ ဖြစ် မှန်းသိရပါတယ်။ ရာသီ ၄ လ ၁ကြိမ်။ အိမ်ထောင် အတူမနေ။


ပေါင်နောက်ကနေ အောက်ကိုတန်းပြီး နာနေတာကို စိုင်ယာတီကာခေါ်တယ်။ နာတာရှည်ခံစားရတယ်။ တကယ်တော့ ဒီရောဂါဖြစ်ရင် ဖြစ်တဲ့ဘက်မှာ နာယုံသာမက၊ အားနည်းနေမယ်၊ ထုံနေမယ်၊ ကျင်နေပါအုံးမယ်။ Sciatica စိုင်ယားတစ် အာရုံကြောပေါ်မှာ ဖိအားသက်ရောက်နေတာနဲ့ သူ့ကိုထိခိုက်ဒဏ်ရာရလို့ ဖြစ်လာတာပါ။ ဒီအာရုံကြောက ခါးကနေ အရင်းခံပြီး အောက်ဆင်းတယ်။ ဘယ်တချောင်း ညာတချောင်း ရှိတယ်။ တဖက်သာဖြစ်တာကများပါတယ်။ ပေါင်နောက်ဖက်၊ ခြေသလုံးနောက်ဖက်ကနေ ခြေဖဝါးအထိနာတယ်။


ရောဂါပင်ရင်းမဟုတ်ပဲ ရောဂါလက္ခဏာသာဖြစ်တယ်။

• Slipped disk ခါးဆစ်လွှဲတာ၊

• Spinal stenosis ခါးရိုးကွင်းကျဉ်းတာ၊

• Piriformis syndrome တင်ပါးဆုံရိုးကွင်းကျဉ်းတာ

• Pelvic injury or fracture တင်ပါးဆုံရိုးကွင်း ထိခိုက်ဒဏ်ရာရတာနဲ့

• Tumors အကျိတ် (ကင်ဆာ) တွေကနေဖြစ်နိုင်တယ်။


ထုံကျင်နေတယ်။ ကိုက်ခဲသလိုနေမယ်။ ပူလောင်သလိုနေမယ်။ ဆိုးရင် အနေအထိုင် အလုပ်ပျက်အောင်နာမယ်။ လှုတ်မရအောင်အထိဆိုးတတ်သေးတယ်။ ချောင်းဆိုး-နှာခြေရင်ပိုနာတယ်။ အိပ်ယာထဖြစ်ဖြစ် မနက်ထဖြစ်ဖြစ်နာမယ်။ ဒူးကွေးရင် ပေါ်လာတတ်တယ်။ ရှေ့ကုန်းရင်ဆိုးတယ်။ နောက်လှန်ရင်ဆိုးတယ်။ ကြွက်သားတုန့်ပြန်မှုအားနည်းနေမယ်။ ထုံပြီး နာမှန်း ပူမှန်းမသိဖြစ်မယ်။ ထိုင်နေရာကနေ ခြေထောက်ကို ဆန့်တန်းလိုက်ရင်နာမယ်။


• X-rays ဓါတ်မှန်

• CT scan, MRI scan ရိုက်ပြီးစစ်ဆေးရတယ်။


ကုသရာမှာ ဘာလို့ဖြစ်နေသလဲဆိုတာကိုကုရမယ်။

• တချို့မှာ အလိုလိုသက်သာလာမယ်။

• ရေခဲကို ၄၈-၇၂ နာရီကြာကပ်ပြီး၊ အပူကပ်ပါ။

• Ibuprofen (Advil, Motrin IB) or Acetaminophen (Paracetamol/Tylenol) ဆေးတွေသောက်နိုင်တယ်။

• နားနေပေမဲ့ သက်သာမယ်။ လူတိုင်းကိုတော့ အနားမခိုင်းပါ။ တိုးနေချိန်မှာ အလုပ်လျှော့လုပ်ပြီး တဖြေးဖြေးချင်း တိုးလုပ်ပါ။

• ဖြစ်နေချိန်မှာ အလေးအပင်မတာ၊ ခါးကိုလိမ်ကောက်တာဆင်ခြင်ပါ။ ၆ ပါတ်ကြာ။

• လေ့ကျင့်ခန်းလုပ်ပေးပါ။

• မရသေးရင် ရောင်နေတဲ့နေရာမှာ ဆေးထိုးနိုင်တယ်။

• ကြွက်သားပြေလျှော့ဆေး တချိုကိုပေးတယ်။

• Lumbar disc herniation ခါးရိုးဆစ်လွှဲတာကို ခွဲစိတ်ပြုပြင်ဘို့ တချို့မှာလိုတယ်။


ဒေါက်တာတင့်ဆွေ


Comments

  1. လေ့ကျင့်ခန်းက ဘယ်လိုလုပ်ရမလဲရှင့်

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ