Calcium ကယ်လ်စီယမ်

၁။ Biocium အားဆေးက အမြဲတမ်း သောက်လို့ ကောင်းလားဆရာ အသက် ၂၆ အရပ် ၅ပေ ၅ အလေးချိန် ၁၆၅ပေါင် လူလွတ်ပါ ဆရာ

Biocium = ကယ်လ်စီယမ်

၂။ ကျမ ကလေးတွေ ဒီဆေးသောက်နေတာကောင်းလား။ ဆေးဆိုင်ကရောင်းတာ အသက် ၁ နှစ် ၉ လ ကလေး တိုက်နေတာ နားမလည်လို့ တိုင်ပင်တာပါဆရာ။

၃။ ကယ်လ်စီယမ်ဓာတ်များရင် ကျောက်ကပ်ထိတယ်ဆိုတာ ဟုတ်ပါသလား။ လွန်ခဲ့တဲ့ သုံးလေးလလောက်က allergic ဖြစ်လို့ ဆေးခန်းသွားပြတော့ သမီးကို စီထရင်းလိုဆေးမျိုးနဲ့ Calcium J သောက်ခိုင်းပါတယ်။ ဆေးဆိုင်က Calcium 500 နဲ့အတူတူပဲဆိုပြီး ရောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ညွှန်တဲ့ Calcium J ကိုပဲ ဝယ်သောက်တယ်။ တော်ကြာ Calcium က လိုအပ်တာထက် များသွားမှာ စိုးလို့ပါ။

Hypercalcemia သွေးထဲမှာ ကယ်လ်စီယမ်များနေခြင်း အကြောင်းတရား ၇ ပါးရှိတယ်။

၁။ Hyperparathyroidism ပါရာသိုင်းရွိုက်ဟော်မုန်းများနေခြင်း၊

၂။ ကင်ဆာ ဝ့ဝ၁% ရှိတယ်။ မာလ်တီပယ်မိုင်လိုးမား၊ အဆုပ်ကင်ဆာတမျိုး၊ ရင်သားကင်ဆာ နောက်ပိုင်း၊ ကျောက်ကပ်ကင်ဆာ နောက်ပိုင်း၊ ဦးခေါင်း၊ လည်ပင်း ကင်ဆာ နောက်ပိုင်း။

၃။ Sarcoidosis ဆာကွိုက်ဒိုးဆစ်ရောဂါ

၄။ ဗီတာမင် (ဒီ) ဆေေးသောက်တာ များသွားခြင်း၊

၅။ Hydrochlorothyazide ဆီးအတင်းသွားစေတဲ့ဆေး၊

၆။ Milk-Alkali Syndrome ရောဂါ၊

၇။ Paget's disease of the Bone အရိုးရောဂါ၊

ဒါကြောင့် ဆေးသောက်လို့ ရောဂါရတဲ့အထိမဖြစ်ကြပါ။ ကျောက်ကပ်မှာ ရောဂါရှိမှသာ များနေမယ်။

Hypocalcemia ကယ်လ်စီယမ်နည်းနေခြင်း

သွေးစစ်တဲ့အဖြေမှာ 2.1 mmol/L or 9 mg/dl or an ionized calcium 1.1 mmol/L or 4.5 mg/dL ထက်နည်းတာကို ခေါ်တယ်။

ဘာတွေခံစားရမလဲ -

CATS go numb ဆိုပြီး အမှတ်ရလွယ်အောင် လုပ်ထားတာရှိတယ်။ Convulsions, Arrhythmias, Tetany and numbness တက်မယ်၊ နှလုံးခုန်တာ မမှန်ဖြစ်မယ်။ လက်၊ ခြေ နဲ့ ပါးစပ်နားတဝှိုက် ထုံနေမယ်။ ဒါ့ပြင် Petechiae သွေးခြည်ဥလေးတွေထွက်မယ်။ Tetany ကြွက်တက်တာမှာ ၂ မျိုးရှိတယ်။ ချက်ချင်းကြီး အရမ်းနာပြီးတက်တာနဲ့ စမ်းကြည့့်မှ တက်တာ။ ဆရာဝန်တွေက Trousseau sign, Chvostek's sign ဆိုတဲ့နည်းတွေနဲ့လဲစမ်းကြည့်မယ်။ Laryngospasm နဲ့ Cardiac arrhythmias တွေကတော့ အသက်ကိုရန်ရှာနိုင်တဲ့ နောက်ဆက်တွဲဖြစ်မှာတွေဘဲ။ ECG ရိုက်ရင် မူမမှန်တာတွေတွေ့မယ်။

နည်းနေသူတွေမှာ ဒီလို အန္တရာယ်ရှိလာမှာကို သတိထားရမယ်။ သွေးယိုမယ်၊ မူးမေ့ချင်မယ်၊ အထဲသွေးယိုလို့ ဖေါင်းနေတာ ဖြစ်မယ်၊ ရောဂါပိုးဝင်လွယ်မယ်၊ သွေးခြည်ဥပေါ်မယ်။

အရေးပေါ်ဖြစ်ရင် Calcium gluconate 10% ၂ လုံးကို တခါတည်း ဖြေဖြေး ၁ဝ မိနစ်ကြာ သွေးပြန်ကြောထဲ ထိုးပေးရတယ်။ ဒါပေမဲ့ နည်းနေတာက နာတာရှည်ဖြစ်ပြီး ဆိုးဝါးနေသူကို အဲလို မပေးရဘူး။

ကယ်လ်စီယမ် ဘယ်လောက်လိုသလဲ။ အသက်။ ကျား-မ အလိုက်လိုအပ်တယ်။

ယောက်ျား (လူကြီး) တနေ့

19-50 years 1,000 - 2,500 mg

51-70 years 1,000 - 2,000 mg

71 and older 1,200 - 2,000 mg

မိန်းမ (လူကြီး) တနေ့

19-50 years 1,000 - 2,500 mg

51 and older 1,200 - 2,000 mg

ကယ်လ်စီယမ်စုပ်ယူဘို့ ဗီတာမင် (ဒီ) လိုအပ်တယ်။ ဒါကြောင့် တွဲပေးလေ့ရှိတယ်။ လူကြီးတိုင်း တနေ့မှာ Vitamin D 600 IU (15 micrograms) လိုအပ်တယ်။

နွားနို့၊ ဒိန်၊ ဒိန်ခဲ၊ အစိမ်းရောင်ရှိ အရွက်ဖါးဖါး အသီးအရွက်များ၊ အရိုးပါစားလို့ရတဲ့ငါးများ၊ ကယ်လ်စီယမ် ဖြည့်စွက်ပေးထားတဲ့ အစားအသောက်တွေမှာ ကယ်လ်စီယမ်ပါတယ်။

သက်သတ်လွတ်စားသူ၊ lactose intolerance ရောဂါရှိသူ၊ ပရိုတင်းအစာများလွန်သူ၊ ဆာစားများလွန်းသူ၊ Osteoporosis အရိုးမကောင်းသူ၊ Corticosteroids ဆေးကြာကြာသုံးနေရသူတွေမှာ အစားအသောက်ဂရုစိုက်ယုံနဲ့ မလုံလောက်ပါ။

ဘယ်လိုဆေးသောက်မလဲ

• Calcium carbonate (40 % elemental calcium)

• Calcium citrate (21 % elemental calcium)

• Calcium gluconate (9 % elemental calcium)

• Calcium lactate (13 % elemental calcium)

Calcium carbonate, Calcium citrate, Calcium gluconate နဲ့ Calcium lactate ဆိုပြီး ၄ မျိုးရှိတယ်။ Calcium carbonate က စျေးချိုတယ်။ တခြား ဗီတာမင်တွေနဲ့ ရောထားတာတွေလဲရှိသေးတယ်။ များသွားလို့ မကောင်းတာလဲ သတိထားပါ။

အမျိုးသမီး နဲ့ ကယ်လ်စီယမ်

အမျိုးသမီးတိုင်း တနေ့မှာ 1000 mg လိုတယ်။ အသက် ၅ဝ ကျော်ရင် နည်းနည်းပိုလိုတယ်။ 1200 to 1,500 mg per day သောက်ပါ။ နို့တိုက်မိခင်တွေ 1,000 mg to 1,300 mg per day သောက်ပါ။ သတိထားဘို့က စားသောက်တာထဲမှာ ပါတာကိုလဲ ထည့်တွက်ရမယ်။

1. Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း 

2. Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ် 

3. Lumbar spondylosis ခါးရိုးကျီးပေါင်းတက်ခြင်း 

4. Osteoarthritis အရိုး-အဆစ်နာရောဂါ 

5. Osteophytosis အရိုးရောဂါတမျိုး 

6. Osteoporosis အရိုးပွရောဂါ 

7. Vitamin D ဗီတာမင် (ဒီ) 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ