Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး
• Cervarix (HPV vaccine) ဆိုတာ Cervical cancer သားအိမ်ဝ (ခေါင်း) ကင်ဆာဖြစ်စေနိုင်တဲ့ Human papilloma virus (HPV) ဗိုင်းရပ်စ်ကို ကာကွယ်တဲ့ ထိုးဆေးဖြစ်တယ်။ ဒီပိုးက လိင်ကတဆင့်ကူးစက်တယ်။
• Genital warts လိက်လမ်းကြွက်နို့၊ Pre-cancerous abnormalities of cells in cervix or vulva အမျိုးသမီးတွေရဲ့ သားအိမ်ဝနဲ့ လိင်အင်္ဂါမှာ ကင်ဆာလိုအပြောင်းအလဲတွေအပြင် သားအိမ်ဝကင်ဆာကို ဆက်ဖြစ်လာစေနိုင်တယ်။
• Cervarix ထဲမှာ HPV types 16 နဲ့ 18 ဗိုင်းရပ်စ်အမျိုးအစာ (၂) ခုကို အားနည်းသွားစေအောင် လုပ်ထားတာကို သုံးတယ်။ ဒီ ၂ မျိုးကနေ ရဝ% သော သားအိမ်အဝကင်ဆာကို ဖြစ်စေနိုင်တယ်။ တခြားကင်ဆာဖြစ်စေနိုင်တဲ့ HPV types 31, 33 နဲ့ 45 တွေကိုလဲ ကာကွယ်မှုပေးတာကို တွေ့ရသေးပါတယ်။
• အခုအထိတော့ ကာလဘယ်လောက်ကြာကြာ ကာကွယ်မလဲဆိုတာ မပြောနိုင်သေးပါ။ သုတေသနတွေအရ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိ မိန်းကလေး-အမျိုးသမီးတွေကို ပဌမတကြိမ် ထိုးလိုက်ရင် ၆့၄ နှစ်အထထိ ကာကွယ်နိုင်တာကို သိရပြီ။ ဒိနောက်မှာ ထပ်ထိုးဘို့ လို-မလို မပြောနိုင်သေးပါ့
• တချို့ဆရာဝန်တွေက အသက် ၁၅ ကနေ ၂၅ နှစ်၊ တချု့က ၉ နှစ်ကနေစပြီး ထိုးစေတယ်။
• အသားထဲထိုးရတဲ့ ထိုးဆေးဖြစ်တယ်။ (၃) ကြိမ်ထိုးရမယ်။ ဝ-၁-၆ ပုံသေနည်းသုံးတယ်။ ပဌမဆေးထိုးပြီး နောက် ၁ လမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၆ လအပြည့်မှာထိုးရမယ်။
• အဲဒီနည်းအတိုင်း ဆေးထိုးဘို့ အဆင်မပြေရင် ပဌမဆေးပြီးနောက် ၂ လခွဲမှာ ဒုတိယဆေးနဲ့ တတိယဆေးကို ၅ လ နဲ့ တနှစ်အတွင်းမှာ ထိုးနိုင်တယ်။
• ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်တွေမှာ ဒီကာကွယ်ဆေးထိုးလို့ရပါတယ်။ စောင့်နိုင်ရင် ပိုကောင်းပါမယ်။ ရာသီရက်ကို မမေးပါ။ ကိုယ်ဝန်တားဆေး သောက်နေသူတွေအတွက် ကိစ္စမရှိပါ။
• ဘေးထွက်-ဆိုးကျိုးတွေကတော့ သက်ရှိဗိုင်းရပ်စ်ကိုသုံးထားတာ မဟုတ်လို့ HPV ပိုးဝင်တာအတွက် စိတ်ချရတယ်။ ဆေးထိုးတဲ့နေရာမှာ နာမယ်၊ နီမယ်၊ ရောင်မယ်။ ခေါင်းကိုက်၊ ကြွက်သားနာ၊ အားယုတ်နိုင်တယ်။
• ဒီကာကွယ်ဆေးဟာ ကင်ဆာဆေး၊ စတီရွိုက်ဆေး (များရင်) နဲ့ ခုခံအားကျဆေးေGင်္သုံးနေချိန်မှာ ထိရောက်မှုနည်းမယ်။ • တခြားကာကွယ်ဆေးတွေ Diphtheria, Tetanus, Pertussis and Polio vaccines နဲ့ တရက်ထဲ ထိုးလို့ ရပါတယ်။ ဆေးထိုးတဲ့နေရာတော့ အတူမဖြစ်ရပါ။
• Gardasil က တခြား သားအိမ်ဝကင်ဆာကာကွယ်ဆေးဖြစ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment